Thursday, June 20, 2013

ရည်းစားဟောင်းက ချစ်သူနဲ့ အ၀တ်အစား မပါသည့် အနမ်းဖလှယ်နေသော ဗီဒီယိုကို အွန်လိုင်းတွင် တင်ခဲ့သူ ထောင်ငါးလကျ

Posted by drmyochit Thursday, June 20, 2013, under | No comments



ဝမ်ကန်ဝေဟု အမည်ရ အသက် ၃၉ နှစ်အရွယ် စကာင်္ပူနိုင်ငံသား မန်နေဂျာတစ်ဦးသည် ရည်းစားဟောင်း ဖြစ်သူ၏ အ၀တ်အစားမဲ့ ကိုယ်ခန္ဓာကို ခိုးယူ ရိုက်ကူးကာ အွန်လိုင်းပေါ် တင်ခဲ့သဖြင့် ထောင်ဒဏ် ငါးလ ကျခံ ခဲ့ရကြောင်း သိရသည်။

ကန်ဝေသည် ရည်းစားဟောင်းဖြစ်သူ၏ အိမ်ကို ခိုးဝင်ခဲ့ပြီး အိပ်ရာအနီး၌ ဗီဒီယို ကင်မရာ အသေးစားတစ်ခုကို ၀ှက်၍ ထားခဲ့ကာ နောက်တစ်ရက်၌ ကင်မရာကို ပြန်ယူရန် အိမ်ထဲသို့ ထပ်မံ ခိုးဝင် ခဲ့သည်။ ထို့နောက် ရိုက်ကူးထားသော ဗီဒီယိုအတွင်း သူ၏ ရည်းစားဟောင်း အမျိုးသမီးနှင့် သူမ လက်ရှိတွဲနေသော အမျိုးသားတို့ အနမ်းဖလှယ်နေကြသည်ကို ကြည့်ရှုခဲ့ရ သဖြင့် ကြေကွဲ ၀မ်းနည်းခဲ့ရပြီး ဗီဒီယိုထဲက အမျိုးသား၏ အမည်သုံးကာ အွန်လိုင်း ၀က်ဘ်ဆိုက်တစ်ခုတွင် အဆိုပါ ဗီဒီယိုကို လွှင့်တင်ခဲ့သည်။

ဝမ်ကန်ဝေသည် အဆိုပါ ဗီဒီယိုကို အွန်လိုင်းမှသာ ရှာဖွေတွေ့ရှိဟန်ဖြင့် ရည်စားဟောင်း ဖြစ်သူထံ အကြောင်းကြားခဲ့ပြီး ရည်းစားဟောင်း ဖြစ်သူအား အဆိုပါ ရိုက်ကူးထားသော ကင်မရာကို ကူညီ ရှာဖွေပေးလိုကြောင်း လိမ်ညာ၍ပင် ပြောခဲ့သေးသည်။ ရဲများက အမှုကို စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ခဲ့၍ ၀မ်ကန်ဝေကို ဖမ်းဆီး နိုင်ခဲ့ပြီး အဆိုပါ ဗီဒီယိုကို အွန်လိုင်းတွင် တင်ခဲ့သည့်အတွက် ထောင်ငါးလ ကျခံရမည်ဖြစ်ပြီး အမျိုးသမီးဂုဏ် သိက္ခာကို ညှိုးနွမ်းစေသည့် ဗီဒီယိုကို ခိုးယူ ရိုက်ကူးမှုအတွက် ထောင်ဒဏ် တစ်နှစ် ကျခံရမည်ဖြစ်ကာ အိမ်ဖောက်ထွင်းမှု အတွက် ထောင်ဒဏ် သုံးနှစ်နှင့် ငွေဒဏ် အသီသီး ကျခံသွားရမည် ဖြစ်ကြောင်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်။



CAN, 19.6.13



ပြည်မြန်မာ သတင်းစာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်