Friday, November 22, 2013

အမေရိကန် လက်ရွေး စင် ဘော လုံး သ မား ဟောင်း များ ဘော လုံး အားကစား နည်း စနစ်များ ပိုမို တတ်ကျွမ်း စေရန် မြန်မာ လူငယ် အားကစား သမား များအား လာရောက် ပြသ

Posted by drmyochit Friday, November 22, 2013, under | No comments


အမေရိကန် လက်ရွေးစင် ဘောလုံးသမား ဟောင်းများ ပါဝင်သည့် အားကစား သံတမန် အဖွဲ့သည် ယနေ့ ညနေ ၃နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ် မြို့နယ် သထုံလမ်းရှိ တက္ကသိုလ်များ အားကစား ကွင်း၌ ဘောလုံး အားကစား စွမ်းရည်ပြသ ကြပြီး အလားတူ ဘောလုံးစွမ်းရည် ပြသခြင်းကို နိုဝင်ဘာ ၂၄ရက်တွင် မွန်ပြည်နယ်၌ ထပ်မံပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမေရိကန် အားကစား သံတမန် အဖွဲ့တွင် နိုင်ငံတကာ အဆင့် ပြိုင်ပွဲများ၌ နည်းပြ လုပ်သက် နှစ် ၄ဝကျော် သက်တမ်းရှိ နည်းပြ ဂျေဟော့မန်း၊ အမေရိကန် အမျိုးသား လက်ရွေးစင် အဖြစ် ပွဲပေါင်း ၁၆၄ပွဲ ကစားထားကာ ကစားပွဲ စံချိန်တင်ထားသူ ကော်ဘီဂျူန်းနှင့် ကမ္ဘာ့ဖလား ချန်ပီယံနှင့် အိုလံပစ် တတိယ ဆုရှင် အမေရိကန် လက်ရွေးစင် အမျိုးသမီး ဘောလုံးသမားဟောင်း လော်ရီဖယ်ယားတို့ ပါဝင်သည်။

၎င်းအဖွဲ့သည် လူငယ်ဘောလုံး အားကစားသမား များနှင့် တွေ့ဆုံ ၍ လေ့ကျင့်ခန်း အစီအစဉ်များကို ဆောင်ရွက်ကြကာ ခေါင်းဆောင်မှု စွမ်းရည်များကိုလည်း သင်ကြား ပြသ ပေးကြောင်း သိရသည်။

ထို့အပြင် အမေရိကန် ကားကုမ္ပဏီ ချက်ဗိုလက်နှင့် One World Football Project တို့မှ ထိုင်ဝမ်မှ ထုတ်လုပ်သည့် Chevrolet ဘောလုံးအလုံး ၅ဝဝ ကို နိုဝင်ဘာ ၂၂ ရက်တွင် ရန်ကုန်ရှိ လူငယ် ဘောလုံး အားကစားသမား များအတွက် ပေးအပ်လှူဒါန်းမည် ဖြစ်ကာယင်းအခမ်း အနားသို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်နှင့် အားကစား ကိုယ်စားလှယ် အဖွဲ့ တက်ရောက် မည် ဖြစ်သည်။

လှူဒါန်းမှု အစီအစဉ်တွင် မွန်ပြည်နယ်၊ ကချင်ပြည်နယ်တို့ အပါအဝင်အခြားပြည်နယ်များသို့ Chevrolet ဘောလုံးအလုံး ၅ဝဝဝ စုစုပေါင်းအလုံး ၅၅ဝဝ တို့အား လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် အားကစား သံတမန်အဖွဲ့ လာရောက်ခြင်းနှင့် ပတ်သက်၍ ''မြန်မာနိုင်ငံမှာဘောလုံး အားကစား ဖွံ့ဖြိုးအောင် ဒီလိုဘောလုံး ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် နည်းစနစ်၊ ကစားနည်းတွေကို သိရှိတတ်ကျွမ်းစေရန် လာရောက် ဆောင်ရွက်ပြသ ပေးခြင်း ဖြစ်ပါတယ်။ သူတို့ဆီက နည်းစနစ် တွေလည်း အများကြီးရမှာပါ။ အမေရိကန် နိုင်ငံရဲ့ နာမည်ကြီး ဘောလုံး အကျော်အမော်တွေလာရောက်ပြသ တာ ဖြစ်တဲ့အတွက် ကလေးတွေ အတွက် များစွာ အထောက်အပံ့ ရမှာပါ။ 

်မာ ဘောလုံး အခြေအနေဟာလည်းတစ်ဆင့်နဲ့တစ်ဆင့် တိုးတက်လာ တာတွေ့ရပါတယ်။ အခုလည်း ဆီးဂိမ်းအတွက် အများကြီး လုပ်နေကြ တာလည်း မြင် တွေ့ပါတယ်။ အောင်မြင်ဖို့လည်း ရှိပါတယ်။ ယခု အစီအစဉ်ကဲ့သို့ ဘတ်စကက် ဘောမှာလည်း လက်ရှိပူးပေါင်း ဆောင်ရွက်နေတာ ရှိပါတယ်။ နောက်ထပ် လာလုပ် ဖို့လည်း ရှိပါတယ်''ဟု မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ ယဉ်ကျေးမှု ဆိုင်ရာ အရာရှိဖြစ်သူ အဲရစ်ခ် ဗွီးအီးအိုက်စ်လီက ပြောကြားသည်။

န်

ဝန်းရံခ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်