Tuesday, July 30, 2013

တနေရာ တထိုင်တည်း ကြာကြာ ထိုင်နေရင် ကျန်းမာရေး ထိခိုက်နိုင်

Posted by drmyochit Tuesday, July 30, 2013, under | No comments



တစ်ခါထိုင်ရင် သုံးလေး နာရီကျော် ကြာတဲ့သူ တွေကို လေ့လာခဲ့ရာ စောစော စီးစီး သေဆုံး နိုင်ခြေ မြင့်မား နေတယ်လို့ လေ့လာမှု နှစ်ခုအရ သိရပါတယ်။

အမေရိကန် လေ့လာမှုအရ တစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့်ခန်း မလုပ်တဲ့ အမျိုးသမီးတွေ က အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၇၀ရာခိုင်နှုန်းကျော် ပိုမို မြင့်မားကြောင်း၊ အမျိုးသား တွေမှာတော့ အချိန် မတိုင်မီ စောစောသေဆုံး နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမို မြင့်မားကြောင်း လေ့လာ တွေ့ရှိရပါတယ်။ သြစတြေးလျ လေ့လာမှု အရ လူတွေက အထိုင်များလေလေ၊ ဘ၀ သက်တမ်းတိုဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်တာကိုတွေ့ရပါတယ်။

အထိုင်များသူတို့ အတွက် ဖြေရှင်းနည်း

အထိုင်များတဲ့ အလုပ်လုပ်ရသူတွေ အနေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ်တပ်ရပ် ပေးဖို့ လိုပါတယ်။ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပါ။ ဖုန်းကိုရပ်ပြီး ပြောတာ၊ လက်ကိုင်ဖုန်းကို လမ်းလျှောက်ပြီး ပြောတာမျိုး လုပ်ပါ။ လုပ်ဖော်ကိုင်ဖက် တွေနဲ့ စကားပြောရာမှာ အီးမေး၊ ချက်တင်တွေနဲ့ ပြောမယ့်အစား သူတို့ဆီကို သွားရောက်ပြီး ပြောပါ။ နာရီများစွာ ကြာကြာ ထိုင်ပြီး အလုပ်လုပ်မယ့်အစား မကြာခဏရေသောက်လိုက်၊ အိမ်သာ သွားလိုက် (ဆီးသွားလိုက်) လုပ်ပေးပါ။

 မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်