ညချမ်း တစ်ခုမှာ အရှက်ကြီးတတ်သူ ကောင်လေး တစ်ယောက်ဟာ လူစည်ကားတဲ့ လမ်းဆုံ လဖက်ရည်ဆိုင် တစ်ဆိုင်မှာ အေးအေးလူလူ သီချင်းလေး နားထောင်ရင်း လဖက်ရည် သောက်နေတုန်း ကျောင်းသူ အရွယ် ကောင်မလေး ချောချောလေး တစ်ယောက် တစ်ယောက်တည်း လာထိုင်နေတာကို တွေ့လိုက် ရတယ်။ လွန်းပျံခေတ်ဆိုတော့ မြင်မြင်ချင်းပဲ ကောင်လေးက ကျောင်းသူ ကောင်းမလေးကို ချစ်မိ သွားပေမယ့် ရှတ်တတ်သူ ပီပီ စကားသွားပြောဖို့ရာ သတ္တိမရှိတာမို့တစ်နာရီ လောက်ကြာအောင် သတ္တိကို မွေးယူခဲ့တယ်။
နောက်ဆုံးအရဲစွန့်ပြီး ကျောင်းသူလေးနားကို မယောင်မလည်တိုးကပ်ပြီး .. ..
ကျွန်တော် ညီမလေးအတွက် သောက်စရာ တစ်ခုခုများ မှာပေးလို့ ရမလား သိပါရစေ လို့ မေးလိုက်ပါတယ်။
အဲဒီအခါမှာကျောင်းသူ ကောင်မလေးက အသံစွာကျယ်ကျယ်နဲ့ လူတွေအားလုံး ကြားလောက်အောင် .. ..
ရှင်နဲ့ ကျွန်မ လိုက်မအိပ်နိုင်ဘူး လို့ အဓိပ္ပာယ်မဲ့ ပြန်ပြောလိုက်တာကြောင့် လဖက်ရည်ဆိုင်ထဲမှာ ရှိတဲ့သူတွေအားလုံး သူတို့ နှစ်ယောက်ကို လှည့်ကြည့် ကြပေမယ့် နားလည်ပေးကြပါတယ်။ အထင်နဲ့ လက်တွေ့အဖြစ်အပျက်ကွာခြား လွန်းတာမို့ ရှက်တတ်တဲ့ ကောင်လေးခမျာ မျက်နှာနီရဲသွားပြီး ကျောင်းသူ ကောင်မလေးကို တောင်းပန်ကာသူ့နေရာမှာ ပြန်သွားထိုင်ပြီး စိတ်ဖြေနေပါတယ်။ ခဏအကြာမှာ အဲဒီ ကျောင်းသူလေးက ကောင်လေးရှိရာကို ခပ်ပြုံးပြုံးလေး လျှောက်လာပြီး .. ..
ကျွန်မ စိတ်မကောင်းပါဘူးရှင်။ ကျွန်မ အပြုအမူကြောင့် ရှင် တော်တော်ရှက်သွားတယ် ထင်တယ်။ ကွန်မကစိတ်ပညာနဲ့ ဘွဲ့ယူစာတမ်း ပြုစုနေတဲ့ တက္ကသိုလ် ကျောင်းသူ တစ်ဦးပါ။ ဒီလို အခြေအနေမျိုးမှာ ပတ်ဝန်းကျင်ကဘယ်လို တုံ့ပြန်မယ်မလဲ ဆိုတာကို လေ့ကျင့်ချင်တာ တစ်ခုတည်းနဲ့ ကျွန်မဒီလို လုပ်မိတာပါ လို့ ပြောပြီးတောင်းပန်ပါ သတဲ့။ အဲဒီအခါမှာ ရှက်တတ်တဲ့ ကောင်လေးက အသံကုန်ပြန်ပြီး အော်လိုက် တာကတော့
ဟေ့ မင်းက ငွေ ငါးထောင်မှ မတန်တာ။ မပေးနိုင်ဘူး ဆိုပြီး ချာကနဲ လှည့်ထွက် သွားလေရဲ့ .. .. .. ။
0 comments:
Post a Comment