Sunday, July 07, 2013

ဗုဒ္ဓ ဂါယာ မဟာ ဗောဓိမှာ ပေါက်ကွဲမှုဖြစ်

Posted by drmyochit Sunday, July 07, 2013, under | No comments



အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီး တဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ နီးပါးက ဗုံး ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ခဲ့ကြောင်း အဲဒီမှာရှိတဲ့ မဇ္ဈီမ သုခ ဖောင်ဒေးရှင်း ကျောင်းတိုက်က ဆရာတော် ဦးနန္ဒဝံသက ဘီဘီစီကို ပြောပါတယ်။

အထင်ကရ စေတီတော်ကြီးဖြစ်တဲ့ မဟာ ဗောဓိကိုတော့ ထိခိုက်မှု မရှိကြောင်းနဲ့လ အသေ အပျောက် ရှိတယ်လို့ သတင်း မရကြောင်း ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။
ဒါပေမယ့် ထိခိုက်ဒဏ်ရာရသူ တချို့ ထဲမှာတော့ မြန်မာ သံဃာတော် ဦးရာသဂ္ဂ ပါဝင်ကြောင်း ဆရာတော်က ပြောပါတယ်။

ဘယ်သူ့လက်ချက်လဲ၊ ဘယ်လို ဗုံးပေါက်ကွဲမှုလဲ စတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဘီဘီစီ (မြန်မာပိုင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်