Wednesday, July 31, 2013

ဂျာမနီဘားတစ်ခုတွင် အရက်စပ်ဆရာ စက်ရုပ်ထားရှိ

Posted by drmyochit Wednesday, July 31, 2013, under | No comments



အရက်ဘားရှေ့တွင် ထိုင်နေသည့် အရက်သောက်မည့်သူ ၉ဦးအား အဆင်ပြေစွာ အရက်စပ် ပေးနိုင်သည့် စက်ရုပ်ကို ဂျာမနီနိုင်ငံ အရှေ့ပိုင်းရှိ အီမီနူမြို့တွင် အသုံးပြုထားကြောင်း သိရသည်။ အဆိုပါ စက်ရုပ်သည် အရက် သောက်ရန် ရောက်ရှိလာသော သူများ၏ မှာယူ မှုကို အဆင်ပြေစေရန် ဖျော်စပ် နိုင်စွမ်း ရှိပြီး စက်ရုပ်၏ အမည်မှာ ကားလ် ဖြစ်သည်။

၎င်းစက်ရုပ်ကို ဂျာမန် နည်းပညာ အဖွဲ့ အစည်း တစ်ခုဖြစ်သည့် ကူကာမှ ဖန်တီးသော စက်ရုပ် အစိတ် အပိုင်း များဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်ပြီး တာဝန်ယူ တည်ဆောက်သည့် အဖွဲ့အစည်းမှာ စက်ရုပ် ထုတ်လုပ် မှု နယ်ပယ်တွင် ၂၃ နှစ် သက်တမ်း ရှိပြီ ဖြစ်သည့် စက်မှု အီလက်ထရောနစ် အင်ဂျင်နီယာ ဘန်စချီဖာ ဦးဆောင်သော အင်ဂျင်နီယာ အဖွဲ့ ဖြစ်သည်။

စက်ရုပ်သည် အရက်သောက်ရန် ရောက်ရှိလာသည့် လူများနှင့်လည်း စကား အနည်းငယ် ပြောဆိုနိုင်စွမ်းရှိပြီး ထိုသို့ ပြောဆိုနိုင်ရန်အတွက် မှတ်ဥာဏ် ထည့်သွင်း ပေးထားသည်။ အရက် မှာရာတွင် အဆင်ပြေ စေရန် အတွက် ထိုသို့ စကားပြော စွမ်းရည် ထည့်သွင်း ပေးထား သော်လည်း စကားများများ ပြောကြသည့် သူများ အတွက် ၎င်းင်းတို့၏ စကားသံ များကို စက်ရုပ်က မှတ်မိ နိုင်မည် မဟုတ်ကြောင်း သိရသည်။

Ref: Direct Marketing News
From: Myanmar ICT

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်