Monday, February 17, 2014

လူ၂၀ကျော်သတ်ခဲ့တဲ့ ၁၉နှစ်အရွယ်မိန်းကလေး

Posted by drmyochit Monday, February 17, 2014, under | No comments


မီရန်ဒါဘာဘာ ဆိုတဲ့ ၁၉နှစ်အရွယ်မိန်းကလေးဟာ လျှို့ ဝှက်အဖွဲ့ အစည်းတစ်ခုရဲ့ အဖွဲ့ ဝင်ဖြစ်ပြီး  အမေရိကန်ပြည်နယ်တလျှောက် လူသတ်ခဲ့ရာမှာ ၂၂ ယောက်မြောက်သတ်ပြီးတဲ့နောက်မှာ သူသတ်ခဲ့တဲ့ လူအရေအတွက်ကို ရေတွက်ခြင်းမပြုတော့ဘူးလို့ ဆိုပါတယ်။

အလာစကားစေတန်ဆိုတဲ့လျှို့ ဝှက်ဂိုဏ်းရဲ့ အဖွဲ့ ဝင် တစ်ယောက်ဖြစ်တဲ့မီရန်ဒါဟာအင်တာနက် ကနေတွေ့ ခဲ့တဲ့လူတစ်ယောက်ကိုသတ်ခဲ့တဲ့အမှုနဲ့ အဖမ်းခံရပြီးစစ်ဆေးရာက အနည်း ဆုံးလူ ၂၂ယောက်ကိုသတ်ခဲ့ တယ်လို့ ဝန်ခံပါတယ်။သူက အသက် ၁၃နှစ်အရွယ်မှာ အလာစကာစေတန်ဆိုတဲ့လျှို့ ဝှက်အဖွဲ့ ကိုဝင်ရောက်ခဲ့ချိန်ကစပြီး လူသတ်ခဲ့တယ်လို့ ဝန်ခံပါတယ်။

မီရန်ဒါဘာဘာက ပင်ဆယ်ဗေးနီးယားပြည်နယ်ကဖြစ်ပါတယ်။
” ကျမသတ်တာ ၂၂ယောက်ဖြစ်တော့  သတ်ခဲ့တဲ့လူတွေကိုရေတွက်တာရပ်လိုက်ပါတယ်”လို့ြေ့ပာပါတယ်။
နိုဝင်ဘာ၂၀၁၃မှာ မီရန်ဒါဟာ လီဖာရာရာနဲ့ အိပ်ဖို့ အတွက်  ဒေါ်လာ၁၀၀နဲ့  အပေးအယူတည့်ပြီး မော်လ်ထဲကနေ ကားနဲ့ ခေါ်လာပါ တယ်။ သူ့ ယောက်ျားက ကားနောက်မှာပုန်းပြီးလိုက်လာပါတယ်။သူက အသက်၄၂နှစ် အရွယ် လီဖာရာရာကို ဓားနဲ့  အချက်ပေါင်း၂၀လောက်ထိုးခဲ့တယ်။သူ့ ယောက်ျားက လည်ပင်းမှာကြိုးနဲ့ တုပ်ထားပေးတယ်လို့ သိရပါတယ်။
“အမှန်တော့ သူ ကအဲဒီလိုဓားနဲ့ ထိုးသတ်ခံရဖို့ မဟုတ်ပါဘူး။ သူက မဟုတ်တာပြောတယ်လေ။အဲဒါနဲ့ စိတ်မထိန်းနိုင်တော့ဘူး။

ကျမယောက်ျားကလည်ပင်းကိုညှစ်ထားပေးတယ်။”

သူ့ ရဲ့ ပထမဆုံးလူသတ်တဲ့အတွေ့ အကြုံကို ပင်ဆယ်ဗေးနီးယားနေ့ စဉ်ကိုပြောပြရာမှာ ။ခေါင်းဆောင်က ကျမကို နင်သူ့ ကိုပစ်ရမယ်လို့ ပြောတယ်။ ကျမကသေနတ်တွေကိုမုန်းတယ်။ကျမသေနတ်မသုံးဘူး။သူကကျမနောက်ကိုလာပြီး သူ့ လက်နဲ့ ကျမလက်အပေါ်မှာဖိပြီး သေနတ်ခလုတ်ကိုညှစ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး ကျမ လူတွေဆက်တိုက်သတ်ဖြစ်နေတော့တာပါပဲ။ အဓိကသတ်တဲ့နေရာက အလက်စကားပြည်နယ်မှာဖြစ်တယ်။တက္ကဆက်၊မြောက်ကယ်ရိုလိုင်းနားနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တွေ မှာလည်း သတ်ခဲ့တယ်လို့ ဝန်ခံခဲ့တယ်။

အကယ်၍ပြန်ထွက်လာခဲ့ရင်လူသတ်ဖြစ်မှာစိုးရိမ်လို့  သူက အချုပ်ထဲကနေအပြင်ကိုပြန်မထွက်ချင်ဘူး လို့ အင်တာဗျူးတစ်ခုမှာပြောခဲ့ပါတယ်။မီရန်ဒါဘာဘာနဲ့ သူယောက်ျားအီလစ်တို့ ဟာ ထရွိုင်လာဖာရာရာကို သတ်ခဲ့တဲ့အမှုအတွက်သေဒဏ်ကျခံရဖွယ်ရှိပါတယ်။

Credit: the melting pot 4U

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်