၁၉၈ဝ-၈၁ ခုနှစ်က ဖြစ်သည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်။ ပါတီကောင်စီ တို့၏ စီမံချက်၊ လမ်းညွှန် မှုဖြင့် ရုပ်ရှင်ကောင်စီ မှ ရန်ကုန် ပတ် ဝန်းကျင် ရှိ မြို့နယ် များတွင် ပြဇာတ် နှင့် ပဒေသာက အဖွဲ့နှစ်ဖွဲ့ ခွဲ၍ လှည့် လည် ကပြဖျော်ဖြေရသော အချိန်။
မမှတ်မိတော့သော ညတစ်ည ကြည့်မြင်တိုင် ရှိ အထက်တန်း ကျောင်း တစ်ကျောင်းတွင် ကျွန်တော်တို့ ပြဇာတ် အဖွဲ့ (၂)မှ ကပြရန် အလှည့် ကျသော နေ့ဖြစ်ပါသည်။ ကပြရန် ရက်မှာ နှစ်ည ဖြစ်သည်။ ၄င်းမြို့နယ်မှ တောင်းဆိုပါ ကနောက်ထပ် ရက်တိုး၍ ကပြကြရမည် ဖြစ်သည်။
ကျွန်တော်တို့ အဖွဲ့နှစ်ဖွဲ့တွင် ဒါ ရိုက်တာ ဆရာ ရန်နိုင်စိန်က ဦးစီး၍ ကြီးကြပ်သူ များမှာ ပြည်ထောင်စု ဦး ကျော်နိုင်၊ မင်းသားစိုးရွှေ၊ ဦးဘသက် (မန်း)နှင့် ကျွန်တော်ဖြစ် ပါသည်။ ပါဝင် ကပြသူများမှာ တော်လှန်ရေး ခေတ် သုံးခေတ်ပြဇာတ် တွင် ကျွန်တော် (စာ ရေးသူ)၊ မင်းသားမြင့်စိုး၊ မင်းသား မျိုးမြင့်၊ ဒေဝ၊ ကျော်သန်း၊ မင်းသမီး မှာ ကြည်ကြည်ဝေနှင့် ၁/၁၉၇၉ ရုပ်ရှင် သရုပ်ဆောင် သင်တန်းမှ သင်တန်းသူ၊ သင်တန်းသားများ ပါဝင်ကြပါ သည်။ ကပွဲမှာ ကြုံသလို ကသော ပဒေသာက ပွဲမျိုး ဖြစ် ပါသည်။ ကလေး နှစ်ပါး သွားလည်း ပါသည်။ တချို့ ကျောင်းမှ ကျောင်းသူလေး များကသော ယိမ်းအဖွဲ့လည်း ပါသည်။
ကျွန်တော် ပါသော ပြဇာတ်မှာ ဂျပန်တော်လှန်ရေး ဇာတ်လမ်း ဖြစ်သဖြင့် မင်းသား မြင့်စိုးနှင့် သူငယ်ချင်း ဖြစ်သော ကျွန်တော့်အား တိုက်ပွဲတွင် သေ နတ်မှန်၍ ထွက် လာသော အခန်း…။ ပထမကသော ညတွင် သေနတ် ဒဏ် ရာဖြင့် ထွက်လာပြီး သူငယ်ချင်း ရဲဘော် မြင့်စိုးကိုခေါ်၍ စကားပြောပြီး သေရ သည့် အခန်းဖြစ်သည်။
နောက်ည အတွက် ၄င်းနေရာတွင် သီချင်း ထည့်လျှင် ကောင်းမည်ဟု စဉ်း စားမိ၍ ဆရာ ရန်နိုင်စိန်အား သီချင်း ထည့်ပေးရန် ပြောပြရာ၊ ဆရာက အဆင်သင့် မရှိ၍ ပထမည အတိုင်းက ရန် ပြောပါသည်။ ကျွန်တော်လည်း ငယ်စဉ်က ဆိုနေသော သီချင်း တစ်ပုဒ် ကိုသတိရ၍ မင်းသားကြီး စိုးရွှေအား ဆိုပြရာမှ သဘော ကျပြီး ၄င်းက မယ်ဒလင် တီးပြီး နေ့ပိုင်းတွင် အားချင်းတိုက် ၍ ညကသော အခါ ကျွန်တော့်ကို သေနတ်မှန်သည့် အခန်းတွင် ကျွန်တော် သီချင်း ဆို၍ ထွက်လာသည်။ ပရိသတ် သဘော ကျသွားသည်။ ဆရာ ရန်နိုင်စိန် ကလည်း ဝမ်းသာအားရဖြင့် ကောင်းချီးပေးသည်။
ပြဇာတ် ကပြပြီးသော ည ၂ နာရီ အချိန်တွင် ဇာတ်ရုံနောက်ဘက်သို့ ဗိုလ် ထွန်းလှ (တက္ကသိုလ်နေဝင်း) ယခင် ဗိုလ် ချုပ်အောင်ဆန်း ၏ အပါးတော် မြဲဖြစ်ခဲ့ သူရောက် လာပြီး ကိုစိုးရွှေအား”ပြဇာတ် ထဲမှာ သေနတ်မှန်လို့ ဆိုသွားတဲ့ သီချင်း ဘယ်ကရသလဲ” ဟုမေးပါသည်။ ထို့ နောက် သူ့အား ရေးပေးရန် ပြောပြီး ”အဲ့ဒီ သီချင်းကို ဗိုလ် ချုပ်အောင်ဆန်း သိပ်ကြိုက်တာဗျ” ဟုလည်းပြောပြပြန် ပါသည်။
မင်းသားကြီး ကိုစိုးရွှေက ကျွန်တော့် ဘက် လှည့်၍ ”အဲဒီသီချင်းက ကို ဌေးအောင် ရတာ။ ကျွန်တော် ရတာ မဟုတ်ဘူး” ဟု ပြောပြရာ ကျွန်တော့် ဘက်ကိုလှည့်လာ ပါတော့ သည်။ ဒီသီ ချင်း ဘယ်လိုရခဲ့သလဲ ဆိုသည့် သဘော မေးတော့သည်။
ကျွန်တော့် ဦးလေး ဂျပန် တော်လှန်ရေး က ပြန်လာပြီးနောက် ရန်ကုန် မှာ ပြည်သူ့ ရဲဘော် သင်တန်းတက်ပြီး ပြန်လာတုန်း ကသူ့ဆီက တစ်ဆင့် ကျွန် တော် ရကြောင်း ပြောပြ လိုက်ပါသည်။
ဗိုလ် ထွန်းလှက ”ဟုတ်တယ်ဗျ” ပြည်သူ့ ရဲဘော် ဌာနချုပ် ကို ဗိုလ်ချုပ် ရောက်တိုင်း ”ဟိုရဲဘော် လာကွာ။ တီးစမ်း ဆိုစမ်းနဲ့ အမြဲပဲ အဲဒီသီချင်းကို ဆိုခိုင်း တီးခိုင်းတာ” ဟု ကျွန်တော့် အား ပြောပြပြီး ”ကိုင်း ဒါဖြင့် ကျွန်တော့်ကို ရေးပေးစမ်းပါဗျာ” ဆို၍ ရေးပေးလိုက်ရ ပါသည်။ သီချင်း အမည်က ”ကျွန်နိုင်ငံ” ဖြစ်၏။
►ကျွန်နိုင်ငံ
ကျွန်…နိုင်…ငံ.. လက် အောက်ခံကျွန် ဘဝက သေတာပင် မြင့် မြတ်လှတော့ တယ်။ ရာထူးဂုဏ် xxx စည်းစိမ် ဂုဏ်တွေ တိုးပေမယ့် တစ်မျိုး လုံးဖြင့် မလွတ် လပ်တယ်x x သိမှတ် ဖွယ်မှန် တကယ်၊ အသက် နဲ့လဲခါ… ကျွန်စာရင်းက …ကင်းရှင်းလွတ် မြောက်…ဘွယ်။
အဓိဋ္ဌာန်ထား..လို့ မြတ်ဘုရား မှာတိုင်တည်… ရန်သူဆိုး… မိစ္ဆာ မျိုး…ကို ..တကယ်..ငြှိုးခါပ.. နစ်နာလှတာ..မသွေတိုင်..တည် ဖြစ်ရာ ဘဝ..က ..မကြေနိုင်တယ် xxx အကြောင်း မသင့်ခါရယ်…ခုစစ်ပွဲ မှာ သွေချော်လွဲ…အသက်ပင်သေ သော်လည်း စွဲလမ်း မပျက်တယ်။ တို့ရဲ ဘော်တွေ …သွေးမကွဲတမ်း သာပ ..ထာဝစဉ် ပါကွယ်… ကျွန်တော်ရဲ့ ဝိညာဉ်လေးဟာ လိုက်ခါ သာပဲ စစ် တိုက်လျက်ရှိမယ်…။
ဘယ်သူရေး၍ ဘယ်သူဆိုခဲ့မှန်း မသိခဲ့ရသည့် ဗိုလ်ချုပ်အောင်ဆန်း ကြိုက်သော တေးတစ်ပုဒ် ဆိုသည်ကို ကျွန်တော်ပြဇာတ် ကရင်း ဆိုခဲ့ဖူးပါ သည်။
ဌေးအောင်(ဆွေဗမာ)
Popular Myanmar News Journal
0 comments:
Post a Comment