Thursday, February 13, 2014

စုံတွဲအနေနဲ့ ပွဲတက်ဖို့ ဆိုတာ လိုပါသေးတယ် ဝတ်မှုန်ရွှေရည်

Posted by drmyochit Thursday, February 13, 2014, under | No comments



စုံတွဲအနေနဲ့ ပွဲတက်ဖို့ ဆိုတာ လိုပါသေးတယ် ဝတ်မှုန်ရွှေရည် ကစ်က နောက်ပိုင်းမှာ ဇာတ် လမ်းပုံစံလေးတွေ ရွေးရိုက်လာတော့ မြန်မာပြည်မှာက ဇာတ်လမ်းပုံစံ အ သစ်အဆန်း ကရှားတယ်။ အဲဒီတော့ ဘယ်လို ရွေးချယ်ဖြစ်လဲ ဆိုတော့ ကစ်ကတော့ ကစ်ရိုက်ခဲ့တဲ့ ဇာတ် လမ်းတွေ၊ ဇာတ်ရုပ်တွေကို ချိန်ရိုက် တာပေါ့။ တစ်ခါ တလေကျရင် အ ကြောင်းကြောင့် စိတ်မပါဘဲ စိတ် ပါလိုက် ရတာတွေ ရှိတတ်တယ်။

မြန်မာဇာတ်ကားကြည့်တဲ့ ပရိသတ် တွေကလည်း အရမ်းအဆန်း အပြား ကြီးကို ကြည့်တာထက် မြင်နေကျ ဇာတ်လမ်းမျိုးတွေကိုပဲ စွဲနေတာ လေ။ အရမ်းကြီးပြောင်းလိုက်လို့ မရ ဘူး။ ဇာတ်လမ်း ကတော့ အရမ်းရှား ပါတယ်။ ဟောလိဝုဒ်တို့၊ ဘောလိ ဝုဒ်တို့လို နှစ်နှစ်၊ သုံးနှစ်နေမှ တစ်ခါ ရိုက်တာ မဟုတ်ဘူးလေ။ တစ်လ ကို သုံးကားရိုက်တယ်။ တစ်နှစ်လုံး ဆို သုံးဆယ့်ခြောက် ကားဖြစ်နေပြီ။ ဇာတ်လမ်း ကလည်း ရှားနေပြီ။ ပြီး တော့ တစ်ယောက်တည်း အတွက် လည်း မဟုတ်ဘူး။ မင်းသား၊ မင်း သမီးတွေအများကြီး အတွက်လေ။

အဲဒီကြား ထဲမှာမှ အကောင်းဆုံး လေးတွေ ရွေးချယ်ရိုက်ကူးရတယ်။ ဖြစ်နေတဲ့ အခြေအနေမှာ အကောင်း ဆုံးဖြစ်အောင် လုပ်ရတာပေါ့။ ဇာတ်ကားတွေ စရိုက်တုန်းကတော့ အခန်းနည်းပြီး ရိုက်ရတာမျိုးတွေ၊ လူမှုရေးအရ ရိုက်ပေး လိုက်ရတာ မျိုးတွေရှိခဲ့ပေမယ့် အဲဒါက ဘဝ အတွက် အကြီး အကျယ်ကြီးဖြစ် သွားတာမျိုးတွေ မရှိခဲ့ဘူး။ ကိုယ့်အ နေနဲ့ နာမည်လည်း မကြီး သေးဘူး လေ။ ဒါပေမဲ့ပြော ရလောက်အောင် တော့ မဟုတ်ပါဘူး။ ကစ်ကတော့ အမြဲကြိုး စားနေတဲ့ သူပါပဲ။ ကစ်က ရောပွဲတွေ တက်လာရင် တစ်ယောက် တည်း ဖြစ်နေတော့ ဘယ်တော့ လောက် စုံတွဲတက် လာတာကိုမြင် ရမလဲဆိုတော့ မေမေဘေး ကပါပါ တယ်။ စုံတွဲတက်ဖို့ ဆိုတာ လိုပါသေး တယ်။ ကစ်အတွက် မလိုသေးပါဘူး။

By 8 Days

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်