Wednesday, March 19, 2014

ခရီးသည်တွေရဲ့ မိသားစုတွေ စောင့်မျှော်နေကြဆဲ

Posted by drmyochit Wednesday, March 19, 2014, under | No comments

လေယာဉ်ပေါ်ပါ ခရီးသည် မိသားစုတွေ
အိမ်အပြန် စောင့်နေတဲ့ သတင်းစကား
ပျောက်နေတဲ့ မလေးရှား လေယာဉ်ပေါ် လိုက်ပါသွားတဲ့ တရုတ် ခရီးသည်တွေရဲ့ ဆွေမျိုး မိသားစုတွေက သူတို့ အနေနဲ့ သတင်းအချက်အလက် နဲ့ ထောက်ပံ့မှု အပြည့်အဝ မရဘူး ဆိုပြီး အစာငတ်ခံ ဆန္ဒပြမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

မနေ့က အင်္ဂါနေ့တုန်းက ဘေဂျင်းမြို့မှာ လေကြောင်းလိုင်းက နေ့စဉ်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က အမှန်တရားကို ဖုံးထားတယ်လို့ ယုံကြည်နေကြောင်း သက်ဆိုင်ရာ မိသားစုဝင်တွေကပြောပါတယ်။

ဆွေမျိုးမိသားစုတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနေပြီလို့ အမျိုးသမီး တယောက်က ပြောပါတယ်။

အဲဒီလေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်ရဲ့ သုံးပုံနှစ်ပုံဟာ တရုတ် လူမျိုးတွေ ဖြစ်ပါတယ်။

မလေးရှားဖက်ကတော့ သူတို့ အနေနဲ့ ရှာဖွေမှုတွေကို လေယာဉ်သွားနိုင်တဲ့ လမ်းကြောင်း နှစ်ခု တလျှောက် စတုရန်း ရေမိုင် နှစ်သန်းကျော် အတွင်း ရှာဖွေ နေတယ်လို့ ဆိုပါတယ်။

From: BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်