
မရမ်းကုန်းမြို့နယ်နေ အမျိုးသမီးတစ်ဦးက တရားရိပ်သာတွင် ခင်မင်ခဲ့သော တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးထံမှ ကျပ်ငွေသိန်း ၉၀၀၀ ခန့် အလွဲသုံးစားမှုဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။
မရမ်းကုန်းမြို့နယ် အမှတ် (၇)ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက တစ်ရပ်ကွက်တည်းနေ တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးထံမှ ငွေကျပ်သိန်း ၆၀၀၀ ကို ယုံကြည်အောင်ပြော၍ ငွေသားအဖြစ်ယူပြီး ကျန်ငွေကျပ်သိန်း ၃၀၀၀ ခန့်ကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း...