Tuesday, November 12, 2013

KIA မှ လက်နက်ကြီး ဖြင့် ပစ်ခတ်မှု ကြောင့် ကောင်လွင်ရွာ နေအိမ် တစ်လုံးနှင့် စပါးကျီ ထိမှန်ခဲ့

Posted by drmyochit Tuesday, November 12, 2013, under | No comments

တပ်မတော်နှင့် KIA နိုဝင်ဘာ လ ၇ ရက်နေ့ က လက်နက်ကြီး များ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ကြောင့် တိုက်ပွဲ ပြင်းထန် ခဲ့ရာ ကောင်လွင် ရွာမှ ဒေသခံ ရှမ်း တိုင်းရင်းသား ( ၁၀၀၀ ) ၀န်းကျင်ခန့် သည် ၄င်း နှင့် ၅ မိုင်ခန့် ဝေးသော အိမ်ခြေ ( ၁၀၀ ) ခန့် ရှိသည့် စည်ခန်းကြီး ရွာ တွင် သောင်တင် နေဆဲဖြစ်ပြီး၊

တိုက်ပွဲဖြစ် သည့် ကောင်လွင် ရွာ ဘုန်းတော်ကြီး ကျောင်းတွင် လူဦးရေ ( ၁၀၀ ) ၀န်းကျင်ခန့် သည် KIA မှ ကျေးရွာ အတွင်း လမ်းများ၊ စာသင် ကျောင်းများ နှင့် နေရာတိုင်း တွင် KIA မှ မိုင်းများ ထောင်ထား ခဲ့သောကြောင့် ပိတ်မိ နေဆဲဖြစ်ပြီး စာသင်ကျောင်း တွင် ဗုံးလေးလုံး နှင့် ဟန်ထိပ် ရွာ တံတားမှာ ဗုံး တစ်လုံး တွေ့ရှိ ရသည် ဟု ဗန်းမော်မြို့ ရှမ်း မျိုးနွယ်စု ရေးရာ အဖွဲ့ဝင် တစ်ဦးမှ သတင်း ပေးပို့ ထားပါတယ်။ နိုဝင်ဘာ လ ( ၈ ) ရက်နေ့ တွင် လည်း စစ်တပ် နှင့် လူထု ( ၁၀၀ ) ၀န်းကျင်ခန့် ရှိတဲ့ ကောင်လွင် ရွာ ထဲကို လက်နက်ကြီး ဖြင့် ၃ ချက် ပစ်ခတ်ရာ စပါးကျီ တစ်လုံး နှင့် နေအိမ် တစ်လုံး ထိမှန်ကာ ချောင်း ထဲသို့ တစ်လုံး ကျသွား ခဲ့တယ် လို့လည်း ပြောပြပါသည်။

ဦးခက်ထိန်နန် နှင့် လူမှုရေး ၀န်ကြီး ဒေါ်ဘောက်ဂျာ တို့မှ ရိက္ခာ တစ်ချို့ကိုသာ ပေးပို့ နိုင်ခဲ့ သေးပေမယ့် လမ်းပန်း ဆက်သွယ်မှု အခက်အခဲ များ ကြောင့် ကုလ နှင့် NGO အဖွဲ့အစည်း များ က ဗန်းမော်သို့ စစ်ရှောင်များ ရောက်ရှိ လာချိန် ကိုသာ စောင့်မျှော် နေကြ ပါတယ်။ ရှမ်းနီပါတီ၊ ရှမ်းစာ ပေ နှင့် ယဉ်ကျေးမူ အဖွဲ့၊ ကချင် ပြည်နယ် ရှမ်း မျိုးနွယ်စု ရေးရာ အဖွဲ့တို့ ပူးပေါင်းပြီး ကူညီ နိုင်ရန် အတွက် အလျှူငွေများ ကောက်ခံ လျှက် ရှိနေပြီး၊ နိုဝင်ဘာ လ ၁၆ ရက်နေ့ မှာ သွားရောက် လှူဒါန်း နိုင်ဖို့ စီစဉ် နေကြ ပါတယ်။ 

စည်ခန်းကြီး တွင် သောင်တင် နေသည့် ဒေသခံ လူထု ကတော့ မိုင် ( ၄၀ ) ခန့် ဝေးသည့် ဗန်းမော် သို့ သွားရန် အာသီသ မရှိကြပဲ စပါးများ ရိပ်သိမ်းချိန် ဖြစ်တာကြောင့် ရွာ သို့ အမြန် ပြန်နိုင်ရေး ငြိမ်သက် မည့် အခြေအနေ တစ်ရပ်ကို စောင့်ကြည့် ရင်း စည်ခန်းကြီး မှာ ဆက်လက် တိမ်းရှောင် နေလို ကြပြီး အစိုးရ နှင့် NGO အဖွဲ့အစည်းများ ၏ လုံလောက် ထိရောက်သော အကူအညီ အထောက် အပံ့များ မရောက်ရှိ ပါက ရက်ရှည် ရပ်တည်ရန် အခက်အခဲ ပြဿနာ များနှင့် ရင်ဆိုင် နေရဦးမှာ လည်း ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ မိုင်းများ မရှင်းလင်း သေးတာ ကြောင့် ရယ် KIA မှ ရွာ အတွင်းသို့ လက်နက်ကြီး များ ဖြင့် အချိန်မရွေး ပစ်ခတ် နိုင်တာ ကြောင့်ရယ် တို့ကြောင့် စစ်တပ်မှ ကောင်လွင်ရွာ အတွင်း အ၀င်အထွက် ကို မပြုလုပ် ခိုင်းသေးဘူး လို့ သိရှိ ရသည်။ 


ဧရာဝတီမြစ်ဖျားဆီက

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်