Sunday, August 18, 2013

ကျန်းမာရေးအတွက် ဆေးခြောက်မှီဝဲနေရသည့် ကလေးငယ်

Posted by drmyochit Sunday, August 18, 2013, under | No comments

 ဆေးဖြစ်ဝါးဖြစ် ဆေးခြောက်ဖြည့်တင်း ကုသမှုကြောင့် ချာလော့တီ အနေဖြင့် လအနည်းငယ်အတွင်း လမ်းပြန်လျှောက်လာနိုင်ခဲ့

မည်သည့် မိဘမျှ မိမိ၏ သားသမီးကို ဆေးခြောက်နှင့် နီးနီးစပ်စပ် ရှိစေလိုမည် မဟုတ်ချေ။ သို့သော်လည်း ချာလော့တီ ဖီဂီကို သူမ၏ ကျန်းမာရေးအတွက် မိဘများက ရည်ရွယ်ချက်ရှိရှိ ဆေးခြောက် အာနိ သင် ဖြည့်တင်းပေးနေရသည်။ ကလေးမလေးသည် Dravet Syndromeခေါ် ရှားပါးပြီး ပြင်းထန် ဆိုးရွား သည့် ဝက်ရူးပြန် အတက်ရော ဂါတစ်မျိုး ခံစားနေရသူ ဖြစ်သည်။ ချာလော့တီ၏ ဘဝ တွင် ထောင်နှင့် သောင်းနှင့်ချီသော အတက်ဝေဒနာကို အကြိမ်ကြိမ် ခံစားခဲ့ရသည်။ သူမသည် အသက် (၆)နှစ် ဝန်းကျင်အထိ လမ်းပင် မလျှောက်နိုင်အောင် ကျန်းမာရေး ဆိုးရွားခဲ့သည်။ သို့သော် လည်း ဆေး ဖြစ် ဝါးဖြစ် ဆေးခြောက်ဖြည့်တင်း ကုသမှုကြောင့် ချာလော့တီ အနေဖြင့် လအနည်းငယ် အ တွင်း လမ်းပြန်လျှောက် လာနိုင်ခဲ့သည်။ သူမ၏ အတက်ရောဂါသည် လည်း ဆေးဝါးကောင်းနှင့် တွေ့ ရှိပြီးနောက် လုံးဝ ပျောက်ကင်းလုနီးနီး ဖြစ်လာသည်။

ကလေးမလေးတွင် ရှားပါးဖြစ်ခဲလှသည့် အဆိုပါရောဂါ စွဲကပ်နေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ၎င်းတို့၏ သမီးလေးသည် အသက်ရှင်ရန် မျှော်လင့်ချက် နည်းသွားပြီဟု ဆရာဝန်များက ပေဂီဖီဂီနှင့် မတ်ဖီဂီတို့အား အသိပေးခဲ့သည်။ သနားစရာ ချာလော့တီလေးသည် သီတင်းတစ်ပတ် အတွင်းမှာပင် ရာပေါင်း အတော်များများ အကြိမ်အရေအတွက်နှင့် ဝက်ရူးပြန် အတက်ဝေဒနာကို ခံစားခဲ့ရရှာသည်။ ထိုအတောအတွင်း ဆရာဝန်များသည် ချာလော့တီကို ကုသရန် နည်းလမ်းမျိုးစုံ ရှာဖွေခဲ့ ပြီးနောက် ဆေးခြောက် အဆီဖြင့် စမ်းသပ်ကြည့်ရန် စိတ်ကူးရလာခဲ့သည်။

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုရှိ ဒန်ဗာမြို့တွင် နေထိုင်သော ပေဂီက "ကျွန်မတို့ အနေနဲ့ သမီးလေး အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ ဆရာဝန်တွေကတော့ ချာလော့တီ က သေသွားနိုင် တယ်လို့ ပဲ တောက်လျှောက် ပြောနေတယ်။ မတ်က ကျွန်မ ကို ဆေးခြောက်ကု ထုံးအကြောင်း စပြော လာတုန်း က တော်တော်လေး ခြောက်ခြားသွားမိပါတယ်။ ကျွန်မရဲ့ သမီး ကို ဆေးခြောက်နဲ့ ဘယ်လိုလုပ် နီးစပ်စေ ချင်မ လဲ။ ဒါပေမဲ့ မတ်က ကျွန်မကို သမီးလေး ကျန်းမာနိုင်မယ့် ဘယ်နည်းလမ်းကိုမဆို စမ်းကြည့် သင့်ကြောင်း ရှင်းပြတယ်။ နောက်တော့ ကျွန်မ သဘောတူလိုက်ပါတယ်"ဟု ပြောကြားခဲ့သည်။

အမေရိကန်တွင် ကော်လိုရာဒို အပါအဝင် ပြည်နယ်ပေါင်း (၂၀)တွင် ဆေးဝါးအဖြစ် ဆေးခြောက်ကို အသုံးပြု ခွင့် ပေးထားသည်။ "ပထမအကြိမ် ကုသမှု ခံယူရုံနဲ့ ရလဒ်က အံ့ဩစရာ ဖြစ်လာတယ်။ ချာလော့ တီ အပေါ် ဘယ်လို သက်ရောက်သွားတယ်ဆိုတာ ကျွန်မဖြင့် ယုံတောင် မယုံဘူး။ သူက လုံးဝ ကွဲပြားတဲ့ မိန်းကလေး တစ်ယောက် ဖြစ်လာတယ်။ တကယ်ပါ။ ဆေးခြောက်ဟာ ကျွန်မတို့ သမီးလေးအတွက် ဘဝသစ် တစ်ခု စတင်ခွင့် ပေးအပ်လိမ့်မယ်လို့ ယောင်လို့တောင် မတွေးခဲ့မိဘူး"ဟုလည်း ပေဂီက ဝန်ခံခဲ့သည်။

ယခုအခါ အသက်(၆)နှစ် ရှိနေပြီဖြစ်သော ပေဂီသည် သူမအသက် (၃)လသမီး အရွယ်တွင် ပထမဆုံး အတက်ရော ဂါကို စတင်ခံစားခဲ့ရသည်။ အမြွာညီအစ်မ တစ်ဦးလည်း ရှိသည့်တိုင် ချာလော့တီ တစ်ဦး တည်းသာ အဆိုပါ ဝေဒနာကို ရရှိခဲ့ခြင်းဟုလည်း သိရသည်။ ချာလော့တီအသက် (၂)နှစ်မျှတွင် အခြေ အနေ ပိုမိုဆိုးရွားလာသလို မိဘများအတွက် စိတ်ပူစရာ ဖြစ်လာသည်။ အထူးသဖြင့် ကလေး ဘဝ တွင် ပြင်းထန်စွာ တက်ပြီး အမှတ်မထင် သေဆုံးသွားမှုများ ရှိခဲ့ဖူးရာ ပေဂီနှင့် မတ်တို့အတွက် စိုးရိမ်ကြောင့် ကြမှုကြီးစွာ ဖြစ်ခဲ့ရသည်။ ဆရာဝန်များသည် ကနဦးအဆင့် အတက်ပျောက်ဆေး များ ပေး ခဲ့သော် လည်း အခြားဘေးထွက် ဆိုးကျိုးများကြောင့် ချာလော့တီမှာ လမ်းလျှောက်ရန်ပင် အားမရှိဘဲ ချူချာလာ ခဲ့သည်။

ပေဂီက "ဖြစ်နိုင်သမျှ ဆေးနည်းပေါင်းစုံကို ကျွန်မတို့ စမ်းသုံးကြည့်ပြီးပြီ။ သမီးက တစ်နေ့ကို အတက်ရော ဂါ အသေးစားလေး ထောင်နဲ့ချီပြီး ကြုံရတယ်။ ဒီကြားထဲ မတ်ကလည်း အာဖဂန်နစ္စတန်မှာ စစ်မှုထမ်းနေ ရတော့ ကျွန်မ တော်တော်လေး ရုန်းကန်ခဲ့ရတယ်။ ဆေးတွေ ပေးခဲ့ပေမယ့် ချာလော့တီဟာ အသက် (၅)နှစ်လောက်မှာ တစ်ပတ်ကို အကြိမ်(၃၀၀)လောက် အတက်ရောဂါ ရနေတုန်းပဲ။ နောက်တော့ လမ်းပါ မလျှောက်နိုင်တော့ ဘူး။ စကားလည်း မပြောနိုင်တော့သလို အစားတောင် ကောင်းကောင်း မစားနိုင် ရှာတော့ဘူး"ဟု ရှင်းပြခဲ့သည်။ "ဆရာဝန်တွေက ကျွန်မတို့ အနေနဲ့ သမီးလေးရဲ့ ဈာပနအ တွက် ပြင်ဆင် ထား သင့်ပြီလို့တောင် ပြောခဲ့ပါတယ်"ဟု ပေဂီက ဖွင့်ဟခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် ပါမောက္ခ တစ်ဦးက အခြားကလေး တစ်ဦးသည် အတက်ဝေဒ နာကို ဆေးခြောက်ဆီဖြင့် ကုသ ပျောက်ကင်းခဲ့ကြောင်း မတ်ကို ပြောပြခဲ့သည်။ မတ်က ယင်းနည်းလမ်းကို အသုံးပြု ရန် ပေဂီအား တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ "ဆေးခြောက်အဆီနဲ့ စပြီး အားဖြည့်ပေးချိန် ကတည်း က ချာလော့တီဟာ တစ်နေ့ကို အကြိမ်ပေါင်း ရာနဲ့ချီပြီး ပြင်းပြင်းထန်ထန် တက်ရာကနေ လုံးဝနီး ပါး ပျောက်သွားတယ်။ အကြောလိုက်တာမျိုးလေးတောင် မဖြစ်ဘဲ တစ်ပတ်လောက် ကြာသွားတယ်။ မယုံနိုင်လောက်အောင်ပဲ ။ ခုတော့ သမီးလေး အခြေအနေ အရမ်းတိုးတက်လာပါတယ်။ တစ်ပတ်ကို အကြိမ်နည်းနည်းလောက်တော့ တက်နေတုန်းပဲ"ဟု ပေဂီက ဆိုသည်။

ဆေးခြောက်ထံမှ အဆီကို အယ်လ်ကိုဟော အကူအညီဖြင့် ထုတ်ယူပြီး ဆေးညွှန်းနှင့်အညီ အားပျော့သွားအောင် ပြုလုပ်ရသည်။ "သမီးလေးရဲ့ လျှာအောက်ကနေ ဆေးခြောက်ဆီကို တစ်ရက်နှစ်ခါ သွင်းပေးရတယ်။ တိကျတဲ့ ပမာဏဖြစ်အောင်တော့ သတိထားရပါတယ်။ အဲဒီ ဆေးဘက်ဝင် ပမာဏထက် မပိုအောင်လည်း တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်"ဟုလည်း ပေဂီက ဆက်လက် ရှင်းပြခဲ့သည်။ ဆေးခြောက်တွင် ပါဝင်သော ဓာတ်ပေါင်းတစ်မျိုးက တက်ခြင်းကို ဖြစ်ပေါ်စေသည့် ဦးနှောက် လှုံ့ဆော်မှုများကို ငြိမ်သက်စေခြင်းဟု သုတေသီများက ဆိုသည်။

ပေဂီက "ချာလော့တီလို အတက်ဝေဒနာမျိုး ခံစားရတဲ့ ကလေး(၂၀၀)လောက်က ဒီဆေးနည်းနဲ့ ကုသဖို့ ရည်ရွယ်ထားတယ်လို့ ကျွန်မကြားတယ်။ နောက်ဆို ထောင်နဲ့ချီပြီး ဖြစ်လာနိုင်ပါတယ်။ ကျွန်မကတော့ မူဝါဒရေးရာ အပိုင်းတွေကို နားမလည်ဘူး။ မိဘတစ်ယောက် အနေနဲ့ကတော့ ကိုယ့်ကလေး သက်သာ အဆင်ပြေဖို့ ဘယ်ဆေးနည်းကိုမဆို သုံးစေချင်ပါတယ်။ ဆေးခြောက်ကို ဆေးဝါးအဖြစ် လက်ခံဖို့ အတက်ဝေဒနာသည် ကလေးတွေရဲ့ မိဘတိုင်း မြန်မြန်ဆန်ဆန် လက်ခံသင့်ပါတယ်"ဟုလည်း သူမက တိုက်တွန်းသွားသည်။

From: Planet Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်