ကချင်ပြည်နယ် အမှတ်(၂)သတ္တုတွင်းဌာနမှ အထွေထွေ မန်နေဂျာ ၏ ငွေသိန်းခြောက် ဆယ်ကျော် ပျောက်ဆုံးမှု ရှာဖွေဖမ်းဆီး ရာမှ မန်းဆေး ရုံကြီးတွင် ယခင်ကထဲက လှည့်လည်ခိုးယူ နေသော အမှုများပါ ပေါ်ပေါက်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်၂၁ရက်နေ့ ညနေပိုင်းတွင်ဦး ကချင်ပြည် နယ်၊ အမှတ်(၂) သတ္တတွင်း ဌာန သည်နေပြည်တော် အစည်းဝေးမှ မြစ်ကြီးနားသို့ ပြန်လာချိန် လမ်းခုလက်တွင် နှလုံးထိခိုက်မိပြီး မန်းလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ကြောင်း၊ ၂၃ရက်နေ့တွင်ခွဲစိတ်ကုသခဲ့ပြီးနောက် နှလုံး
သွေးကြော ပိတ် ကု သဆောင်တွင် ဆက်လက်ကုသမှုခံယူခဲ့ကာ၂၅ရက်နေ့ ညနေ ၄နာရီခန့်တွင် ဆေးရုံ ကုတင်ဘေးစားပွဲပေါ်တွင် တင်ထားသော ငွေကျပ် ၆၃သိန်းခန့်ပါ ပြင်သစ်နိုင်ငံလုပ် ELLSE အမျိုးစားလက်စွဲ အိပ်အညိုရောင်မှာ ပျောက်ဆုံးလျှက်ရှိကြောင်း တွေ့ရှိရသဖြင့် ၄င်ကိုယ်တိုင် အမှတ်(၈)ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။
စခန်းမှ (ပ) ၃၀၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀အရအမှုဖွင့်ဆောင်ရွက်ခဲ့ပြီး သံသယရှိသူအား လိုက်လံစစ် ဆေးရာသုံးနိုင်ဖြုန်းနိုင်သည့် အခြေနေ မရှိသော တရားခံဟု ယူဆရသူတစ်ဦးသည် စင်တင်ဆိုင်များနှင့် တခြားနေရာ များတွင် ငွေအများပြား သုံးစွဲနေသည်ကို တွေ့ရှိရသဖြင့် ၄င်းသံသယရှိသူအား ၄င်း၏အဒေါ်ရှိရာ ယာဉ်ပျံဘူ တာအနီးသို့ Taxi ဖြင့် ပြန်လာချိန်တွင် ဖမ်းဆီးစစ်ဆေးရာ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည် ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
တရားခံအား ဆက်လက်စစ်ဆေးရာ ယခင် ဆေးရုံကြီးတွင် ငွေများ၊ အားသွင့်ထားသည့် ဖုန်းများအား လှည့်လည် ခိုးယူနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အမှုအား အမှတ်(၈)ရဲစခန်းမှ နောက်ထပ် ခိုးယူထားသည့်အမှုများရှိမရှိ ယနေ့ ၃၀-၇-၂၀၁၃ရက်နေ့ ညနေ ၄နာရီခွဲခန့်အထိ ဆက်လက် စစ်ဆေးနေဆဲဖြစ် ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖိုးလပြည့်
Popular Myanmar News Journal
Time in Rangoon


0 comments:
Post a Comment