Sunday, September 15, 2013

သူပုန်ဆိုတာ သူပုန်ပါပဲ

Posted by drmyochit Sunday, September 15, 2013, under | 1 comment


ဒီကနေ့ မြန်မာ့နိုင်ငံရေးလောကမှာ ခေတ်စားလာတာကတော့ သူပုန်တွေရဲ့အခန်းကဏ္ဍပဲဖြစ်နေပါတယ်။ သူပုန်ဆိုတာဒီကနေ့မှပေါ်ပေါက်လာတာမဟုတ်ပါဘူး။ ပြောရယင်မြန်မာပြည်မှာ တစ်ပါတီအာဏာရှင်စနစ်မကျင့်သုံး ခင်ကတည်းက သူပုန်ဆိုတာ ပေါ်ပေါက်ခဲ့တာပါ။ လွတ်လပ်ရေးရပြီး ဦးနုခေတ်မှာဆိုရင် ရောင်စုံသူပုန်..ရန်ကုန်အစိုးရ ဆိုပြီးခေါ်ဝေါ်သမုတ်ခဲ့တာပါ။

လွတ်လပ်ရေးရပြီးစကာလက မြန်မာပြည်မှာ ဗမာလူမျိုးကြီးဝါဒတို့၊ တိုင်းရင်းသားတွေ တန်းတူရည်တူရှိရေးတို့ဆိုတဲ့စကားလုံးတွေလဲမပေါ်သေးပါဘူး။ ဒါပေမယ့်သူပုန်ဆိုတာကတော့ပေါ်နေပါပြီ။ အချို့က ဦးနုကိုအပြစ်ပြော အပုတ်ချချင်လို့ ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်လို့ ကချင်သူပုန် တွေပေါ်လာတာဆိုပြီးပြောဆိုကြပါတယ်။


ဒါကလျှောက်ပြောတာပါ။ ဗုဒ္ဓဘာသာ မြန်မာပြည်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလုပ်တာ ဘယ်သူမှ ထိခိုက်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒီခေတ်မှာ အီရန်သမ္မတဖြစ်တဲ့သူတောင် သူတို့ရဲ့ ဘာသာရေးခေါင်းဆောင်ကြီးဆီမှာ ကျမ်းသစ္စာကျိန်ဆိုရတာပါပဲ။

သူတို့တွေလက်နက်ကိုင်ချင်တာနဲ့ဗုဒ္ဓဘာသာကိုအကြောင်းပြလိုက်တာပါပဲ။အခုထက်ထိလဲအကြောင်းပြ ကောင်းနေကြဆဲပါပဲ။ လူမျိုးရေးတန်းတူရည်တူရှိမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမှုကနေအခုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်တစ်ခုရေးဆွဲဖို့ အထိလုပ်ဆောင်လာနေပါတယ်။ ပြောချင်တာက အစိုးရဘက်က တစ်ခုပေးလိုက် ရင် သူတို့က နှစ်ခုလိုချင်တယ်။ အစိုးရကနှစ်ခုပေးရင် သူတို့ကလေးခုလိုချင်ပါတယ်။
အခုလဲ နိုင်ငံတော်သမ္မတနဲ့ကာကွယ်ရေးဦးစီးချုပ်တို့ကိုယ်တိုင်က တစ်ဦးအပေါ်တစ်ဦးချစ်ကြည်လေးစားတဲ့ စိတ်ဓာတ်နဲ့သူပုန်ခေါင်းဆောင်အချို့ကိုခေါ်ယူတွေ့ဆုံ၊ ရင်းရင်းနှီးနှီးပြောဆိုကြတာတွေလုပ်ကြပါတယ်။ ဒီလိုမျိုး လုပ်ဆောင်တာတွေအပေါ် သူပုန်တွေဘက်ကဘယ်လိုသုံးသပ်သလဲဆိုရင် သူတို့ဟာအရမ်းကိုအရေးပါလာလို့ အစိုးရခေါင်းဆောင်တွေကိုယ်တိုင်က ဒီလိုမျိုးအလျော့ပေးလာတာလို့မြင်ကြပါတယ်။ အဲလိုမျိုးမြင်အောင် ဘေးတီး ပေးတဲ့သူတွေကလဲ ပေးကြလို့သာ အခုဆိုရင်သူပုန်တွေ စုပေါင်းပြီး ဖွဲ့စည်းပုံပြင်ဆင်ဖို့အထိလုပ်ဆောင်နေပါပြီ။
ဒါဟာငြိမ်းချမ်းရေးကိုပျက်အောင် တစ်ဖက်လှည့်နဲ့လုပ်နေတဲ့လုပ်ရပ်ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွေသတ်မှတ်ပေးထားပြီး တိုင်း/ပြည်နယ်အလိုက်        ၀န်ကြီးချုပ်တွေခန့်ထားပေးပြီးဖြစ်ပါတယ်။

အမှန်ကန်ဆုံးစကားပြောရယင်လက်နက်မကိုင်တော့ဘဲ တိုင်းရင်းသား လူမျိုးတွေ အလိုက်ပြောချင်တာတွေလွှတ်တော်မှာ ပြောလို့ဆိုလို့ရနေပါပြီ။ကချင်မှာဆိုရင်လဲ ဒေါ်ဒွဲဘူ၊ ရှမ်းမှာဆိုရင် ဒေါ်နန်းဝါနု အစရှိသဖြင့်တိုင်းရင်းသားတွေအများကြီးပါ။ ဒီခြားထဲမှာ လူမျိုးစုအလိုက်ဝန်ကြီး တွေလဲ ရှိနေပါတယ်။ ကိုယ်ဒေသကိုယ့်လူမျိုးတွေအုပ်ချုပ်ခွင့်အတွက် ပထမခြေလှမ်းဟာ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါပြီး သားပါ။

အစိုးရဘက်ကအလျော့ပေးတာတွေများလေလေ သူပုန်တွေကနင်းလေလေဆိုတာ ဒီခေတ်ကျမှ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။သူတို့ခေတ်တုန်းကတည်းကရှိခဲ့တာလို့ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးကပြောဆိုပါတယ်။ ဟိုခေတ်တုန်း ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တုန်းကလဲဒီလိုပါပဲ။မဖြစ်နိုင်တဲ့တောင်းဆိုချက်တွေတောင်းဆိုမယ်..။အစိုးရဘက်က မပေးနိုင်ရင်၊ မလိုက်လျောနိုင်ရင်တော့အစိုးရကငြိမ်းချမ်းရေးကိုလိုလားမှုမရှိဘူးဆိုပြီး သတင်းလွှင့်တော့တာပါပဲ။ အခုလဲ ဖွဲ့စည်းပုံအသစ်ရေးဆွဲတယ်ဆိုတာ မသိမသာစင်ပြိုင်အစိုးရတစ်ရပ်ထူထောင်လိုက်တာပါပဲလို့ ၀ါရင့်နိုင်ငံရေး သမားကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။

အဆုံးစွန်သော စကားပြောရရင် ဗိုလ်ချုပ်အောင်ဆန်းမသေဘဲနဲ့ အုပ်ချုပ်နေလဲသူပုန်ဆိုတာရှိနေမှာပါပဲတဲ့။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်ပြီး ချမ်းသာနေတဲ့သူတွေက လက်နက်ကိုင်တာကိုမစွန့်ချင်တော့တာမို့လို့ပြော ရတာလို့သူကပြောပါတယ်။မြန်မာပြည်မှာဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်သမ္မတဖြစ်လာရင်လဲသူပုန်ဆိုတာရှိနေမှာ ပါပဲတဲ့။အလောင်းအစားလုပ်ရဲတဲ့သူရှိရင်တောင်လောင်းလိုက်ချင်ပါတယ်တဲ့။တကယ်တော့ လက်နက်ကိုင်သူပုန်အဖွဲ့ တွေဟာ သူတို့လူမျိုးတွေကို ကိုယ်စားပြုတဲ့အဖွဲ့မဟုတ် ပါဘူး။ လူမျိုးတစ်မျိုးထဲမှာကို သူပုန်အဖွဲ့က တစ်ဖွဲ့မက ရှိနေတာပါ။ ဒါကြောင့် သူပုန်ဆိုတာ သူပုန်ပါပဲလို့ ၀ါရင့်နိုင်ငံရေးသမားကြီးတစ်ဦးရဲ့ သုံးသပ်ချက်ကို တင်ပြလိုက် ပါတယ်။

From: Myanmar Express

1 comments:

""လက်နက်ကိုင်ပြီး ချမ်းသာနေတဲ့သူတွေက လက်နက်ကိုင်တာကိုမစွန့်ချင်တော့တာမို့လို""

တပ်မတော် လား ??????

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်