Saturday, December 14, 2013

ဆယ်တန်းအမှတ်နဲ့ ကောလိပ်ဝင်ခွင့်၊ ဘာသာရပ်ရွေးချယ်မှု လူငယ်တွေအတွက် ထိခိုက်ဟု Crown ပြော

Posted by drmyochit Saturday, December 14, 2013, under | No comments



မြန်မာပြည်ပညာရေးစနစ်က ဆယ်တန်းအောင်မှတ်ကိုအခြေခံပြီး တက္ကသိုလ်နဲ့ ဘာသာရပ်တွေကို ရွေးချယ်စေ တာကြောင့် မြန်မာလူငယ်တွေ ပညာသင်ကြားရေးမှာ ဝါသနာနဲ့ ဘာသာရပ် ထပ်တူ မကျဖြစ်နေ တယ်လို့ Crown Education က ဒီဇင်ဘာ ၁၃ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ဒီလို ပညာရေးစနစ်ကြောင့် မြန်မာလူငယ်တွေ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းထဲ ဝင်ရောက်တဲ့အခါ နေရာကောင်းရဖို့ အခက်အခဲရှိတယ်လို့ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်ဆန်းက ဆိုပါတယ်။

ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာကျင်းပတဲ့ ပညာရေးဆွေးနွေးပွဲမှာ ပြည်ပနိုင်ငံတွေက တက္ကသိုလ်တွေမှာ ကျောင်းတက်ချင်တဲ့ မြန်မာလူငယ်တွေ ကိုယ့်ရဲ့မျှော်မှန်းချက်နဲ့ ကျောင်းရွေးချယ်မှုကို ပြောဆိုခဲ့ကြပါတယ်။

ကျောင်းသားလူငယ် ၇ဝကျော်လောက် တက်ရောက်တဲ့ ဒီဆွေးနွေးပွဲမှာ မြန်မာ့စီးပွားရေး တံခါးဖွင့်လိုက်တဲ့အခါ နည်းပညာနဲ့ စီမံခန့်ခွဲမှုအပိုင်းတွေ ခေတ်နောက်မကျစေဖို့ ဆွေးနွေးခဲ့ကြပြီး လူငယ်တွေအနေနဲ့ ဘယ်ဘာသာရပ်တွေကို တကယ်စိတ်ပါဝင်စားမှု ဘယ်လိုရှိလဲဆိုတာ ဆန်းစစ်နိုင်မယ့် နည်းလမ်းတွေကိုလည်း ပြောဆိုခဲ့ကြပါတယ်။

အနာဂတ်အတွက် ဘယ်လိုဘာသာရပ်တွေ ရွေးချယ်ရမလဲဆိုတဲ့အကြောင်း ဆွေးနွေးပွဲကို Crown Education က ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပါတယ်။

Video Link>>>>> Click

by Kamayut Media

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်