သူမသည် Twitterပေါ်တွင် "ချစ်ခင်ရပါသော ဘုရားသခင်။ ဝတ်ရုံတော်ကို ဖယ်ရှားလော့။ ကျွန်တော် မျိုးမ ၏ ဝိညာဉ်ကို အခြားသူတို့ မြင်ပါစေသား။ ကျွန်တော်မျိုးမသည် ချစ်ခြင်းနှင့် လင်းလက်ခြင်းတို့ ရှိပါ၏။ ချစ်ခြင်း မေတ္တာ ကို ကျွန်တော်မျိုးမ မြင်သည်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည်သာ ကျွန်တော်မျိုးမကို ပြန် လည် တွေ့မြင်ပါစေသား"ဟု ရေးသားခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး သူမ၏ Followerများက ဇဝေဇဝါ ဖြစ်နေ ခဲ့ရာ နောက်ပိုင်းတွင် ကယ်လီက "ကျွန်မရဲ့ မှော်ဆရာက ဒီစာသားကို ရေးဖို့ ပြောလို့ပါ။ ခုလို အကြံပေး လို့ သူ့ကို ကျေးဇူးတင်ပါတယ်"ဟု ဆက်လက် ရေးသားခဲ့သည်။ ကယ်လီသည် ယခင်က မော်ဒယ်လ် သွမ်အီဗန်စ်၊ မင်းသား ဂျေဆန်စတက်ဟမ်း အစရှိသည့် နာမည်ကြီးများနှင့်လည်း တွဲခဲ့ဖူးပြီး အချစ်ရေး မတည်မြဲဘဲ လမ်းခွဲခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည်။
From: Planet Myanmar Network
Time in Rangoon


0 comments:
Post a Comment