Thursday, February 13, 2014

မြန်မာမိန်းကလေးများသတိထားဖို့ ပါ---

Posted by drmyochit Thursday, February 13, 2014, under | No comments


ယိုးဒယားမှာ အလုပ်လုပ်နေတဲ့ တိုင်းရင်းသားညီငယ်လေးတစ်ယောက် ကျနော်မေးလ်ဘောက်(Mail Box) ထဲပို့ လာတဲ့  စာလေးကို သူ ရေးတဲ့ အတိုင်းလေးပဲပြန်ပြီးတင်ပြပါ့မယ်-ဒီညီလေးက ဗမာစာတော့ ကျွမ်းကျွမ်း ကျင်ကျင် မရေးတတ်ပေမဲ့ သူ့ ရဲ့ စေတနာလေးကိုတော့ မြန်မာပြည်သူတွေ အားလုံးနားလည်လိမ့်မယ်လို့ ထင်ပါတယ်-
ကျနော်ဓါတ်ပုံတောင်းလို့  သူ ထဲ့ပေးလိုက်တဲ့ ပုံတွေကိုလဲ ရှယ်ပေးလိုက်ပါတယ်-မြန်မာအမျိုးသမီးများ သတိထားနိုင်စေဖို့ ပါ--အောက်ပါအတိုင်းပါပဲဖတ်ကြည့်ပါဦး

"ကျနောဦးကိုပြောပြချင်တယ်

အခုကျနောthailandမှာပါ

ကျနောယိုဒယားတစ်ယောက်နဲ့တအားခင်တယ်

သူကမြန်မာ'လော'ကမ္ဘောဒီယာကရောက်လာတဲ့အလုပ်သမားတွေကို

အလုပ်ရှာပြီးပို့ပေးတယ်

မနေ့ကကျနောကိုပြောပြတယ်

အခုkaraokeနဲ့အနိပ်ခန်းမှာအလုပ်သမားမရှိတော့

မြန်မာနိုင်ငံကိုလာပြီvisaတွေလုပ်ပေးပြီဒီအလုပ်တွေလုပ်ခိုင်းမယ်တဲ့

မြန်မာအမျိုးသမီတွေကိုလိမ်ခေါ်ပြီးပြည်တန်ဆာခန်းကိုသွင်းမယ်တဲ့

အယောက်တစ်ဆယ်ကျော်လောက်အလယ်visaနဲ့လာလုပ်ပေးပြီးခေါ်လာဖို့ပြောတယ်

ကျနောစာရေးပြီသတိပေးချင်တယ်မြန်မာနိုင်ငံသူ မတွေကို

ဒါပေမဲ့ကျနောကပညာတတ်မဟုတ်တော့အဓိပ္ပါယ်စုံအောင်မရေးတတ်တော့ခက်တယ်

ဦးကိုအကူညီတောင်ပြီshareပေး သတိပေးပါလို့အကူညီတောင်းချင်ပါတယ်ဦးကျေးဇူးပါနောဦးကျနောနှောက်ယှက်တယ်လို့မမြင်နဲ့နောမြန်မာအမျိုးသမီးဘဝပျက်ဒါကိုမခံချင်လို့ပါ
ပြောတဲ့လူကဖီးအေ
အလုပ်က စာလာယာနှင့်စိုင်စီမာလိုပြောတယ်

ဒါပေမဲ့ဖီးအေဆိုင်မဟုတ်ဘူး

သူဋ္ဌေးတယောက်ကသူကိုခိုင်းဒါ

မြန်မာနိုင်ငံကိုသွားဖို့စာရိတ်အကုန်ကျခံပေးမယ်တဲ့

ဖီအေကမြန်မာကိုကျောက်စိမ်းအဝယ်ကိစ္စနှင့်မကြာခဏသွားပါတယ်

ဒီဘက်မှာတော့taxiမောင်းနေပါတယ်

နောက်တခုကမြန်မာကရောက်လာတဲ့အလုပ်သမားတွေကိုအလုပ်ရှာပို့ပေးတယ်

ဥပမာသူဋ္ဌေးက လစာ၁၀၀၀၀ဘာတ်ပေးရင်အလုပ်ရှင်က၈၀၀၀လောက်ပဲရတယ်

သူကကြားမှာတစ်လကို၂၀၀၀လောက်ဖြတ်စားတယ်၃'၅အထိအဲလိုပါ

ယောက်ကျားလေဆိုရင်အလုပ်ရှာခ ၅၀၀'1000ဘတ်အဲလိုယူပါတယ်ဦး

အခုမြန်မာကိုလာဖို့သူဋ္ဌေးကဘယ်လိုပေးတယ်ဆိုဒါမသိဘူး"
လို့ ရေးလာပါတယ်--

သူဆိုလိုတာက ယိုးဒယားသူဌေးတွေကလူပွဲစားဒတွေဌားပြီး မြန်မာ နိုင်ငံကအမျိုးသမီးတွေကို အလည်အပတ်ဗီဇာ နဲ့ ခေါ်ပြီး-ဟိုမှာပြန်ရောင်းစားဖို့ ပါပဲ--
ဒါကိုမြန်မာနိုင်ငံကပြည်သူတွေသိအောင်အသိပေးခြင်းပါပဲ--
မြန်ပြည်သူတွေအားလုံးမိမိ နီးစပ်ရာကိုပြန်လည်ဝေမျှ အသိပေးစေချင်ပါတယ်--

ပေးပို့ သူ ညီလေးအားလဲ လေးစားဂုဏ်ပြုလိုက်ပါတယ်--

လေးကြီး(ရှမ်းပြည်)
(8 photos)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်