Monday, February 17, 2014

တရုတ် အရာရှိပေါင်း ၃၇၀၀၀ ကို လာဘ်စားမှုဖြင့်စစ်ဆေးခဲ့

Posted by drmyochit Monday, February 17, 2014, under | No comments



2013ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဖြစ်ပွားခဲ့သော လာဘ်စားမှုပေါင်း ၂၇၀၀၀ ကျော်နှင့်ပက်သက်၍ အစိုးရ အရာရှိ ပေါင်း ၃၇၀၀၀ကျော်ကို တရုတ်နိုင်ငံက စစ်ဆေးခဲ့သည်ဟု နိုင်ငံပိုင်ရှင်ဟွာသတင်းဌာနက ပြောကြား ခဲ့သည်။

အမှုပေါင်း၂၇၂၃၆မှုတွင် ၁၂၈၂၄မှုသည် ယွန်ငွေ သန်းထောင်ပေါင်း ၅.၅၁ သန်း (ဒေါ်လာ သန်းထောင်ပေါင်း ၀.၉ သန်း) ပါဝင်ပက်သက်နေပြီး “ပြည်သူများအတွက်ဆုံးရှုံးမှု” အဖြစ် ရလဒ်ထွက်ပေါ်ခဲ့သည် ဟု ရှင်ဟွာသတင်းဌာနက ဖော်ပြခဲ့ကာ အသေးစိတ်ပြောကြားခြင်းမရှိခဲ့ပေ။
တရုတ်၏ ထိပ်တန်း တရားစီရင်ရေးအဖွဲ့ဖြစ်သော Supreme People’s Procuratorate ၏ ဖော်ပြချက်ကို ရှင်ဟွာသတင်း အေဂျင်စီက ကိုးကားဖော်ပြခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ဇန်နဝါရီလမှ လွန်ခဲ့သောသြဂုတ်လအတွင်း ငွေအလွဲသုံးစားလုပ်မှုများ သို့မဟုတ် လာဘ်ယူမှုများဖြင့် လူပေါင်းနှစ်သိန်းကို စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း တရုတ်ထိပ်တန်း အစိုးရရှေ့နေ ကောင်ကျန်မင်းက အမျိုးသားပြည်သူ့ လွှတ်တော်ပါလီမန်တွင်ပြီးခဲ့သည့် အောက်တိုဘာလ၌ ပြောကြားခဲ့ပြီး ဖြစ်သည်။

အာဏာစတင်ရရှိလာသည့် လွန်ခဲ့သော တစ်နှစ်ကျော်ကျော် မှစ၍ ကွန်မြူပါတီဥက္ကဌ ရှီကျင်ပင်းက လာဘ်စားမှုသည် ပါတီအားဖျက်ဆီးနေကြောင်းသတိပေးကာ လာဘ်ပေး လာဘ်ယူမှုများကို တင်းမာစွာကိုင်တွယ်လာခဲ့သည်။

ပါတီသန့်စင်မှုကိုထိမ်းသိမ်းရန်အတွက် ထိပ်တန်းအရာရှိများ သို့မဟုတ် ကျားများကို အဆင့်နိမ့် ယင်ကောင် များနှင့်အတူ ချေမှုန်းမည်ဟု ၄င်းကခြိမ်းခြောက်ခဲ့သည်။
တစ်ချိန်တည်း မှာပင် ညစာစားပွဲများနှင့် လာဘ်ပေး လာဘ်ယူမှုများအား တားမြစ်ခြင်းများအပါအဝင် ကန့်သတ်ချက် များစွာကို ၄င်းက အရှိန်အဟုန်မြှင့်လုပ်ဆောင်ခဲ့သည်။

Credit : ဖိုးသူတော်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်