Monday, February 17, 2014

ကိုယ်ဝန်ရှိနေကြောင်း တွေ့ ရှိရ၍ စစ်မြေပြင်ကနေ ဗြိတိန်အမျိုးသမီးတပ်သား ၂၀၀ ကျော်ကို နေရပ်ပြန်ပို့ 

Posted by drmyochit Monday, February 17, 2014, under | No comments


စစ်မြေပြင်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဗြိတိန် အမျိုးသမီးတပ်သား ၂၀၀ ကျော်ဟာ ကိုယ်ဝန်ရှိနေကြောင်း စစ်ဆေးတွေ့ ရှိရတာကြောင့် ဗြိတိန်သို့ ပြန်ပို့ ခြင်းခံခဲ့ရပါတယ်။

ရှေ့ တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေချိန်အတွင်း ကိုယ်ဝန်ရရှိမှုကို တားမြစ်ထားတဲ့ ဥပဒေစည်းကမ်းတွေကြောင့် အာဖဂန်နစ္စတန်မှာ တာဝန်ကျနေတဲ့ အမျိုးသမီးတပ်သား ၉၉ ယောက်နဲ့  အီရတ် က အမျိုးသမီးတပ်သား ၁၀၂ ယောက်ကို ရွှေ့ ပြောင်းပေးခဲ့တာဖြစ်ပါတယ်။

တပ်မှူးတွေဟာ ကိုယ်ဝန်ရှိကြောင်း တွေ့ ရှိရတာနဲ့  ဒီအမျိုးသမီးတပ်သားတွေကို လူနာတင်လေယာဉ်တွေနဲ့  ဗြိတိန်ကို ပြန်လည်ပို့ ဆောင်ဖို့ အမိန့် ပေးခဲ့တယ်လို့ သိရှိရပါတယ်။

အမျိုးသမီးတပ်သားတွေဟာ စစ်တပ်ထဲဝင်ရောက်ရာမှာ ကိုယ်ဝန်ရှိကြောင်း ဆေးစစ်မှုတွေ မခံယူခဲ့ရဘူးလို့  ဆိုပါတယ်။ ဗြိတိန်စစ်တပ်မှာ ၀င်ရောက်ထမ်းဆောင်မယ့် အမျိုးသမီးတပ်သားတွေကို သူတို့ ရဲ့ အရှက်သိက္ခာကြောင့် အတင်းအဓမ္မ စစ်ဆေးခွင့်မရှိပါဘူး။

ဒါပေမယ့်လည်း ကာကွယ်ရေးဝန်ကြီးဌာနဟာ ဒီဥပေဒေကို ပြင်ဆင်သွားဖို့ ရှိပြီး အမျိုးသမီးတပ်သားတွေဟာ နောင်မှာ မဖြစ်မနေခံယူရမယ့် စစ်ဆေးမှုတွေ ရှိလာမယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ စစ်မြေပြင် မှာ တာဝန်ကျနေတဲ့ တခြားအရာရှိတပ်သားတွေဟာ အန္တရာယ်အခြေအနေမှာ ရှိနေချိန်မှာ ကိုယ်ဝန်ရှိနေတဲ့ တပ်သားတွေကတော့ ဘေးလွတ်ရာကို ရွှေ့ ပြောင်းနေ နေရတဲ့အတွက် ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ တရားဝင်သတင်းအချက်အလက်တွေအရ ၂၀၀၆ ခုနှစ်အာဖဂန်စစ်မြေပြင် နဲ့ ၂၀၀၃-၂၀၀၉ အီရတ်စစ်မြေပြင်ကနေ ကိုယ်ဝန်ရှိတပ်သား စုစုပေါင်း ၂၀၁ ယောက်ကို ရွှေ့ ပြောင်းပေးခဲ့ရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအရေအတွက်ဟာ စစ်တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတပ်သား အရေအတွက်နဲ့ ယှဉ်မယ်ဆိုရင် တစ်ရာခိုင်နှုန်းတောင် မရှိပါဘူးလို့ သိရပါတယ်။

အမျိုးသမီးတပ်သားအများစုဟာ ကိုယ်ဝန်ကို ဗြိတိန်နိုင်ငံက မထွက်ခွာခင်ကတည်းက ရရှိခဲ့တာဖြစ်ပြီး၊ အနည်းစုကတော့ ရှေ့ တန်းမှာတာဝန်ထမ်းဆောင်နေချိန်မှာ ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တာဝန်ထမ်းဆောင်နေချိန်မှာ ကာမဆက်ဆံနေကြောင်း တွေ့ ရှိရင် ရာထူးအဆင့်အတန်းအလိုက် ထိရောက်စွာ အပြစ်ပေးမှုတွေ ရှိပါတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Ref: Dailymail
From: Trend Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်