Friday, February 07, 2014

ကျောင်းသူလေးဦး ချောင်းအတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံး

Posted by drmyochit Friday, February 07, 2014, under | No comments

မြစ်ကြီးနား ၊ ၇-၂-၂၀၁၄

ကချင်ပြည်နယ် တနိုင်းမြို့ ၊ တနိုင်းတံတား အထက် ၂ မိုင်ခန့် အကွာတွင် ယမန်နေ့ နံနက် ၉ နာရီခွဲက ကျောင်းသူ ၄ ဦး တနိုင်းချောင်း အတွင်း ရေဆင်းချိုး ရာမှ ရေနစ် သေဆုံးခဲ့ရာ တနိုင်း မြို့မ ရဲစခန်း မှ ဒုတိယ ရဲအုပ် ပေါ်ထွန်း နှင့် တပ်ဖွဲ့ဝင်များ က သွားရောက် စစ်ဆေးရာ ဆဋ္ဌမတန်း ကျောင်းသူများ ဖြစ်ကြသည့် မဂျာဖာထောင် ၁၂ နှစ် ၊ မဂျာဘရင်း ၁၂ နှစ် ၊ မဆိုင်းထွယ်ပန် ၁၃ နှစ် နှင့် မဆိုင်းနူးပန် ၁၃ နှစ် တို့အား တနိုင်း ချောင်းအတွင်းမှ ဆယ်ယူ ရရှိပြီး ၄င်းတို့ ၄ ဦးအား တနိုင်း ပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောင်းသူ ၄ ဦး သေဆုံးမှုအား ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ် - မဟုတ် သိရှိနိုင်ရန် တနိုင်းမြို့မ ရဲစခန်းမှ သေမှုသေခင်း ဖွင့်လှစ်၍ စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

Myawady Daily Myawady


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်