Saturday, December 07, 2013

လက်ပံတောင်းတောင် ဆာလ်ဖျူရစ်အက်စစ် စက်ရုံ ပတ်ဝန်းကျင်ရှိ ယာမြေများ မြေဆိပ်သင့်နေသည်ဟု ဓာတ်ခွဲစမ်းသပ်တွေ့ရှိ

Posted by drmyochit Saturday, December 07, 2013, under | No comments

လက်ပံတောင်းတောင်ဒေသမြင်ကွင်း။ ဓာတ်ပုံ - အောင်ပြည့်
လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း နယ်မြေရှိ ဆာလ်ဖျူရစ်အက်စစ် စက်ရုံပတ်ဝန်းကျင်ရှိ ယာမြေများ မှာ မြေဆိပ်သင့်မှုများဖြစ်ပေါ် နေသည်ကို ဓာတ်ခွဲစမ်းသပ်တွေ့ ရှိရကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုး တိုးတက်ရေး အသင်းမှ ဓာတ် ခွဲခန်း တာဝန်ခံဓာတုဗေဒပညာ ရှင် ဒေါက်တာကျော်ငြိမ်းအေး က ပြောသည်။ အဆိုပါရလဒ်သည် စိမ်းလန်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေးဓာတ် ခွဲခန်းနှင့် မြေအသုံးချရေးဦးစီး ဌာနပိုင်ဓာတ်ခွဲခန်းများတွင် စမ်း သပ်တွေ့ရှိ ချက်များဖြစ်ကာ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း အနီးရှိ လယ်ယာမြေခြောက်ကွက် မှ မြေဆီလွှာများကို စမ်းသပ် ဓာတ်ခွဲခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာ ၅ရက်တွင် ယင်းသို့ရလဒ်ထွက်ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာကျော်ငြိမ်းအေး က ''အခုတွေ့ရှိချက်က ဆာလ်ဖိတ် ပါဝင်မှုမြင့်မားနေတာကိုတွေ့ရှိ ရပါတယ်။ အခြားနိုက်ထရိုဂျင် တို့၊ ဘာတို့လဲများနေတာတွေ ရှိ ပါတယ်။ ဒါပေမဲ့ မြေဆီလွှာအနေ အထားအရလဲ များတာတွေရှိ တတ်ပါတယ်။ တော်တော် များ များကို တွေ့ရှိရတာကတော့ ဆာ လဖိတ်ပါဝင်မှုပါ။ ဆက်ပြီး လေ့ လာမှုတွေလုပ်ပြီး တိုင်းတာမှုတွေ လုပ်ဖို့လဲလိုပါတယ်'' ဟုပြောသည်။ ဆာလ်ဖိတ်ပါဝင်မှု အချိုး အစားအနေဖြင့် မြေဆီလွှာတစ် ကီလိုဂရမ်တွင် မီလီဂရမ် ၅၀ ထက်ပိုမိုပါဝင်နေ ပါက အလွန်မြင့် မားသည်ဟု သတ်မှတ်ထားပြီး ယခု ဓာတ်ခွဲစမ်းသပ်တွေ့ရှိမှုမှာ မီလီဂရမ် ၂၅ဝရှိနေကြောင်း သိ ရသည်။

အဆိုပါအသင်း၏ အုပ် ချုပ်မှု ဒါရိုက်တာဦးဝင်းမျိုးသူက ''ကန့်သတ်ပမာဏထက် ငါးဆ လောက်မြင့်နေတာ ကြောက်ခ မန်းလိလိပါပဲ။ စိုက်ပျိုးမြေတွေ မှာ ဒီလောက်အဆိပ်သင့်မှုတွေ ကိုတွေ့နေရရင် စက်ရုံထဲမှာနေ ထိုင်တဲ့ ရွာသူ၊ ရွာသားတွေမှာ ဘယ် လောက် အန္တရာယ်များမယ်ဆိုတာ တွေးကြည့်လို့ရပါတယ်။ ဒါကြောင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုဆန်း စစ်ချက် Health Impact Assess-ment တွေကို ချက်ချင်းဆောင် ရွက်သင့်ပါတယ်'' ဟုပြောသည်။ ယင်းနှင့် ပတ်သက်ပြီး ဒေသ ခံကိုဇေမောင်က ''ကျွန်တော်တို့ စိုက်ပျိုးရေးက အထွက်တော်တော် ကျသွားတယ်။ ဘယ်လောက် နည်းသွားတယ်ဆိုတာတော့ ပြော ဖို့ခက်တယ်။ အဲဒါကြောင့် အခု ဓာတ်ခွဲစမ်းသပ်တဲ့အဖြေကို စောင့် နေကြပါတယ်'' ဟုပြောသည်။

လက်ပံတောင်းတောင် ကြေး နီစီမံကိန်းသည် ၂၀၁ဝပြည့်နှစ်မှ စတင်ကာဆောင်ရွက်ခဲ့ပြီး ဆန္ဒ ပြမှုများကြောင့် အကောင်အ ထည်ဖော်မှုကို ခေတ္တရပ်ဆိုင်းခဲ့ ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ခုကိုဖွဲ့စည်းကာ စုံစမ်းစစ် ဆေးမှုများပြုလုပ်ပြီး အဆိုပါကော် မရှင်၏ အစီအရင်ခံစာအတိုင်း စာချုပ်ကို ဇူလိုင် ၂၄ ရက်က ပြန် လည်ချုပ်ဆိုခဲ့ပြီး ယခင်စာချုပ် များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အစီအမံ များ၊ အကျိုးအမြတ်ခွဲဝေမှု၊ သတ္တု တွင်းပြန်လည်အပ်နှံရေးနှင့် သတ္တု တွင်း ပိတ်သိမ်းရေး၊ လူမှုရေးတာ ဝန်ယူမှု CSR လုပ်ငန်းများနှင့် ပတ်သက်ပြီး တိတိကျကျ ဖော် ပြထားခြင်းမရှိကြောင်း သိရ သည်။

အောင်အောင်
Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်