မန္တလေးမြို့ မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးဝီရသူရဲ့ အခု ရက်ပိုင်းအတွင်း မျိုးစောင့် ဥပဒေနဲ့ ပတ်သက်လို့ ဟောပြောခဲ့တဲ့ တရားတွေထဲမှာ ဒေါ်အောင်ဆန်း စုကြည်ကို ဥပမာပေး ဟောသွားခဲ့တယ်လို့ သိရပါတယ်။
စောင့်လေ မျိုးနွယ် ဆိုတဲ့ တရားနဲ့ မညီခဲ့လို့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ စစ်အစိုးရ လက်ထက်က တိုက်ခိုက် ပြောဆိုခံခဲ့ရတာ ဖြစ်သလို သမ္မတ ရာထူး ယူဖို့ ကိစ္စမှာလည်း အခက်တွေ့နေရတာ ဖြစ်တယ်လို့ ဦးဝီရသူက မိန့်ပါတယ်။
မျိုးစောင့် ဥပဒေကို ဖေါ်ဆောင်တဲ့ နေရာမှာ အမျိုးစောင့်ရင် ရနိုင်မယ့် အကျိုးကျေးဇူးတွေနဲ့ အမျိုးမစောင့်ရင် ဖြစ်ပေါ်လာမယ့် မကောင်းကျိုးတွေကို ပိုင်းခြားပြီး...