Wednesday, July 31, 2013

မကွေးနည်းပညာတက္ကသိုလ် ကထိကလေးဦးက ရွာသားငါးဦးကို အမှုဖွင့်

Posted by drmyochit Wednesday, July 31, 2013, under | No comments


မကွေးမြို့နည်းပညာတက္ကသိုလ်မှ ကထိကလေးဦးက ရွာသားငါးဦးသည် ၎င်းတို့ကို ဆဲရေးတိုင်းထွာပြီး ထိုးကြိတ် သည်ဟု စွပ်စွဲကာမကွေးနယ်မြေ ရဲစခန်း၌ ဇူလိုင် ၂၈ ရက် နေ့လည်က လာရောက် တိုင်ကြား သဖြင့် အမှုဖွင့်ထားသည်ဟု ထိုရဲစခန်းက သတင်းထုတ်ပြန်သည်။

ယခုကိစ္စကို တိုင်ကြားသည့် ကထိကလေးဦးမှာ ဦးအောင်ကိုကိုကျော်၊ ဦးဟန်ထွန်းအောင်၊ ဦးအောင် ဇင်မြင့်နှင့် အးငြိမ်းအောင်တို့ဖြစ်သည်ဟု ရဲစခန်းကအတည်ပြုထားသည်။

ကထိကလေးဦးသည် ဇူလိုင် ၁၆ ရက်က ဂိမ်းဆိုင်မှ နည်းပညာတက္ကသိုလ်သို့ ပြန်လာကြစဉ် ဘော်ဒါဆောင် တစ်ခု အနီးအရောက်တွင် လမ်းမပေါ်တွင် ဂစ်တာနှင့် ဘီယာပုလင်းများကို ဆောင် လာကြသော ကျောင်းအနီးရှိ ကန်ပြားအရှေ့ရွာမှ ရွာသားငါးဦးနှင့် ဆုံခဲ့ကြသည်ဟု ဆိုသည်။

ထိုသို့တွေ့ဆုံစဉ် ရွာသားများက ကထိကများကို “What is your name”ဟု အော်ဟစ်မေးမြန်းကြောင်း၊ ထို့ကြောင် ကထိကများက “မင်းတို့ ကျောင်းသားတွေလား” ဟု ပြန်မေးမိစဉ် ရွာသားများက မချေမငံ ဆဲရေး တိုင်း ထွာမှုများ ပြုလုပ်ကြောင်းကထိကများက ရဲကို ထွက်ဆိုသည်။

ထို့နောက် ကထိကများကကျောင်းသို့ ပြန်လာစဉ် တက္ကသိုလ်အ၀အထိ ရွာသားများကနောက်မှ လိုက် လာပြီး ဆဲရေးတိုင်းထွာကာ ကထိကတစ်ဦးဖြစ်သည့် ဦးအောင်ကိုကိုကျော်၏ နောက်ကျောကို ဘီယာပု လင်းဖြင့် ပစ်ပေါက်သည်ဟုလည်း ကာယကံရှင်က ရဲကိုတိုင်တန်းထားသည်။

မကွေးနယ်မြေ ရဲစခန်းကလည်း ကထိကများ၏ တိုင်ကြားမှုကို အမှုအမှတ်(ပ)၁၄၂/ ၂၀၁၃ ဖြင့် အမှုဖွင့် ထားပြီး စွပ်စွဲခံရသည့် ရွာသားငါးဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၄ ပြစ်မှုကျူးလွန်ရန် အားပေး ကူညီမှု၊ ပုဒ်မ ၂၉၄ ဆဲရေးမှု၊ ပုဒ်မ ၃၂၃ နာကျင်စေမှု၊ ပုဒ်မ ၅၀၆ ရာဇ၀တ် မကင်းသောချောက်လှန့်မှုတို့ဖြင့် တရားစွဲ ဆိုရန် ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်သည်။

Source : Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်