နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၅
လာဘ်စားမှု တိုက်ဖျက်ရေး ကြွေးကြော်သံဖြင့် အိန္ဒိယနိုင်ငံ၏ နယူးဒေလီမြို့တော် အုပ်ချုပ်ရေးမှူး ဖြစ်လာသော Arvind Kejriwal သည် အာဏာရယူအပြီး ၄၉ ရက်အကြာတွင် ရာထူးမှ နုတ်ထွက်သွား ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီ လွှတ်တော်တွင် အုပ်ချုပ်ရေးမှူးသစ် Arvind Kejriwal က လာဘ်စား မှု တိုက်ဖျက်ရေး ဥပဒေကြမ်း တစ်ရပ်ကို တင်သွင်းရာတွင် အတိုက်အခံ ပါတီကြီးနှစ်ခုက ပယ်ချခဲ့ပြီး နောက် အုပ်ချုပ်ရေးမှူးသစ်မှာ ရာထူးမှ နုတ်ထွက်သွားခြင်းလည်း ဖြစ်သည်။
အိန္ဒိယနိုင်ငံရေးကို အဓိက လွှမ်းမိုးထားသော ပါတီကြီး နှစ်ခုဖြစ်သည့် BJP ပါတီနှင့် Congress ပါတီတို့မှ လွှတ်တော် အမတ်များက ဗဟိုအစိုးရက လက်ခံသဘောတူညီချက် မရဘဲ ဥပဒေပြုခွင့်မရှိဟူသော အကြောင်းပြ ချက်ဖြင့် နယူးဒေလီ မြို့တော် အုပ်ချုပ်ရေးမှူးသစ်၏ လာဘ်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို ပယ်ချခဲ့ခြင်း ဖြစ်သည်။
မကြာသေးခင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး နယူးဒေလီမြို့တော် အုပ်ချုပ်ရေးမှူးအဖြစ် ၄၉ ရက်ကြာ သက်တမ်းသာ ရှိသေးပြီး ၎င်းတင်သွင်းသော လာဘ်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို ကန့်ကွက်ခဲ့ပါက ရာထူးမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ထားပြီး ယခု နုတ်ထွက်စာ တင်ခဲ့ခြင်းလည်း ဖြစ်သည်။
“လာဘ်စားမှု တိုက်ဖျက်ဖို့ ရည်ရွယ်တဲ့ ကျွန်တော့်ရဲ့ ကြိုးပမ်းမှုကို ပါတီကြီးနှစ်ခုက ပိတ်ပင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့က ရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ၎င်း၏ပါတီ Aam Aadmi Party ဌာနချုပ်ရှေ့တွင် ၎င်းကို ထောက်ခံသူများကို မိန့်ခွန်း ပြောကြားခဲ့သည်။
လာဘ်စားမှု တိုက်ဖျက်ရေး ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့သော Aam Aadmi Party ပါတီသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကျင်းပသော နယူးဒေလီမြို့တော် ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၂၈ မဲဖြင့် အနိုင်ရရှိခဲ့သည်။
အမတ်နေရာ ၇၀ ရှိသော နယူးဒေလီမြို့တော် လွှတ်တော်တွင် အစိုးရဖွဲ့နိုင်သည့် လွှတ်တော်အမတ် အရေအတွက်ကို မည်သည့်ပါတီကမျှ ရရှိခြင်း မရှိခဲ့ဘဲ BJP ပါတီက ၃၁ နေရာ၊ INC ပါတီက ရှစ်နေရာသာ ရရှိခဲ့ပြီး ပါတီသစ် Aam Aadmi Party က အမတ်နေရာ ၂၈ နေရာအထိ ရရှိခဲ့သည်။
Credit To : The Voice Weekly
Time in Rangoon


0 comments:
Post a Comment