အိမ်ထောင်ဘက်ရှာဖွေတွေ့ရှိဖို့ အခက်အခဲ ဖြစ်နေပါသလား။
ဒီကိစ္စကို ဝန်ဆောင်မှုပေးမယ်၊ အလုပ်အပ်ပါ ဆိုပြီး ရန်ကုန်အခြေစိုက် ကုမ္ပဏီတခုက ဆိုနေပါတယ်။
မြန်မာသူငယ်ချင်းရှာဖွေသူ တဲ့။ အောင်သွယ် လုပ်ငန်းကို စီးပွားဖြစ် အကျိုးဆောင်ပေးနေပါပြီ ဆိုပဲ။
လုပ်ငန်းကြော်ငြာကို စာနယ်ဇင်းမှာ ထည့်နေပါတယ်။ အပေါ်ပုံက အင်္ဂါနေ့ထုတ် Daily Eleven စာမျက်နှာ ၈ က ဖြစ်ပါတယ်။
ကုမ္ပဏီလိပ်စာကတော့ ကြော်ငြာမှာ ၃၄ လမ်း ကျောက်တံတားမြို့နယ် စသဖြင့် အသေးစိတ် တွေ့ရပါလိမ့်မယ်။
အစိုးရရဲ့ အွန်လိုင်းစာမျက်နှာတခုမှာတော့ ဒီကုမ္ပဏီ သြဂုတ်လနှောင်းပိုင်းမှာ မှတ်ပုံတင်ခွင့် တရားဝင် ရခဲ့တယ်လို့ ဆိုတယ်။
ဒီကုမ္ပဏီက ဝန်ဆောင်ခ ဘယ်လောက်ယူတယ် မသိပါ။
ဒါဟာ တရုတ်ကုမ္ပဏီဖြစ်နိုင်တဲ့အတွက် မြန်မာအမျိုးသမီးတွေကို မြန်မာပြည်အပြင်ဘက်က နိုင်ငံခြားသားများနဲ့ အောင်သွယ်ပေးဖို့များလား လို့ မေးသူက မေးနေကြပါပြီ။
သူငယ်ချင်းလိုအပ်လို့ လျှောက်လွှာတင်တဲ့အခါ အမြဲတမ်း ဝတ်စားဆင်ယင်တဲ့ အ၀တ်အစား၊ ဖိနပ်၊ ဖုန်း၊ အလှကုန် စသဖြင့်တို့ရဲ့ အမျိုးအစား အမည်တွေကို လျှောက်လွှာမှာ ဖြည့်ရမယ်လို့ Facebook မှာ တွေ့ရတဲ့ ပုံတပုံက ဆိုပါတယ်။
ဧရာဝတီ
Time in Rangoon



0 comments:
Post a Comment