Tuesday, October 22, 2013

မိန်းကလေးများအားအထောက်အကူပြုမည့်ပညာရေးသင်ရိုးဖြစ်လာရေး မာလာလာ လှုံ့ဆော်

Posted by drmyochit Tuesday, October 22, 2013, under | No comments


ဝါရှင်တန် ၊ အောက်တိုဘာ ၂၁ ၊ Ref-AFP

မိန်းကလေးများအတွက် ပညာရေးကို ရပ်တည်ကာကွယ် ပေးမှုကြောင့် တာလီဘန်လုပ်ကြံ သတ်ဖြတ်မှု၏ ပစ်မှတ်ထားခံခဲ့ရ သော အသက်၁၆နှစ်အရွယ် ပါ ကစ္စတန်ဆယ်ကျော်သက် မာလာ လာယူဆက်ဇိုင်းက မိန်းကလေး များပညာရေးကို ထောက်ခံမှုကို အားပေးသော စာသင်ကျောင်း သင်ရိုးညွှန်းတမ်းတစ်ခု ဖြစ်ထွန်း လာရေး လှုံ့ဆော်လျက်ရှိသည်။

မကြာသေးမီက မာလာလာ ထုတ်ဝေခဲ့သည့် စာအုပ်တစ်အုပ် နှင့်လိုက်ဖက်စေရန် မဟာဌာန အဖွဲ့ဝင်များသည် ဆက်သွယ် မှုနည်းလမ်းစုံ သင်ရိုးညွှန်းတမ်း ကိရိယာများ ဖန်တီးလျက်ရှိ ကြောင်း ဂျော့ဂ်ျဝါရှင်တန်တက္က သိုလ်က တနင်္လာနေ့တွင် ကြေ ညာခဲ့သည်။
လာမည့်နှစ်အစောပိုင်း၌ ကောလိပ်နှင့် အထက်တန်းကျောင်း တို့ နှစ်ခုစလုံးသင်ကြားပို့ချမှုအ တွက် သင်ရိုးညွှန်းတမ်းကို မဟာ ဌာနအဖွဲ့ဝင်တချို့က ရှေ့ပြေး စမ်းသပ်မည်ဖြစ်သည်။

အခမဲ့ဖြစ်သော ၎င်းသင် ရိုးက အမျိုးသမီးတစ်ဦး၏ လို လားမှုနှင့် နိုင်ငံရေးအစွန်းရောက် ဝါဒတို့၏ အရေးပါမှုကဲ့သို့ အ ကြောင်းအရာများကို အဓိကအာ ရုံစိုက်မည်ဟု တက္ကသိုလ်က ပြော ကြားခဲ့သည်။
သင်ရိုးညွှန်းတမ်းကိရိယာ များက မာလာလာ၏အကြောင်း ကို စူးစိုက်လေ့လာမည်မဟုတ် သော်လည်း အလားတူပြဿနာ များက မိန်းကလေးများ ကလေး အရွယ်လက်ထပ်မှုနှင့် ရင်ဆိုင်ရ ပြီး ကျောင်းထွက်ရန် ဖိအားများ နှင့် ရင်ဆိုင်ရချိန်ကဲ့သို့ အခြား ကဏ္ဍများအပေါ် မည်သို့တိုက် ခတ်သည်ဆိုသည်တို့ကိုမျှ စူးစိုက် လေ့လာထားကြောင်း အဆိုပါ တက္ကသိုလ်၏ Global Women's Institute မှ ဒါရိုက်တာမေရီအဲလ်စ် ဘတ်က ပြောကြားခဲ့သည်။

Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်