Sunday, September 15, 2013

တပ်မတော် အရာရှိ အသတ်ခံရမှု ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

Posted by drmyochit Sunday, September 15, 2013, under | No comments



ကအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း ဒဏ်ရာရအရာရှိ အား ဖမ်းဆီးသတ်ဖြတ်ခြင်း

၁။ပူတာအိုခရိုင်၊မချမ်းဘောမြို့နယ်အတွင်းတွင်နယ်မြေခံတပ်ရင်းမှတပ်စုတစ်စုသည်
မချမ်းဘောမြို့ဝန်းကျင်အတွင်းပိုင်းနယ် မြေအတွင်းနယ်မြေစိုးမိုးရေး၊စည်းရုံးရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများထမ်းဆောင်ရန်အတွက်ဩဂုတ်၂၈ရက်တွင်မလွတ်ဒမ်းကျေးရွာမှထွက်ခွာလာခဲ့ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့အင်အား၂ဝခန့်မှအသင့်စောင့်ကြိုတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ ဖြစ်စဉ်တွင်တပ်မတော်မှအရာရှိတစ်ဦးနှင့်စစ်သည်တစ်ဦးလူစုကွဲပျောက်ဆုံးသွားခဲ့ပြီး ဖြန့်ခွဲရှာဖွေခဲ့ရာစက်တင်ဘာ၁ရက်တွင်စစ်သည်အား ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါသည်။

၂။ပျောက်ဆုံးအရာရှိအား ဆက်လက်ရှာဖွေခဲ့ စဉ် မြေပြင်သတင်း စိစစ်ဖော် ထုတ်ချက်အရ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့တပ်ရင်း(၇)မှတပ်စုမှူးတန်ခမ်ဦးစီးအင်အား၂ဝခန့်သည်ဩဂုတ်၂ရရက်တွင်အင်ခန်ဂါးကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး၂၈ရက်တွင်တပ်အားအသင့်စောင့်ကြိုနှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း၊၂၉ရက်တွင် ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့အင်ခန်ဂါးကျေးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊၃ဝရက်တွင် ပျောက်ဆုံးအရာရှိသည် ဘယ်ဘက်လက်မောင်းတွင် လက်နက်ငယ်ဒဏ်ရာဖြင့် အင်ခန်ဂါးကျေးရွာ သို့ ရောက်ရှိလာရာ၎င်းကျေးရွာရှိ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့နှင့် အဆက်အသွယ် ရှိသူ တစ်ဦးမှသွားရောက်သတင်း ပို့ခဲ့သဖြင့် ကေအိုင်အေ (ကချင်) လက်နက် ကိုင်အဖွဲ့မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

ဖမ်းဆီးခံအရာရှိအားပြန်လည်ရရှိရေးဆောင်ရွက်နေစဉ်စက်တင်ဘာ၅ရက်တွင်အင်ခန်ဂါးကျေးရွာအနီးနေထိုင်သည့်ဦးဖုန်ဇော်လဆိုင်းနှင့်သားဖြစ်သူမောင်ဖုန်ဇောင်ခင်ဆိုင်းတို့မှ ၎င်းတို့တောင်ယာအနီးတွင် အပုပ်နံ့ ရရှိကြောင်းတပ်မတော် သို့လာရောက် အကြောင်းကြားသဖြင့်လိုက်လံရှာဖွေရာအင်ခန်ဂါးရွာ၏မြောက်ဘက်မီတာ၁ဝဝဝခန့်အကွာ တောင်ယာသွားလမ်း၏ညာဘက်ကိုက်၁ဝဝဝခန့်ရှိ တောင် စောင်းနေရာတွင် မြေပုံတစ်ခုအား တွေ့ရှိခဲ့ပြီးတူးဖော်ကြည့်ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့မှဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အရာရှိအားရက်စက်စွာဦးခေါင်းဖြတ်သတ်ဖြတ်ပြီး မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ရပါသည်။

၃။တပ်မတော်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များ
အားအလေးအနက်ထားလုပ်ဆောင်လျက်ရှိပြီး တွေ့ကြုံရသည့်အခက်အခဲ၊သဘောထားကွဲလွဲမှုနှင့်နားလည်မှုလွဲမှားသောပြဿနာများအားသဘောထားကြီးမားစွာဖြင့်ထိန်းသိမ်း ဖြေရှင်းမှုများလုပ်ဆောင်လျက်ရှိပါသည်။တပ်မတော်မှထိုသို့ဆောင်ရွက်ချက်ရှိသော်လည်း ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုကြိုးပမ်းဆောင်ရွက်စဉ်အချိန်တွင်ပင်ဖမ်းဆီးရမိသည့်အရာရှိအားရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ဖမ်းဆီးထားသောအရာရှိအားရက်စက်စွာသတ်ဖြတ်ခဲ့ကြသည့်လူသတ်မှုကျူးလွန်သူ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့တပ်ရင်း(၇)မှတပ်စုမှူးတန်ခမ်နှင့်အပေါင်းပါ၂ဝခန့်အားတရားဥပဒေနှင့်အညီအရေးယူဆောင်ရွက်နိုင်ရေးမချမ်းဘောမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် သက်ဆိုင်ရာမှ အမှုဖွင့်လှစ်ထားရှိကြောင်း သိရပါသည်။


Yangon Times

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်