ဖိလစ်ပိုင်နိုင်ငံ ဘိုဟိုလ်ကျွန်းတွင် ပြင်းအား ရစ်ခ်ျတာစကေး ၄.၈ အဆင့်ရှိ မြေငလျင်တစ်ခု ယနေ့ လှုပ်ခတ်သည်။ ဖိလစ်ပိုင်တွင် စူပါတိုင်ဖွန်းမုန်တိုင်း Haiyan ဝင်ရောက်တိုက်ခတ်မှုအပြီး ရက်ပိုင်းအကြာ၌ ယခု ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ငလျင်သည် စန်အစ်ဒရိုဒေသတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း USGS က ဖော်ပြသည်။ ယခု ငလျင်သည် ပြီးခဲသည့် အောက်တိုဘာ ၁၅ ရက်က အဆိုပါဒေသတွင် ရစ်ခ်ျတာစကေး ၇.၂ ရှိ အင်းအားပြင်း ငလျင်လှုပ်ခတ်မှုအပြီး ဒုတိယမြောက် ငလျင်လှုပ်ခတ်မှုလည်းဖြစ်သည်။
အောက်တိုဘာ ၁၅ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူ ၂၂ ဦး သေဆုံးခဲ့ပြီး အခြား ဒေသခံ အများအပြား အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။ ဖိလစ်ပိုင်တွင် ယခုရက်ပိုင်းအတွင်း အားအလွန်ကောင်းလှသည့် စူပါတိုင်ဖွန်းမုန်တိုင်း Haiyan ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း တစ်သောင်းကျော် သေဆုံးဖွယ်ရှိပြီး ပျက်စီးဆုံးရှုံးမှု ဆိုးရွားစွာ ကြုံတွေ့ခဲ့ရသည်။ ဖိလစ်ပိုင်သည် သဘာဝဘေးအန္တာရာယ် အများဆုံး ကြုံတွေ့ခံစားရသော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိနေသည်။
Planet Myanmar Network
Time in Rangoon


2 comments:
ကိုယ်ချင်းစာပါတယ်..ဒို့လည်း ခံခဲ့ဘူးတယ်လေ.
ကိုယ့်တိုင်းပြည်ကိုနီးစပ်အောင်ခန့်မှန်ူးပါ။
Post a Comment