Wednesday, May 28, 2014

ကိုယ်ဝန်သည်အမျိုးသမီး ဆွေမျိုးများသဘော မတူသည့် လူနှင့်လက်ထပ် မိလို့ အသတ်ခံရ

Posted by drmyochit Wednesday, May 28, 2014, under | No comments

သူမ၏အမျိုးသား
အလွန်ဝမ်းနည်းစရာကောင်းတဲ့ ပြစ်မှုတစ်ခုကို မေလ ၂၇ရက်၊ လဟောမြို ၊ ပါကစ်စတန်နိုင်ငံတွင်ဖြစ်ပွားခဲ့တဲ့အကြောင်းကို World Myanmar မှအနီးစပ်ဆုံး ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ ကိုယ်ဝန်လွယ်ထားသူအမျိုးသမီး တစ်ဦးသည် မိမိနှင့်လက်ထပ်ထားသူ အမျိုးသားအားမိဘများက သဘောမတူသဖြင့် သူမ၏ယောကျာင်္းအား သွေးဆောင်ဖျားယောင်သူဟုတရားစွဲဆိုထား သဖြင့်တရားရုံး သို့ ရင်ဆိုင်ရန် အသွားသူ မ၏ မိဘများနှင့်ဆွေ မျိုးများက မသေမချင်းကျောက် တုန်းဖြင့်ထုသတ် သဖြင့် အသက်သေဆုံးခဲ့ရသည်။ အဆိုပါမှုခင်း ကိုမြို့ လယ်ခေါင် တရားရုံး၏အ ပြင်ဖက်တွင်ဖြစ်ပွားခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သတ်၍သေဆုံးသူ၏ဖခင်အားချက်ချင်းဖမ်းဆီးပြီး ပါဝင် ပတ်သတ်သူများအား ဆက်လက် ဖမ်းဆီးရန်ပြုလုပ်နေသည်။ နှစ်စဉ်အလားတူဖြစ်ရပ် များစွာရှိသော်ငြားလည်း လူမြင်ကွင်းတွင်ကျောက်တုန်းဖြင့်ထုသတ်သည်မှာ အလွန်ပင်ရှားပါးလှသည်။ သူမသည် အသက် ၂၅နှစ်အရွယ် ဖာဇာနာ ပါဗင်ဖြစ်ပြီး သူနှင့်လက်ထပ်ထားသူအမျိုးသားမှာ အသက်၄၅နှစ်အရွယ် မိုဟာမတ်ဖြစ်သည်။ ဖခင်ဖြစ်သူမှာတော့ မိသားစုအားအရှက်သိက္ခာရအောင်ပြုလုပ်သောကြောင့် သတ်ရသည်ဟုထွက်ဆိုခဲ့သည်။

Ref: Yahoo News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်