ရန်ကုန်၊ ဇွန် ၁
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခြံရှေ့တွင် ရခိုင်လူငယ်များက ဆန္ဒ ထုတ်ဖော် မည့် သတင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင် သည် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံရှေ့၌ ဇွန်လ ၁ ရက်နေ့ က သွားရောက် စောင့်ဆိုင်းနေခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ဘင်္ဂါလီမိသားစု တစ်စုလျှင် ကလေးနှစ်ဦး သာမွေးဖွား ရန် ကန့်သတ်ချက်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယ ခုလို ခွဲခြားဆက်ဆံမှုမျိုး ထားရှိခြင်းသည် မသင့်လျော်ကြောင်း၊ ယင်းသည် လူ့အခွင့်အရေးနှင့် လည်း ကိုက်ညီမှု မရှိကြောင်း ပြောကြားခဲ့သည်။
ယင်းပြောကြားချက်အပေါ် မကျေနပ်၍ ရန်ကုန်မြို့ရှိ ရခိုင်လူငယ်များက ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ တွင် ဆန္ဒ ထုတ်ဖော်မည်ဟု ကောလာဟလသတင်း ထွက်ပေါ်လာခဲ့သည်။
ဦးဇော်အေးမောင်က ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့တွင် မီဒီယာသမား များနှင့် တွေ့ဆုံစဉ် “ကျွန်တော့် အနေနဲ့ ရခိုင်နဲ့ ပတ်သက်တဲ့ ဘုန်းကြီးပဲလာလာ၊ ရခိုင် လူငယ်ပဲလာလာ ပြန်လွှတ်ဖို့ လာစောင့်နေတာ။ ဒါက သူ့ အမြင်ကိုယ့် အမြင် ပြောကြတာပဲဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုအပေါ် ရခိုင်လူငယ်များက မကြိုက်နှစ်သက်ကြောင်း၊ လုံးဝ ကန့် ကွက်ကြောင်း ဖြစ်နိုင်လျှင် ဆန္ဒထုတ်ဖော်ချင်ကြောင်း၊ ဘင်္ဂါလီများ အဆိုပါ မွေးဖွားနှုန်းတိုင်း မွေးဖွားပါက ဆယ်စုနှစ် တစ်စုကြာလျှင် ရခိုင်ပြည်နယ်သည် ဘင်္ဂါလီပြည်နယ် ဖြစ်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ခြံရှေ့ ရောက်ရှိနေသော ရခိုင်လူငယ် တစ်ဦးဖြစ်သည့် ကိုစစ်ငြိမ်းကဆိုသည်။
The Voice Weekly
Sunday, June 02, 2013
ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့ ရခိုင်ဝန်ကြီး သွားစောင့်
Posted by drmyochit
Sunday, June 02, 2013, under ပြည်တွင်းသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment