Saturday, March 16, 2013

လက်ပံတောင်းရှင်းတမ်း(၂)

Posted by drmyochit Saturday, March 16, 2013, under | No comments

ကွန်ရက်စုံ သူပုန်ထ လမ်းစဉ်
*******************
လက်ပံတောင်းက ပွဲတော်ကြီး အလား မြိုင်မြိုင် ဆိုင်ဆိုင် ကို ဆွမ်းကြီး လောင်းခဲ့ကြ တာ.....ပြည် သူ့ ကွန် ရက် ဆိုတဲ့ ဟန်ဝင်းအောင်-ဗထူး တို့က ဘုန်းကြီးတွေ ပင့် ဖိတ်ပြီး သပိတ် စခန်းမှာ ထိုင်ခိုင်း ခဲ့တာ နဲ့ ဆက်စပ်နေ တယ်....အဲဒီတုန်းက ကျော်ကို ကိုတို့ရဲ့ ဗကသက အဓိက တာဝန် ယူ လှုပ်ရှား လာခဲ့တာ....ပြီးခဲ့တဲ့ လက်ပံတောင်း အခင်းဖြစ် ပွား မှုမှာ ဆွဲစေ့ လိုက်ကြတော့...ဗက သတွေ လည် သွားတယ်.

ပေါ်တင် မလှုပ် ရှားတော့ဘူး......ပြီးခဲ့တဲ့ အခေါက်မှာ ၈၈ က တစ်ယောက် မုံရွာမှာ အမာခံ ထား တယ်...ဘာ လုပ်ဖို့လဲ....
ဦးဝင်တင် Plan ချခဲ့တဲ့ ကွန်ရက်စုံ သူပုန်ထ လမ်းစဉ်မှာ Play Maker က Connector တွေပဲ... ဒီလူတွေ အတွက် ငွေကြေး ထောက်ပံ့ ဖို့ လိုတယ်....

ရန်ကုန်ကို ပြန်ရောက် လာတဲ့ ခင်ဥမ္မာရဲ့ ခြေလှမ်းတွေကို ကြည့်...လူ့အခွင့်အရေးမြှင့်တင်ရေး ခေါင်းစဉ် နဲ့ သွားတယ်..သူတို့က NDD ကို ဆက် လုပ်နေ ကြတဲ့ အဖွဲ့....ပြီးတော့ AB ဟောင်းတွေရယ်....၈၈ ရဲ့ Open Society တွေရယ် အားလုံးက ဆက်စပ်နေတယ်......

အရင်တုန်းက NLD လူငယ်တွေကို ချင်းမိုင်ကို ရွေးပြီး လွှတ်ခဲ့တာ ဒါတွေကို ဗဟုအဖွဲ့တွေ သိတယ်...ဒီလိုပဲ ထိုင်းနယ်စပ် သွားပြီး Training ပေးခဲ့တာ လူငယ်တင်မက ဘုန်းကြီးတွေပါ ပါတယ်....

ဗကသ ကိုကြည့်---သူတို့က ၈၈ ကို ဆရာတင်ထားတယ်.....ပွင့်လင်း လူ့ အဖွဲ့ အစည်း တစ်နိုင် ငံလုံး ကွန် ရက်ဖြန့် ဖို့ ၈၈ တွေ လိုက် လှုပ်ရှားနေတယ်....ပြည်သူ့ ကွန်ရက်က ဘယ်က လာသလဲ.....ဒါကို ဟန်ဝင်းအောင်- မိုးသီး ဇွန် မိုးကျရွှေ ကိုယ် အဆက် အစပ်ကို ကြည့်ရင် တွေ့လိမ့်မယ်..

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ် ကျင်းပတဲ့ (၁၂)ကြိမ်မြောက် အမျိုး သမီး နှီးနှော ဖလှယ် ပွဲကို သွဲ့သွဲ့ဝင်း သွားတက် တယ်...ဆိုတော့ ဘယ်သူတွေက ဘယ်လိုလုပ်ပြီး ဒီလို လွှတ်ပေးလိုက်တာလဲ...စုစုနွေးကို စင်တင်ပွဲ ထုတ်တာနဲ့ တပုံစံ တည်း ဖြစ်နေတယ်....
စုစုနွေး တုန်းက နောက်မှာ NLD က လုပ်ပေးခဲ့တယ်...အခု NLD မဟုတ်ရင် ဘယ်သူလဲ.....

မိုးသီးဇွန် လက်ပံတောင်း လာပြီး ဖျန်ဖြေရေးနဲ့ လေကန်ရေး လုပ်ခဲ့တယ်.....၈၈ ကျောင်းသူတွေ ပါတယ်....ခင် ဥမ္မာ သွဲ့သွဲ့ဝင်းကို ချင်းမိုင်ကို ခေါ်ခဲ့တယ်... သွဲ့သွဲ့ဝင်းက မကြောက်မရွံ့ ထောင် မကြောက် တန်း မကြောက် ပြန်အော် တတ်တာ တစ်ခု တည်းနဲ့ ပွဲထုတ် ခဲ့တာ...ဟန်ဝင်းအောင် တို့က တောသူ မတွေကို ဘာပြော ဘာပြော သင်ပေးပြီး သံမဏိမယ်တွေ ဖြစ်အောင် လုပ်ခဲ့တာ...မစန္ဒာ ဆိုတာ လဲ ပါတယ်...

ဒီလုပ်ငန်းတွေ လုပ်ဖို့ ဒေါ်လာ ၁ သန်း သုံးရင် ကောင်းကောင်းကြီး ရတယ် ဆိုတဲ့ အနေ အထား မှာ ၈၈ တွေ ဘာဖြစ်လို့ ရှောင်ထွက် သွားသလဲ...မင်းဇေယျက End Game လို့ ဘာဖြစ်လို့ ပြောခဲ့ သလဲ....ဆိုတာ တွေနဲ့ ပြန်ပြီး ချိတ် ဆက်ကြည့်..... ဒေါ်စုကို ဘေး ကနေ ပံ့ပိုးပေး မယ့် ၈၈ တွေ ဘာတွေ ကူညီခဲ့ တာ တွေ့ခဲ့သလဲ....တချို့ကလဲ ဖြေတွေးတွေးပြီး ဒေါ်စု မရှိရင် သူတို့ ကျန်ခဲ့အောင် ဆိုတာမျိုး ပြောတယ်...

၈၈ နဲ့ NLD နဲ့ တခြား စီပဲ ဒါတွေက ၉၀ ကတည်းက စည်းပြတ် ခဲ့ပြီးသား......၈၈ စတာ ကျောင်းသား ဒီတော့ ကျောင်း သားတွေ စင်ပေါ်ရောက်ရမယ် ဆိုတဲ့ အိုင်ဒီယာ......ဒါပေမယ့် ၈၈ က စသာစခဲ့ တာ..တစ်ကယ်တမ်း ကိုင်တွယ်ခဲ့ရတာက NLD ဆိုတဲ့ဘက်က တစ်မျိုး...ဒီတော့ NLD နဲ့ ၈၈ ဟာ လုံးလုံး ကွဲတယ်....

အဲဒီ အကွဲဟာ အခု ဦးဝင်းတင်ရဲ့ ကွန်ရက်စုံ သူပုန်ထ ကွက်လပ်ကြီးမှာ ၈၈ တွေ ၀င်လာစေ ခဲ့တာ ပဲ....ပြန်ပြီး ကြည့်ရင် လက်ပံတောင်း အရေး အခင်းမှာ ပြည်တွင်း -ပြည်ပ အလှူငွေတွေ နေရာ စုံက ၀င်ခဲ့ တယ်... ၈၈ ကလည်း ၀င်တယ်...နေမျိုးဇင်တို့ ဆီကလည်း ၀င်တယ်...သံဃာတွေ ဆီက လည်း ၀င်တယ်....ပြီးတော့ ပြဿ နာတွေ တက်တယ်...အလှူငွေတွေ ပျောက် ကုန်လို့.

အလှူ ရှင်တွေက ဒေါ်စုကို တိုင်တယ်...ဒီတော့ လက်ပံတောင်း ကိစ္စနဲ့ ပတ်သက် လို့ လှူချင်ရင် ကော်မရှင် ကိုပဲ လှူပါ ဆိုပြီး ဒေါ်စုက ပြောတယ်...ဒါကိုလည်း ကွန်ရက်တွေ ရှစ်ပူးတွေ မကြည် ခဲ့ဘူး....

အခု ဟာက ထောင် ထွက်တွေ က လမ်းခွဲလျှောက်ကြတဲ့ ပုံစံမျိုး ...NLD မှာ ဒေါ်စုက ပညာ တတ်တွေ အမျိုး သမီးတွေ တိုင်းရင်း သားတွေ ကို နေရာပေးတယ် တင်မြှောက် တယ်..ဒီတော့ အရင် တုန်းက အစိုးရ ကို ဆန့်ကျင် ရဲရင် နေရာရတဲ့ ခေတ် မဟုတ်တော့ သူတို့ တိုးလို့ မရတော့...၈၈ တွေကလဲ အသစ် စက်စက်တွေ ကိုမှ ပုံသွင်းချင်တာ...သူတို့ သြဇာခံမယ့်သူတွေ ... ထောင်မကျဘူးသေးတဲ့ လူငယ်သွေး သစ်ေ တွကို ပွင့်လင်းလူ့အဖွဲ့အစည်း လုပ်ချင်တာ..ဒီတော့ လွတ်နေ တဲ့ ကွန်ရက်တွေ က
ဦးဝင်းတင် လမ်းကြောင်း မှာပဲ ဆက်လျှောက်ပြီး ကိုယ့် ကိုယ်ကို ဆရာကြီးတင် ကွန်ရက် လမ်းကြောင်းတွေ ထွင် ကုန်ကြ တာပဲ...

ဒီလူတွေ က သပိတ်မှောက်မယ် ဆန္ဒပြမယ် တက်ကြွ လှုပ်ရှားမယ် ဆိုတဲ့ အဖွဲ့...သူတို့ကို Capacity building လုပ်ဖို့ နေနေ သာသာ NLD ရော ၈၈ ရော ကိုယ့်ဘာသာပြန်ပြီး တည်ဆောက်နေရတာကို မလွယ် ဘူး...ဒီမှာပဲ အပြင်က နိုင်အောင်-ခင်ဥမ္မာ-မိုးသီးဇွန်နဲ့ ထာဝရဆန့်ကျင်ရေးအဖွဲ့တွေနဲ့ ချိတ်မိသွား တာပဲ....ဒါနဲ့ တစ်ဆက်တည်း ထောက် ပံ့ မှုတွေ အလုံး အရင်းနဲ့ ၀င်လာတော့ တာပဲ...

ဝက်မှေး-တုံရွာ အစ
****************
အစက တုန်းက ရှင်းတယ်....လျော်ကြေး ထိုက်ထိုက်တန်တန် ရဖို့...အိမ်ကောင်းကောင်းရဖို့... လယ်လုပ်ခွင့် ရရှိဖို့.သူတို့ စတောင်း တာက ဒါပဲ....

ဒါပေမယ့် နောက်ပိုင်း မှာ အရှိန် ကောင်း လာတယ်....ဒီနောက်မှာ Eleven တို့လိုက တရုတ် ဆန့်ကျင်ရေး မီဒီယာ ကြီးတွေ ပါလာ တယ်.....တရုတ်ဆန့်ကျင်ရေး လှုပ်ရှားသူတွေ တိတ် တိတ်လေး ပါလာ တယ်...ပြီးတော့ သပိတ်စုံ သူပုန်ထကြမယ့် ကွန်ရက်တွေ နေရာအမျိုးမျိုးက ၀င်လာကြ တယ်...ဒီထဲမှာ အင်အားအကြီးမားဆုံးက ၈၈ အုပ်စုပဲ...ဒါပေမယ့် ၈၈ တွေက ဆိုးရော့ရဲ့ ထောက်ပံ့ကြေး တွေ တစ်ဘက် လှည့်နဲ့ လွှဲပေးပြီး ဘေးကို ရှောင် ထွက်တယ်.....

ရဲတွေ သပိတ် စခန်းကို မီးခိုးဗုံးနဲ့ မခွဲခင် ၈၈ အုပ်စုက ကိုယ်စားလှယ် မုံရွာမှာ အခြေ ချနေပြီ....ပြီးတော့ တစ်အုပ် စုလုံး ရောက် လာတယ်....ကော်မရှင်မှာ မပါနိုင်ဘူး ဖြစ်လာတယ်......ဒဏ်ရာရ ဘုန်းကြီးတွေဆီ သွားတယ်.....ဒီအ ချိန်မှာ ဒေါ်စု အခန်း မပါသေး ဘူးနော်....

သွဲ့သွဲ့ ၀င်းတို့ ဘယ်အချိန်မှာ လမ်းကြောင်း ပြောင်းသွားသလဲ ဆိုရင် ဦးအောင်မင်း ရောက်လာတဲ့အချိန် အဲဒီ မတိုင် ခင်က လျော်ကြေး ထိုက်ထိုက်တန်တန် ရဖို့ သက်သက်ပဲ...ပြီးတော့ ထောက်ခံသူတွေ များလာ တယ်...ဘုန်းကြီးတွေ ပါလာတယ်...အင်အား တောင့်လာတယ်....ပုဒ် ၁၄၄ ထုတ်တယ်....ဘာမှ မလုပ် ဘူး...ဒီတော့ မကြောက်ဘူး ...တောင်းဆိုချက်ကို ထပ်ပြီး မြှင့်တင်လိုက်တယ်.....ကြေးနီစီမံကိန်း အပြီးတိုင် ဖျက် သိမ်းရေး .....

မီဒီ ယာတွေ ကလည်း သွဲ့သွဲ့ဝင်းကို သံမဏိမယ် ဆိုပြီး တင်စားတယ်....အားနည်းသူတွေ ဘာညာ ဘာညာ.......ပြီးခဲ့တဲ့ သပိတ်စခန်း ဖြိုခွင်းမှုမှာ ဘုန်းကြီးတွေကို ခေါ်ပြီး တန်းစီခိုင်းခဲ့တာ ဘယ်သူလဲ ဟန်ဝင်းအောင် တို့ ကွန်ရက်တွေ...ဒါက မန္တလေး ဘုန်းကြီးတွေပါ ပါခဲ့တာ....

အဲဒီ တုန်းကရော အခုရော ဒေသခံတွေ ပါဝင်တာထက် အပြင်က လှုံ့ဆော်သူတွေက ပိုများ တယ်....ဒေသခံတွေက ဒေါ်စုနဲ့တွေ့ရင် ပျော့သွားနိုင်တယ်.....ဒီတော့ ဟန်ဝင်းအောင်တို့ ဗထူးတို့လို အမာခံတွေ ကိုယ်တိုင် ၀င်နေမှ ရမယ်...ဆိုတဲ့ဟာက ဒေါ်စုနဲ့ တည့်တည့် တိုးသွားတယ်.....

ဒေသခံတွေ ကိုယ်တိုင် အမှန်ကို အမှန် အတိုင်း ၀န်ခံကြ ဖို့လိုတယ်...အမှန် အတိုင်း မြင်ရဲဖို့ လိုတယ်...မုံရွာက လက်ဝဲ စာပေ အုပ်စု ကလည်း အမှန် အတိုင်း ရှင်းပြ ဖို့ လိုတယ်.....စာမ တတ်တာ အပြစ် မဟုတ်ဘူး...အလုပ် အကိုင်က အဆင် မပြေတာ တစ်နိုင်ငံ လုံး အနှံ့ပဲ...၀က်မှေး ရွာတင် မဟုတ် ဘူး....ဒါကို မီဒီယာတွေ ပညာရှင်တွေ က ထောက်ပြ ဖို့ လိုတယ်....တရုတ် ဆန့်ကျင်ရေး နဲ့ ဖွံ့ဖြိုး တိုးတက်ရေး မရောထွေး ဖို့ လိုတယ်...ရင်းနှီးမြုပ်နှံမှုနဲ့ ဒီလိုဖြစ်စဉ်တွေကို အကောင်းဆုံး ဖြေရှင်းကြဖို့ပဲ အရေးကြီး တယ်...ဒီလိုသာ ပြည်သူ့ဆန္ဒ ဆိုပြီး အကုန် ပိတ်သိမ်းနေရင် ဘာမှ လုပ်လို့ရမှာ မဟုတ်တော့ ဘူး....

ဒေါ်စုလို လူကို ရင်ဆိုင် ဖို့ မိုက်ရဲ တဲ့သူ လိုတယ်
********************************
ဒေါ်စုလို လူကို ပြင်းပြင်း ထန်ထန် တုံ့ပြန်ဖို့ မိုက်မိုက် ရိုင်းရိုင်း ပြောရဲတဲ့ သူ လိုတယ်...ဒီတော့ ဗထူး လိုကောင် ကို ဘုန်းကြီးတွေ နား ကပ်ထားတယ်....သပိတ် စခန်းမှာ သူက စပြီး မိုက်ရိုင်းပြတော့ မှာ ကျန်တဲ့ သူတွေက ဟိုအော် ဒီအော် အော်ကြမှာ....

ဒါက စိတ် ပညာနဲ့ ဆိုင်တယ်...ဒါကို ဟန် ၀င်းအောင် တို့က သုံးသွားတာ...သွဲ့သွဲ့ဝင်းက ချင်းမိုင်ကို သွားပြီး ဆွေးနွေးပွဲတွေ တက်လာခဲ့ပြီ ဆိုတော့ ဘ၀င်လေးကလဲ ရှိ...သံမဏိမယ် ဘာညာဆိုတဲ့ အတွေး ကလဲ ၀င်နေလေတော့....မြောက်နေပြီ...ဒါကို ပွင့်လင်းလူ့အဖွဲ့အစည်းက ပင့်တင်ပေးထားတာ...

ဒီတော့ ကျန်တဲ့ တောသူ မတွေ ကလဲ သွဲ့သွဲ့ဝင်း လမ်းစဉ် လိုက်နင်း ချင်နေကြ တယ်....ကြောက်စရာ မလိုအောင် လည်း သွေးထိုး ထားတာတွေ က မနည်းဘူး...ကွန်မြူနစ် မှိုင်းမိ သွားရင် မိဘတွေတောင် ပြန်ပြီး သတ် ရဲတဲ့ အနေ အထားမျိုး လက်ပံတောင်းမှာ စပြီး ဖြစ်နေပြီ....

ဒါကို မီဒီယာတွေက ကူရပါ လိမ့်မည်...တစ်ကယ့် NGO တွေ ၀ိုင်းကူ ရပ်လိမ့် မယ်....ပွင့်လင်း လူ့အဖွဲ့ အစည်း ဆိုတာ မြှောက်ပေးရုံ သက်သက်ပဲ......ကွန်ရက်တွေဆိုတာ....အဓိကရုဏ်းတွေ ဖြစ်လာဖို့ သက်သက် ပဲ ဖြစ်နေ တယ်.....

ဒေါ်စုလို ဥပဒေနဲ့အညီ ပြုမူ လုပ်ဆောင်ဖို့ ပြောတာမျိုး မရှိဘူး...ဥပဒေမဲ့ လုပ်ရပ်တွေ...ဥပဒေ ချိုးဖောက် တဲ့ လုပ်ရပ်တွေ ကိုပဲ အားပေး အားမြှောက် လုပ်နေ ကြတယ်....ဒါမှ သူတို့ကို လူကြိုက် များမယ် သူတို့ကို ထောက် ခံမယ် လို့ ထင်နေကြ တာ...

ဆန္ဒပြဖို့ ခွင့်ပြု ချက်တွေ ယူခိုင်း ပါလား...တရားဝင် တောင်းခံ ခိုင်းပါလား....ဘာ စကားမှ မပြောကြ ဘူး....ခွင့်ပြု ချက် မကဘဲ ကြာနေ ရင်တော့ ၀င်အော်ပေးပေါ့... ဥပဒေနဲ ကအညီ နေထိုင် တတ်တဲ့ အလေ့ အထက ပျက်နေပြီ ...ဦးဆောင်တဲ့ သူတွေ ကိုယ်တိုင် ဒီလိုဖြစ်နေကြတာ....

အဲ..အစိုးရက ဖမ်းပြီ ဆိုရင် ပြောပြီ...အရေးယူပြီဆိုရင် ပြောပြီ....ဘာဖြစ်လို့လဲ....အစိုးရဆိုရင် ဆန့်ကျင် ရမယ် ဆိုတဲ့အတွေးပဲ ရှိနေလို့လား....အစိုးရဆန့်ကျင်သူတွေ ဥပဒေချိုးဖောက်တာမျိုး ဖြစ်ရင် အကာ အကွယ်ပေး ရမယ် ဆိုတာပဲ မြင်နေကြလို့လား...

ဒေါ်စု မှ န်တယ်....ဦးဝင်းတင် မှားတယ်...၈၈ မှားတယ်.... ပလက်ဖောင်း ပျောက်မှာစိုးတဲ့သူတွေကတော့ လူမုန်း ခံရဲကြမှာ မဟုတ်ဘူး....

နောက် တစ်ချက်က သွဲ့သွဲ့ ၀င်းတို့က ပြည် သူ တစ်ရပ် လုံးကို ကိုယ်စား မပြုပါဘူး.....အဓိက အချက်က ဒါပဲ... သူတို့နောက်မှာ ပြည်သူ တစ်ရပ်လုံး မရှိပါဘူး.....ဒါကို လက်ပံတောင်း နယ်ခံတွေ သိသင့် တယ်...ဒီကိစ္စကြီး က စံနမူနာ ဖြစ်လာ လိမ့်မယ်....

ဒေါ်စု ကို မှီအောင် ကြိုးစားကြ
*******************
ဒါဆိုရင် အတော်လေး ဇာတ်ရည် လည်မယ် ထင်ပါတယ်......ကွန်ရက်တွေ တစ်ကယ် လူထုအကျိုးပြု Community Based NGO တွေ ဖြစ် လာအောင် ဒိုနာတွေက ထိန်းဖို့ လိုပါတယ်....

၈၈ ကို ဒေါ်စုလို ရင့်ကျက် လာအောင် နိုင်ငံတကာက လေ့လာရေးတွေ....ဆွေးနွေးပွဲတွေ လုပ်ပေးဖို့ လိုပါတယ်......

NLD က ကွဲထွက် လာတဲ့ ဒီလှုပ် တက်ကြွလှုပ်ရှားတွေအနေနဲ့ .....ထိပ်တိုက်ဆန့်ကျင်မှ တော်လှန်ရေး ဆိုတဲ့ အတွေး အခေါ်တွေ ပျောက်သွားအောင် ၀ိုင်းပြီး ပြုပြင်ကြဖို့ လိုပါတယ်.....သူတို့ကို တရားဝင် NGO အလုပ်တွေ  လုပ် တတ်အောင် နိုင်ငံတကာ အကူ အညီနဲ့ သင်တန်းပေး တာတွေ လုပ်ပေးရပါ လိမ့်မယ်....

ဒါကို မီဒီယာတွေက ၀ိုင်းလုပ်ပေးရပါလိမ့်မယ်...ဘာဖြစ်လို့လဲဆိုတော့ လူ့အဖွဲ့အစည်းက အားမကောင်း တဲ့ အတွက် ဆရာ ကျော်ဝင်းတို့လို ပညာရှင်တွေက လူထုအတွေးကို ပြောင်းလဲလာအောင် ရေးသားပေးကြဖို့ လို ပါတယ်... မှားရင် မှားတဲ့သူ ကို မှားနေတယ် လို့ ပြောပေးကြဖို့ လိုပါတယ်...

ဟန်ဝင်းအောင် ဒီလိုပါ ဆို တာကို မီဒီယာတွေ က ဖော်ထုတ်ပေး ခဲ့တာပါ...... သွဲ့သွဲ့ဝင်း တို့အုပ်စု မှားနေ တာကို မှားတယ် လို့ ရဲရဲ ရေးကြ ရပါလိမ့်မယ်...
မုံရွာက လက်ပံတောင်း ကယ်တင်ရေး ကော်မတီ ကြီးနဲ့ ဦးအံ့မောင် တို့လဲ မုံရွာသား ကျော်ဝင်းရဲ့ စာကို သေသေ ချာချာ ဖတ်ကြဖို့...ပြီးရင် ဒေါ်စုအစီရင်ခံစာကို အခေါက်ခေါက် ဖတ်ကြဖို့.....ပြီးရင် တောင် ကြည့် ပွဲ မလုပ်ဘဲ ကော်မရှင် အစီရင် ခံစာကို ဆွေးနွေးတဲ့ ဆွေးနွေး ပွဲတွေ လုပ်ကြဖို့ (ဒါပေမယ့် ပညာ ရှင်တွေတော့ ဖိတ်ရ ပါလိမ့် မယ်) လိုပါတယ်.....ကိုယ့်လူ အချင်းချင်း ဆွေးနွေးနေ ရင်တော့......အဖြေမှန် ရောက်မှာ မဟုတ်ဘူး.....

ပြီးတော့ ဒီလို အုံကြွအောင် လှုံ့ဆော် သွေးထိုးတဲ့ ဟန်ဝင်းအောင် တို့လို အဓိက လူတွေက အရေးယူဖို့ လိုပါ တယ်....

နောက်ပြီးတော့ မေဇင်အေး တို့လို ၀ိဝါဒ ကွဲစရာ အခြေ အနေတွေ ဖန်တီးပေးနေ တဲ့ အွန်လိုင်း အုပ်စုကို ၀ိုင်းပြီး ရှုတ် ချဖို့ လိုပါတယ်....ပြီးတော့ လိုအပ်ရင် အရေးကြီးတဲ့ အချိန်တွေမှာ အင်တာ နက်ကို ပိတ်သင့် ရင် ပိတ်ပစ် ဖို့ လို ပါတယ်...

ဥပဒေနဲ့ ညီအောင် နေထိုင်တတ်တဲ့ လူ့အဖွဲ့ အစည်း ဖြစ်လာအောင် လုပ်ပေး ကြဖို့ လိုပါ တယ်....ဦးဝင် တင်တို့လို ..ပုဂ္ဂိုလ်ကြီးတွေ အနေနဲ့ လည်း ဘုရားတရား ပိုပြီး အာရုံစိုက်သင့်ပြီ ထင်ပါ တယ်.....ကိုယ့်နေ ရာ နဲ့ကိုယ်နေ တတ်ဖို့ လိုပြီင်္ ထင်ပါတယ်....ဒေါ်စု သူ့ဟာသူ လုပ်ကိုင်နေပါပြီ...ကဖျက်ကယက် မလုပ်သင့် ဘူးလို့တော့ ထင်ပါတယ်....။


လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မတီ ကြေညာချက်ထုတ်

Posted by drmyochit Saturday, March 16, 2013, under | No comments


လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ ပတ် သက်ပြီး စုံစမ်း စစ်ဆေး ရေးကော် မရှင်ရဲ့ အပြီးသတ် အစီ ရင် ခံစာမှာ ဖေါ်ပြ ထားတဲ့ စီမံကိန်း ဆက်လက် ဆောင် ရွက်သင့် တယ်ဆိုတဲ့ အကြံပြု ချက်ကို သဘော မ တူကန့် ကွက်ကြောင်း လက်ပံတောင်း တောင် ကယ်တင်ရေးကော် မတီ မုံရွာမြို့က မနေ့က ကြေညာ ချက် ထုတ်ပြန် လိုက်ပါတယ်။

ကြေးနီ စီမံကိန်းကို ဆက်လက် လုပ်ကိုင်စေ မယ်ဆိုရင် လက်ပံတောင်းတောင်ကြီး ပျက်စီးပျောက် ကွယ်သွား မှာဖြစ် သလို နေုာက်ဆက်တွဲ အန္တရာယ်ဆိုးများ ကြုံတွေ့ ရမှာဖြစ်တာကြောင့် စီမံကိန်းကို လုံးဝ ဖျက်သိမ်းပေးဖို့ တောင်းဆို တယ်လို့ ဆိုပါတယ်။ ကော်မတီဝင် ဦးအံ့မောင်က ခုလိုပြောပါတယ်။

"ကြေးနီစီမံကိန်း ဖျက်သိမ်းမှသာလျှင် (၁) လက်ပံတောင်းတောင်ကြီး တည်ရှိနိုင်မှာဖြစ်ပါတယ် (၂) လူတွေ အတွက် ပတ်ဝန်း ကျင်ထိခိုက် ပျက်စီးတာတွေအမျိုးမျိုး ချင်းတွင်းမြစ်ကြီးထဲ အဆိပ်ရေတွေရောက်ပြီးတော့ ချင်းတွင်းမြစ်ကြီး ပျက်စီးမယ့် အန္တရာယ်၊ ဆက်လက်ပြီး ဧရာဝတီမြစ်အထိ ပျက်စီးသွားမယ့်အန္တရာယ်၊ မြစ် တလျှောက် မှာရှိတဲ့ မြို့ရွာတွေပျက်စီးမယ့် အန္တရာယ်တွေကို ဒီစီမံကိန်းမလုပ်မှ ဖျက်သိမ်းဖြစ်မှ ဖြစ်ပါ တယ်လို့ ကျနော်တို့ထောက်ပြပြီးတော့ စီမံကိန်းဖျက်သိမ်းရေးကို ကျနော်တို့တောင်းဆိုပါတယ်ဗျာ"

တဆက်တည်း အခုတောင်းဆိုချက်တွေ အကောင်အထည်ဖော်ဆောင်ရွက်နိင်ရေးအတွက် ဒေသနှင့် တိုင်းပြည် တပြည် လုံးက ပြည်သူတွေလက်တွဲပြီး အောင်ပွဲရတဲ့အထိ သတိကြီးကြီး ကြိုးပမ်းဆောင်ရွက်ဖို့ ပန်ကြား ထားပါတယ်။

ဒီစီမံ ကိန်းကြောင့် သမိုင်းတရားခံ မည်သူမျှမဖြစ်ပါစေလိုကြောင်းလည်း လက်ပံတောင်းတောင် ကယ်တင်ရေးကော် မတီက ဆုတောင်းပါတယ်လို့ ဖေါ်ပြထားပါတယ်။

RFA Burmese

ဧပြီလ ၁ ရက်နေ့နောက်ပိုင်းတွင် မိုဘိုင်းဖုန်းဆင်းကဒ်များကို ငွေကျပ်ထောင်ဂဏန်းဝန်ကျင်ဖြင့် ရောင်းချမည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ အတည်ပြု

Posted by drmyochit Saturday, March 16, 2013, under | 1 comment

ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း တွင် မိုဘိုင်း ဖုန်း ဆင်း ကတ်များကို ငွေကျပ် ထောင် ဂဏန်း ၀န်းကျင်ဖြင့် ရောင်း ချ မည်ဟု နိုင်ငံတော် သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲ ထွဋ် က မတ်လ ၁၆ ရက်နေ့တွင် Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က "ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောတဲ့ 'မိုဘိုင်းဖုန်း ဆင်းကဒ်တွေ ကို ဧပြီလ ၁ ရက်နေ့မှာ စတင်ရောင်းချပေးမှာ မှန်ပါတယ်။ မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို တကယ်ရောင်း တဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီး လျော့နည်းတဲ့ဈေးနဲ့ ရောင်းမှာ ပါ။ ထောင်ဂဏန်းမျှသာ ဖြစ်ပါလိမ့်မယ်' ဆိုတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို မေးတဲ့ အခါ အတည်ပြု တဲ့အတွက် အခြား မီဒီယာတွေကိုလည်း အဲဒီအတိုင်း ကျွန်တော် ထပ်ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်" ဟု Eleven Media Group ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

နောက်ဆုံးရောင်း ချခဲ့သော GSM Sim Card ဈေးနှုန်း များမှာ ငွေကျပ် ၂ သိန်းနှုန်းဖြစ်ပြီး ၎င်းဖုန်းများ ရောင်းချ မှုကို လက်ရှိ အချိန်တွင် မြန်မာ ဆက်သွယ်ရေး လုပ်ငန်းမှ ရပ်ဆိုင်း ထားသည်။

အဆိုပါ ငွေကျပ် ၂ သိန်းတန် မိုဘိုင်းဖုန်း များကို ငွေကျပ် ၂ သောင်းနှုန်းဖြင့် ရောင်းချပေး မည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လဆန်း ပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။

၂၀၁၂ ခုနှစ်အထိ ပြည်တွင်း၌ မိုဘိုင်းဖုန်း လုံးရေ စုစုပေါင်း ၆ သန်းဝန်းကျင် ရောင်း ချပေးပြီးဖြစ်ကြောင်း သိရှိရသည်။

"ဖုန်းကတ်တွေ ထောင် ဂဏန်း ၀န်းကျင်နဲ့ ရောင်းမယ်ဆိုတာ အင်တာနက်ပေါ် မှာတော့ တက်နေ တယ်ပြော တယ်။ ကျွန်တော်လည်း သေချာ မသိပါဘူး။ ကျွန်တော် တို့ကို ဘယ်လောက်နဲ့ ရောင်းဆိုပြီး အခုအချိန် အထိ ညွှန်ကြား ထားတာ မရှိသေးပါဘူး" ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်း အင်ဂျင်နီယာ ချုပ် ဦးဌေးဝင်းက မတ်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ငွေကျပ် ၂ ထောင်နှုန်းဖြင့် ရောင်းချမည့် ဆင်းကတ်များမှာ GSM Sim Card များဖြစ်ပြီး WCDMA Sim Card များ ကိုလည်း ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ရောင်းချမည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ထပ်မံချထားပေး မည့် မိုဘိုင်ဖုန်းများ၏ ဖုန်းနံပတ် ဂဏန်းအရေအတွက်မှာ ၁၁ လုံးပင်ဖြစ်ဖွယ်ရှိကြောင်း သတင်း ရရှိသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ GSM မိုဘိုင်းဖုန်းများအား ၂၀၀၂ ခုနှစ်တွင် ကျပ် ၅ သိန်းဖြင့် စတင် ဌားရမ်းပေး ခဲ့သော်လည်း နောက်ပိုင်းတွင် ကျပ် ၁၀ သိန်း၊ ထိုမှတစ်ဖန် ကျပ် ၁၅ သိန်းသို့ ပေးသွင်းခဲ့ ရသည်။

၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ယင်းဖုန်းများအား ကျပ် ၅ သိန်းဖြင့် ထပ်မံချထားပေးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လတွင် ကျပ် ၂ သိန်းသို့ ထပ်မံလျော့ချပေးခဲ့ခြင်း ဖြစ်သည်။

ပုံနှိပ်-ထုတ်ဝေ ဥပဒေကြမ်း လွှတ်တော်တွင် ဆိုင်းငံ့သည်ဆိုသည့်သတင်းများ မဟုတ်

Posted by drmyochit Saturday, March 16, 2013, under | No comments

From : .popular

ပုံနှိပ်-ထုတ်ဝေ ဥပဒေကြမ်းနှင့်ပတ်သက်၍ ယနေ့ ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်း အဝေးက ဆိုင်းငံ့ လိုက် သည်ဟု သတင်း ထွက်ပေါ်နေ မှုများ မဟုတ် မှန်ကြောင်း နေပြည်တော် ဥတ္တရ သီရိ မဲဆန္ဒနယ်မှ NLD ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးမင်းသူ ကပြောသည်။

"အကြောင်း အရာ နှစ်ခုကို အရေးကြီး အဆိုမှာ ပေါင်းတင် လို့ရ သလားဗျာ။ မဟုတ်ပါဘူး။ အဲဒီ ဥပဒေ ကြမ်း က ပုဒ်မ ၇ နဲ့ပတ် သက်လို့ ဒီနေ့ညနေ မှာတောင် အလုပ်ရုံဆွေးနွေးပွဲလုပ်ကြသေးတယ်။ သူရ ဦးအေးမြင့် တင်တဲ့ အရေးကြီးအဆိုမှာ အဲဒီ ဥပဒေကြမ်းနဲ့ပတ်သက်လို့ မပါ ပါဘူး" ဟု ဦးမင်းသူ ကပြောပါ သည်။

သူရ ဦးအေးမြင့် ယနေ့ တင်သွင်း ခဲ့သော အရေးကြီး အဆိုမှာ "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ် ရေးကော် မတီ၊ ကော်မရှင်များဖွဲ့စည်းဆောင်ရွက်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင် စု လွှတ်တော် သို့ တိုက် တွန်းကြောင်း" ဖြစ်ပြီး၊ ယင်း အဆိုကို ယနေ့ ကျင်းပသော ပြည်သူ့ လွှတ်တော် က အတည်ပြုထောက် ခံခဲ့ကြကြောင်း သတင်း ရရှိသည်။

လက်ပံတောင်းရှင်းတမ်း (၁)

Posted by drmyochit Saturday, March 16, 2013, under | No comments

ဒေါ်စု မှားတယ်
**********
ဒေါ်စု မှားတယ်.....ဆင်ထားတဲ့ ထောင်ချောက် ထဲ တိုးဝင် သွားတာ ကိုက မှားတယ်... ရီပို့ ထွက်မ လာခင် ကတည်း က လက်ပံတောင်း ညီလာ ခံတွေ လုပ်ပြီး အရှိန်တင် ထား တာ....ဘာ လာလာ ချမှာပဲ.. ဘာလာ လာ ပြမှာပဲ....... ထုနဲ့တည် ထားတဲ့ တပ် ကို ဒေါ်စုက သွားပြီး ထိပ် တိုက် တိုးတာ..

အခုနောက် ဆုံး ကြားရ တာက နေပြည်တော်က ဒေါ်စုကို မသွားစေ ချင်ဘူး....ဒေါ်စုက ရှင်းပြဖို့ တာဝန် သူ့မှာ ရှိ တယ်လို့ ခံယူတယ်.. ဒေါ်စုကို ဘယ်သူ တားလို့ ရမှာတဲ့လဲ...ဘယ်သူမှ တားမရဘူး....ဒီတော့ လုံခြုံရေး ကို ယူနီဖောင်းဝတ်ရော...ယူနီဖောင်း မ၀တ်တာရော ......ရောပြီး ထည့်ပေးရတယ် လို့ ....ပြော တယ်....ထားတော့...

အမှန် ဆိုရင် ဒေါ်စုဟာ ရီပို့ ထွက်ထွက် ချင်း သတင်းစာ ရှင်းလင်း ပွဲလုပ်....မီဒီယာတွေ က ပြန်ပြီး ရေးကြ သားကြ... ပညာရှင်တွေ ဝေဖန်ကြ....အဲဒါတွေ ဂျာနယ်ေ တွထဲရောက်.....ဒေါ်စု မှန်တယ် ဆိုတဲ့ ရေးသားဝေ ဖန်ချက်တွေ....ထွက် လာပြီးမှ...

အဲဒါတွေ ပါတဲ့ ဂျာနယ်တွေကို ဖတ်ပြီးလောက် တဲ့အချိန်မှ .....ပြည်သူတွေက ဒီအပေါ်မှာ ထောက်ခံတာ ကန့်ကွက်တာ အချင်းချင်း ပြော ဆိုနေကြ တာတွေ.....ထွက်လာပြီးမှ.....ကိုယ်တိုင် ကိုယ်ကျ သွားပြီး ရှင်းသင့် တယ်....။

အခုပဲ ကြည့် ...ဟန်ဝင်းအောင် လို အပျှော်တမ်း UG တစ်ကောင် လှုပ်ရှား ထားတဲ့ ခွင်ထဲမှာ ထောင်ချောက် မိသွား ရတယ်.... ဟန်ဝင်းအောင်ရဲ့ အသံဖိုင်တွေလဲ တက်လာနေပြီ ဆိုတော့ ...ကြွေးကြော် သံတွေ..ဆိုင်းဘုတ်တွေ...ဒေါ်စု လာရင် ဘာလုပ်ဆိုတဲ့ ညွှန်ကြားချက်တွေ သိပြီးကြပြီမို့....အကျယ် မပြောလို.....

သတင်းစာ မရောက်ဘူး ဘာ ညာ လျှောက်ပြောနေတာ...အဲဒီ လူတွေကို ဖတ် ခိုင်းကြည့် (နှိမ်တာတော့ မဟုတ်) အကြိမ် ၁၀၀ ဖတ်ခိုင်း လဲ နားလည်မှာ မဟုတ်ဘူး...

ပြီးတော့ မှိုင်းသွင်း ထားတဲ့ တောင်ကာကွယ်ရေး....တောင်ကြီး လိုချင်တယ် ဆိုတဲ့ဟာ....တောင်ရရင် ဘာလုပ် မှာလဲ ဆိုတော့....ဒီတောင်ကြီး ရှိမှ အသက်ရှင်မှာ ဆိုပဲ.....ဒါက ဘယ်သူတွေရဲ့ တိုက်မှိုင်းလဲ ဆိုရင် မုံရွာ စာပေ သမား အုပ်စု ဦးအံ့မောင် ခေါင်းဆောင်တဲ့ လက်ဝဲဆန်ဆန် စာပေ သမားတွေ...တောင်ကြည့် ပွဲတွေ လုပ်ခဲ့တဲ့ အကျိုးဆက်......

ဒီလူတွေ စိတ်ထဲ မှာ တောင်ကြီး ရှိမှ ဖြစ်မယ် ဆိုတဲ့ အိုင်ဒီယာ ၀င်သွားခဲ့တာပါပဲ.......ဒီလို လူတွေကို နိုင်ငံ တကာဆက်ဆံရေးတွေ၊ နိုင်ငံတကာကတိက၀တ်တွေ၊ ရင်းနှီးမြုပ်နှံမှုတွေ၊ ပတ်ဝန်းကျင် ထိန်း သိမ်းရေးတွေ သွားပြီး ပြောလဲ တွေ့တဲ့အတိုင်း အာသာ ပေါက်သွားတယ်.....တစ်ခွန်းမခံ တုံ့ပြန်တာပဲ ကြုံခဲ့ ရတာ...

ပြီး၇င် ဒေါ်စုက မင်းတို့ဘက်မှာ မရှိတော့ဘူး..မင်းတို့ထက် အာဏာပိုင်တွေ ဘက် ပါသွားပြီ..သူက သမ္မတ ဖြစ်ချင်နေ တာ...ဘာညာဆိုပြီး သွေးထိုး ထားတာတွေနဲ့ ကွက်တိ ဖြစ်သွားတာ....

အစကို ပြန်ကြည့်
*************
လက်ပံတောင်း ကိစ္စ စဖြစ်ခဲ့တဲ့ အချိန်ကို ပြန် သွားကြည့်ကြ ရအောင်....အဲဒီတုန်းက မီဒီယာကို အသုံးချ၇ မယ် ဆိုတာ သိတယ်.....
ပထမ တောင်းဆို ထားတာတွေ ပြန်ကြည့်....သီးနှံလျော်ကြေးပဲ ရတယ်...မြေယာလျော်ကြေး ဘာမှ မရလို့  ဆိုတဲ့ သွဲ့သွဲ့ဝင်းနဲ့ အေးနက်......

အဲဒီ တုန်းက အနောက်တံခါးအရေးတော်ပုံကြီးက ဟီးထနေတော့ လက်ပံတောင်းက တိုးလို့မ ရဘူး...ဒီကာလမှာ မီဒီယာတွေ ကလဲ သိပ်ပြီး ဟိုက်လိုက် မလုပ်ခဲ့ဘူး......ဒီတော့ တစ်မျိုး ထွင်လာ တယ်.....

ပထမ....ကွန်ရက် ကကောင်တွေနဲ့ ပေါင်းပြီး ငိုပြတယ်..အဲဒါကို မီဒီယာတွေထဲ ထည့်တယ်......ပြီးတော့ ရီနေကြ တယ်...ဒါကို စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝေလွင်ရဲ့ လွှတ်တော်တွင်း ရှင်းလင်းချက်မှာ တွေ့ခဲ့ရ တယ်....

ဒုတိယ....သေသူဝိဥာဉ်တွေ အသက်ဝင်လာတဲ့ ပြကွက်......လူသေအလောင်းပုံတွေ လုပ်.... ဓါတ်ပုံတွေ ရိုက်....မီဒီယာတွေကို ပို့.....လက်ပံတောင်းကို လူတွေ အာရုံစိုက်လာအောင် လုပ်ခဲ့ကြ တာတွေ....ဒီတုန်းက ဘင်္ဂါလိမ်နဲ့ အကျပ်တွေ့နေလေတော့ လက်ပံတောင်းဆိုတာ သေးသေးလေးပဲ.....

နောက် ဘယ်မှာ အရှိန်မြှင့်လာသလဲ ပြန်စဉ်းစားကြည့် ...အိုဘားမားရဲ့ မြန်မာခရီးစဉ်နဲ့ ရှေ့ဆင့်နောက် ဆင့်......ဒီမှာပဲ မီဒီယာတွေက တရုတ်ဆန့်ကျင်ရေး ရှေ့တန်းတင်ပြီး ရေးလိုက်ကြ သားလိုက်ကြနဲ့ လက်ပံတောင်း က ရှေ့ဆုံးရောက် လာတယ်....hot item ဖြစ်လာတယ်.....

ဒီမှာပဲ ပလက်ဖောင်းမင်းသားတွေ အကုန်ရောက်လာကြတယ်.....၈ပူးတွေ ရောက်လာ တယ်....ဗက သတွေ ရောက် လာတယ်.....ဟန်ဝင်းအောင်တို့ ကွန်ရက်တွေ ၀င်လာပြီ....နောက် အရှိန်မြှင့် လာတော့  ဘုန်းကြီးတွေ ပါလာတယ်.....မန္တလေးက ကိုယ်တော်တွေ အားဖြည့်လာကြတယ်.....
ယုတ်စွ အဆုံး နေမျိုးဇင်လို ဆန္ဒပြ ရှာဖွေ ဖျာခင်းရေးကောင်တွေ ပါလာတယ်...အဲဒါတွေက ပုဒ်မ ၁၄၄ ထုတ်တဲ့ အထိ ဖြစ်လာစေခဲ့တယ်...

ပလက်ဖောင်း ရှာချင် တဲ့သူတွေက.....ဘယ်နေရာ စကားများနေပြီလဲ...ဘယ်နေရာမှာ ပြည်သူနဲ့ အစိုးရ မျက်လုံးချင်း ဆိုင်နေပြီလဲ ဆိုတာကိုပဲ အမြီးတနှံ့နှံ့နဲ့ ရှာနေကြတာ.....တရုတ်ပရောဂျက်---အမေရိ ကန်သြဇာ အများကြီး ပါဝင်ပတ် သက်နေတယ်......

ပေါ်လစီမိတ်ကာ
*************
နောက် တစ်ချက်က ... NLD ရဲ့ ပေါ်လစီ မိတ် ကာက ဘယ် သူလဲ ဆိုတာပဲ.....အခု ဖြစ်နေ တာက ..... NLD ရဲ့ ပေါ်လစီတွေ ကို ဘယ်သူက ချနေတာလဲ ဆိုတဲ့ အချက်ပဲ........... အခုနောက်ဆုံး လက်ပံတောင်း ကိစ္စမှာကြည့် ဦးဝင်း တင်က ဒေါ်စုနဲ့ ဆန့်ကျင်ဘက်တွေ ချည်း ပြောနေတယ်......

ဒီနေရာမှာ စဉ်းစား စရာ ရှိတာက ပါတီ ညီလာခံ အကွဲ အပြဲနဲ့ ဦးဝင်းတင်ရဲ့ ရပ်တည်ချက်....အဲဒီက ရိုက်ခတ် မှုက ဆန္ဒပြကြ ဆိုတဲ့ ဘက်ကို ဆွဲခေါ် သွားခဲ့ တာလား..... ဒေါ်စုကို ထိပ်တိုက် တိုးတဲ့ အချိန် မှာပဲ ဦးဝင်း တင် ပါးစပ်က ထွက်လာတဲ့ ဟာတွေက အကုန်လုံး ဒေါ်စုပြောတာတွေနဲ့ ဆန့်ကျင် ဘက်တွေ...

ပြီးတော့ အွန်လိုင်းမှာ NLD ကိုယ်စား ၀ါဒဖြန့်နေတဲ့ မေဇင်အေးတို့ အုပ်စုရဲ့ ခွန်ဒီးယမ်- ဒီမိုဖက်တီး အကောင့်တွေ က ဖော်ပြတာတွေ....အကုန် လုံးဟာ ဆက်စပ်နေ တယ်.....ဘာဖြစ်လို့ မေဇင်အေးကို ဆွဲထည့်ရ သလဲ.....ဟန်ဝင်းအောင် ဖွဘုတ်ကို လူမသိဘူး.....မေဇင်အေးဖွဘုတ်က ဖွတဲ့ဟာသည် ဒေါ်စုရဲ့ သဘော ထားပဲ လို့ကို သတ်မှတ်ထားတာတွေ ရှိတယ်.....တချို့ကဆိုရင် ဒေါ်စုကပဲ တစ်ဖက် လှည့်နဲ့ ဆန္ဒပြခိုင်း သလိုလို ထင်နေကြတယ်....

နောက်ဆုံး တပ်နဲ့ ပတ်သက်လို့ ဘင်္ဂလားပင်လယ်အော်ထဲ ကန်ချချင်တဲ့ ဦးဝင်းတင်ရဲ့ ပြောကြား ချက်တွေ က ဒေါ်စု လျှောက်နေတဲ့ လမ်းကို ဖျက်နေတာပဲ...ဒါက ရှင်းရှင်းလေး.......ဒေါ်စုနဲ့ ဦးဝင်းတင် သဘော ထား ကွဲလွဲတာ ကြီးကြီးမားမား ရှိနေပြီ....ဒါပေမယ့် ဒေါ်စု လူယုံတွေကပါ ဦးဝင်းတင် ဒိုင်တွေကို ပြန်ဖြန့်ပေးနေလေတော့ ကွန်ရက်တွေေ၀၀ါးကုန်တယ်....သဘောပေါက်တွေ လွဲကုန်တယ်...ဒါကို ဟန်ဝင်းအောင် ဖွဘုတ်မှာ သွားကြည့်နိုင်တယ်...သူတို့ လုပ်တာကို ဦးဝင်းတင်က ထောက် ခံတယ်..သူတို့မှန်တယ် ဆိုတာမျိုးကို ရေးပြီး တင်ထားတယ်.....

အရေးကြီး တာက ဟန်ဝင်းအောင် တို့ရဲ့ ပြည်သူ့ ကွန်ရက် ဆိုတာပဲ...
ဒီကွန်ရက်တွေ .... ဘယ်သူ စခဲ့ သလဲ ပြန်ကြည့်လိုက်..... ရှင်းရှင်းလေးပါ.....အဲဒါ ဦးဝင်းတင်ရဲ့ လက်ရာ မာစတာပိစ်တွေ....ဦးဝင်းတင်ရဲ့ မဟာဗျူဟာတွေ...ဒါတွေ ဘယ်က လာသလဲ .....ဒေါ်စု မလွတ်သေး ဘူး...NLD မှတ်ပုံ မတင်သေးဘူး.....အဲဒီအချိန်မှာ.....ထောင်က လွတ်လာတဲ့ ဦးဝင်းတင်က (လူငယ်တွေ ကို နေရာပေး ရမယ်) (ထွက်ပေါက် မရှိရင် ဖောက်ထွက်ကြ) စတဲ့ ရဲရဲတောက် တွေနဲ့ သူ့အလံ သူတင်တယ်......

ပြီးတော့ NLD မှတ်ပုံ ပြန်မ တင်ဘူး....လူမှုရေးကို အခြေပြုတဲ့ နိုင်ငံရေး လုပ်မယ်....အရင်တုန်းက ဒေါ်စု တစ်ယောက် တည်း ဒီ/လှုပ် လုပ်ခဲ့တာ...အခုဟာက NLD အကုန်လုံး ဒီ/လှုပ်တွေ ဖြစ်လာမယ်......ပြီးရင် ဒီလှုပ်တွေ က ပြည်သူတွေကြား ဆင်းပြီး ကွန်ယက်တွေကို ချိတ်ဆက်ပေးမယ်.......NLD လူငယ် ဒီလှုပ်တွေ က Connector တွေ ဖြစ်လာမယ်.....ဒီလိုနဲ့ တက်ကြွလှုပ်ရှား ကွန်ရက်တွေ တစ်နိုင်ငံလုံး ဖြစ်လာ မယ် ဆိုတဲ့ မဟာဗျူဟာ....ဒါက ဦးဝင်းတင် လုပ်ခဲ့တာ.....အခု ဟန်ဝင်းအောင်တို့ ကွန်ရက် တွေက အဲဒီ မဟာဗျူဟာက ဖြစ်လာတဲ့ အစိတ်အပိုင်းတစ်ခု ပဲ...

ဒါပေမယ့် ဒီမဟာ ဗျူဟာ က တရားဝင် နိုင်ငံရေးပါတီ မ၀င်ဘူး-ရွေးကောက်ပွဲ မ၀င်ဘူး ဆိုတဲ့ အချိန်တုန်းက ချထား ခဲ့တဲ့ Broken Strategy ပဲ...အခုအချိန်မှာ ပါတီကေဒါကိုပဲ ခိုင်မာအောင် တည်ဆောက် ရမယ့် ကာလ....ကွန်ရက်တွေနဲ့ မချိတ်ထားဘူး....ဒီတော့ အကျိုးဆက်က ဦးဝင်းတင်ရဲ့ ကွန်ရက်တွေ ဟတ်ကော့နဲ့ တန်းလန်းကြီး ဖြစ်နေတာပဲ...အဲဒီ တန်းလန်းကြီးဖြစ်နေတဲ့ ကွန်ရက်တွေက ဦးဝင်းတင် ကိုပဲ နာခံတယ်...သူတို့အတွက် ဦးဝင်းတင်က ပေါ်လစီမိတ်ကာပဲ....

ဦးဝင်းတင်ရဲ့ အကြံက NLD တရားဝင်ပါတီအဖြစ် မရပ်တည်နိုင်တော့ဘူး ဆိုရင် တစ်နိုင်ငံလုံး UG Network ကြီး ဖြစ်လာအောင် ဖန်တီးလှုပ်ရှားမယ့် အကြံ....မြေပေါ်က OG တွေက NGO အလုပ်တွေ လုပ်...မြေအောက် က UG တွေ အခု ပြဿနာဖန်တီးနေတဲ့ ကွန်ရက်တွေက နိုင်ငံရေး အလုပ်တွေ လုပ်....ပြီးရင် အစိုးရကို လူထု အုံကြွ မှုနဲ့ ဖြုတ်ချပစ် ဆိုတဲ့ ကွန်မြူနစ် အတွေး အခေါ် သက်သက် ပဲ....ဒီ လမ်းကြောင်း ကို ဒေါ်စု ရှောင် ခဲ့တယ်..သူ့လမ်းကိုသူ လျှောက်ခဲ့တယ်...ဒါပေမယ့် ဦးဝင်းတင် အစ မသတ်နိုင်တော့ တဲ့.....ကွန် ရက်တွေ--ဒီလှုပ်တွေ.....တိုးလိုးတန်းလန်း ကျန်နေခဲ့တယ်..


(NED-NDD, နိုင်အောင်-ခင်ဥမ္မာ-သွဲ့သွဲ့ဝင်း-Open Society-ပွင့်လင်းလူ့အဖွဲ့အစည်း အဆက်အစပ် ဆက်ပါ မည်)

Windows 8 Lock Screenကို Disable လုပ်ချင်တယ်ဆိုရင်

Posted by drmyochit Saturday, March 16, 2013, under , | No comments


Windows 8 Built inပါတဲ့ Lock Screenကို အသုံးပြု ရတာ မကြိုက် လို့ ဖြုတ်ချင် တယ် ဆိုရင် အသုံးပြုနည်း နှစ်မျိုး ပြောပြချင် ပါတယ်။ ပထမ တစ်နည်း ကတော့ Local Group Policy Editor ထဲက သွားပြင်ရမှာ ဖြစ်ပါတယ်။ နောက်တစ်နည်း ကတော့ Local Group Policyထဲကို မသွားတော့ Notepad ကနေ Registryကို ပြင်ဆင် တဲ့နည်းပဲ ဖြစ်ပါ တယ်။ အရင်ဆုံး Local Group Policy Editor ထဲကနေ သွားပြင် ကြည့် ရအောင်။

ပထမနည်း
1။ Run Boxမှာ Gpedit.mscလို့ ရိုက်ထည့်ပြီး Enter နှိပ် လိုက်ပါ။
2။ Local Group Policy Editor ကျလာရင် Computer Configurationအောက်က Administrative Tamplate ကို သွားပါ။
3။ ပြီးရင် Control Panel အောက်က Personalization ထဲကို ဝင်လိုက်ပါ။ ပြီးရင်Do not Display the Lock Screen ဆိုတာကို Double Click နှိပ်ပြီး ပေါ်လာတဲ့ Boxထဲမှာ Enableကို ရွေးပြီး Apply Okကို နှိပ်လိုက် ရင် ရပါပြီ။

နောက်တစ်နည်း

ဒီနည်းကတော့ Notepadနဲ့ Registry File တစ်ခု တည်ဆောက်ပြီး ပြုလုပ်ရမှာ ဖြစ်ပါတယ်။

1. အရင်ဆုံး Notepadကို ဖွင့်ပါ။ Notepadကို ဖွင့်ဖို့အတွက် Runမှာ Notepadလို့ ရိုက်ရင် ရပါတယ်။

2. Notepadကို ဖွင့်ပြီးရင် အောက်ကစာတွေကို ကူးရေးလိုက်ပါ။

Windows Registry Editor Version 5.00
[HKEY_LOCAL_MACHINE\ SOFTWARE\ Policies\ Microsoft\ Windows\ Personalization]
"NoLockScreen"= dword:00000000

3. စာတွေ ကူးရေးပြီး File Saveမယ်ဆိုရင် Save Nameကို ကြိုက်ရာပေးပြီး Save Nameရဲ့ နောက်မှာ .reg ထည့်ပေးလိုက်ပါ။

(ဥပမာ) Disable Lock Screen.regဆိုပြီး Save လိုက်ပါ။ အားလုံး ပြီးပြီဆိုရင် ရလာတဲ့ Registry Fileကို Run ပေးလိုက်ပါ။ Registry Boxလေး ပေါ်လာရင် Yesကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် Lock Screen ပျောက်သွားပါလိမ့်မယ်။

Myanmar ICT

ရန်ကုန်မြို့မှာ ဘင်္ဂလီကုလားများမှ လှုံဆော်စာများ ဖြန့်ဝေ၊ ရန်ကုန်သို့ ဘူးသီးတောင် မောင်တောမှ ဘင်္ဂလီများ တိတ်တဆိတ် ၀င်ရောက်နေဆဲဖြစ်

Posted by drmyochit Saturday, March 16, 2013, under | No comments

အစ္စလာမ် ဘာသာဝင်များ အတွင်း သန်းခေါင် စာရင်းကောက်ခံ မည့်အစီ အစဉ်နှင့် ပတ်သက်သော လက်ကမ်း လှုံ့ဆော် စာများဖြန့် ဝေလျှက်ရှိနေကြောင်း သာကေတ မြို့နယ် တွင်းနေထိုင်သူများ ထံမှ သတင်း ရရှိပါ သည်။ သာကေတ၊ လှိုင်သာ ယာ မြို့နယ်များတွင် မူစလင်များနှင့် ဌာနေ တိုင်းရင်းသားများ တစ်ဖက်နှင့် တစ်ဖက် ရန်ပြုခြိမ်းခြောက်မှုများ ရှိခဲ့ပြီးနောက်ပိုင်း မူစလင် ဘင်္ဂလီအများစုသည် မြန်မာ တိုင်းရင်းသား များအပေါ် ညစ်ပတ်သော စိတ်ဓါတ် ရည်ရွယ်ချက် များဖြင့် တိုက်ခိုက် သွားရန် ပြင်ဆင် လာကြောင်း လည်း မင်္ဂလာတောင် ညွှန့်မြို့နယ်နေ့ တစ်ခြမ်းပဲက ဗလီနှင့် နီးစပ်သော အသိုင်း အ၀ိုင်းများ ထံမှကြား သိရ ပါသည်။ 

ယခု ရက်ပိုင်း အတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်ရေးပါတီ ဆိုသော အမည်ဖြင့် ဘူးသီးတောင် ၊မောင်တော ဖက်မှ ဦးကျော်မင်း (ယခင် ၉၀ ပြည်နှစ် ရွေးချယ်ခံ ကိုယ်စားလှယ်ဟောင်း)ဦးစီးကာ ပါတီသစ် တစ်ရပ် ပေါ်ထွက် လာ ပါသည်။ အဆိုပါ ဦးကျော်မင်းသည် စစ်အစိုးရ လက်ထက်တွင် ဘင်္ဂလီ/ ရိုဟင်ဂျာများ အတွက် ဘူး သီးတောင် မောင်တော နယ်မြေအား ၄င်းတို့ နယ်မြေအဖြစ် သတ်မှတ်ပေးရန်၊ ခွဲထွက်ပေးရန် တောင်း ဆိုရေး သားမှုများ ကြောင့် စစ်အစိုးရ မှ တစ်သက်တစ်ကျွ န်းပြစ် ဒဏ် ချမှတ်ခံ ရပြီနောက် ဒီမိုကရေစီ ခေတ်တွင် ပြန်လည် လွတ်မြောက်လာသူ တစ်ဦးဖြစ်ပါသည်။ ၄င်းတို့ပါတီ၏ ရည်ရွယ်ချက် သည် ဘင်္ဂလီ /ရိုဟင်ဂျာများအား တရားဝင်နိုင်ငံသား ဖြစ်မြောက်ရေးနှင့် ၄င်းတို့ အစ္စ္စလာမ်ဝါဒ မြန်မာ မြေပေါ် တွင် ထွန်းကားပြန်ပွား ရေး အတွက် အရှေ့အလယ်ပိုင်းနိုင်ငံ များ မှ ငွေကြေး အထောက် အကူယူ ကာ ဆောင်ရွက်သွားရေးပင် ဖြစ်သည်။ ကောက်ကျစ်စဉ်းလဲ သော စိတ် ဓါတ်ဖြင့် လွှတ်တော် တွင်းနိုင်ငံရေး ၌ ပါဝင်လာအောင် ဆောင်ရွက်လာခြင်းပင်ဖြစ်ကြောင်း သိရှိရပါသည်။ 


၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အကြို အဖြစ် နိုင်ငံတော် အစိုးရမှ သန်းကောင် စာရင်းကို တိကျ စွာကောက် ယူနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်နေချိန်တွင် အဆိုပါ အမျိုးယုတ် ဘင်္ဂလီ ရိုဟင်ဂျာ များမှ လည်း ၄င်းတို့ကို ၄င်းတို့ ပသီ လူမျိုးဟု အမည်ခံကာ သန်းကောင်စာရင်း ကောက်ယူရာတွင် အ မည်ပေးရေး တိုက်တွန်း ထားသည့် လှုံဆော်စာများကို ဖြန့်ဝေရခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။ သို့သော် အာဏာ ပိုင် များမှ ၄င်းတို့ ပသီလူမျိုးဟု ထည့် သွင်းဖေါ်ပြခြင်းမရှိ အတင်းအကြပ် ဘင်္ဂလီ လူမျိုး ဟု အမည် တပ် လာပါက နေပြည်တော် ဦးစီး(ရုံးချုပ်) ဖုန်း ၀၆၇-၄၃၁၀၁၆ / ၀၆၇-၄၃၁၀၄၄ များသို့  တိုင်ကြား ရန် စာသားများ ပါရှိကြောင်း သိရှိရ ပါသည်။ 

ရန်ကုန်မြို့တွင် နေ့စဉ် ရခိုင်ပြည်နယ်မှ တရားမ၀င် ၀င်ရောက်လာသော ဘင်္ဂလီများသည် တောင်ညွှန့် ဗလီ၊ တစ်ခြမ်းပဲ့ ဗလီများတွင် နေ့စဉ် ၂၀ ဦး ခန့် ခိုလှုံ လျှက်ရှိနေပြီး တောင်ညွန့်တွင် ငွေပေးကာ မှတ်ပုံ တင် များ ပြုလုပ်ခြင်း၊ အိမ်ထောင်စု ဇယားများ တရား မ၀င်ပြု လုပ်ခြင်း များလည်း ရှိနေကြောင်း လည်း ဗလီ များနှင့် နီးစပ် သော အသိုင်း အ၀ိုင်း များမှ သိရှိ ရပါသည်။

ခေတ်သစ်

မော်ဒယ်များရဲ့ လွတ်လပ်ပွင့်​လင်း မြင်သာမှု အပြည့်အစုံနဲ့ တောင်ကြီး ဖက်ရှင်ရှိုး


တောင်ကြီးမြီု့ ၊မြို့တော်ခန်းမတွင် ယခုလဆန်းပိုင်းက ပြုလုပ်ခဲ့သည့် ဖက်ရှင်ရှိုး တစ်ခုအကြောင်းမှာ ဒေသအတွင်း လူပြော များသည့် ဖြစ်ရပ်တခုဖြစ်သည်။

မိခင်နှင့် ကလေး စောင့်ရှောက်မှု အဖွဲ့က စီစဉ်သည် ဆိုသော်လည်း မော်ဒန် များ၏ ၀တ်စား ဆင်ယင်မှု မှာ များစွာ ပွင့်လင်းမြင် သာမှု ရှိကြောင်း တောင်ကြီး ဒေသခံ ပွဲလည်သူ လူငယ် များ ကပြောသည်။

မော်ဒယ် များ၏ ဖက်ရှင် ရှိုး နှင့်အတူ၊ အဆိုတော် ဂျေမောင်မောင်၊ အိမ်မက်ဆုံရာ မှ ဆုရသူတို့၏ သီဆို ဖျော်ဖြေ မှု၊ အက၊ အလှများ ကိုပါ တွေ့ရသည်။ 

ငါးရက် တိုင်တိုင် ကျင်းပခဲ့သော ဖက်ရှင်ရှိုးတွင် ပါဝင် တင်ဆက် ခဲ့သော မော်ဒယ်တို့မှာ တောင်ကြီးဒေသ ခံများ ဖြစ်ကြောင်း မိတ်ကပ် ပညာရှင် ကိုဖက် တီး၏ ပြောပြ ချက်အရ သိရှိရသည်။

အဆို၊ အက များဖြင့် အားဖြည့်ခဲ့သည့် ဖက်ရှင်ရှိုး မြင်ကွင်း များကို ဖက်ရှင် စိတ်ဝင်စားသူများ၊ တောင်ကြီး ဒေသ စိတ်ဝင် စား သူများ အတွက် ဖော်ပြ လိုက်ပါသည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) 






















ဧရာဝတီ

ပုပ်ရဟန်းမင်းကြီးအသစ် စွပ်စွဲမှု နဲ့ ကြုံနေ

Posted by drmyochit Saturday, March 16, 2013, under | No comments


ကမ္ဘာ တဝန်း က ကက် သလစ် ဘာသာဝင် ပေါင်း သန်း ၁၂၀၀ ကို ဦးဆောင်ဖို့ ရွေးချယ် လိုက်တဲ့ ပုပ်ရဟန်း မင်းကြီး ဖရန်စစ် ကို သူရဲ့ မူရင်း နိုင်ငံ အာဂျင် တီးနား မှာ စစ်အာဏာရှင် အုပ်စိုးနေတဲ့ ကာလ အ တွင်း က လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ကို ကိုယ် တိုင် တွေ့ နေရဲ့ သားနဲ့ မျက်ကွယ်ပြု ပြီး ဝေဖန် သမှု မပြု၊ ဟန့်တား တာတွေ မလုပ်ပဲ နှုတ်ဆိတ် နေခဲ့တယ် ဆိုတဲ့ စွပ်စွဲ မှုတွေ ထွက်ပေါ် နေပါ တယ်။

အာဂျင်တီးနားမှာ ၁၉၇၆ ကနေ ၁၉၈၃ အထိ စစ် အာဏာရှင် စနစ်နဲ့ ကြုံခဲ့ ရပါတယ်။

အခု ပုပ်ရဟန်းမင်း က ၁၉၇၆ မှာ ပြည်နယ် တခုအတွင်း က ကက်သလစ် ဘုန်းတော်ကြီး တွေ ထဲမှာ အကြီး အကဲ ဖြစ်နေ တုန်း စစ် အာဏာပိုင်တွေ က သူ့ လက်အောက် က ဘုန်းတော်ကြီး ၂ ပါး ကို ပြန်ပေး ဆွဲသွား သလို ဖမ်း ဆီး ထိန်းသိမ်း တာ ကို ကြုံခဲ့ ရပါတယ်။

အဲဒီ ဘုန်းတော်ကြီး ၂ ပါး လူဆင်းရဲ အလွှာတွေ နေတဲ့ ရပ်ကွက်တွေ အတွင်း ဆောင်ရွက်မှု တွေ ကို အကြောင်း ပြပြီး စစ်တပ်က ဖမ်းဆီးတာ လို့လည်း သိရပါတယ်။

စွပ်စွဲတဲ့ သူတွေ ဘက်ကတော့ အဲဒီအချိန် က အခု ပုပ် ရဟန်း မင်းကြီး ဖြစ်နေတဲ့ အဲဒီ အချိန် က ဘုန်းတော်ကြီး ဂျော့မာရီယို ဘာဂို လီယို ဟာ စစ်တပ်က ဒီ ဘုန်းကြီး တွေ ကို ဖမ်း ဆီးတာကို တားဆီး ဟန့်တားတာ မလုပ်ခဲ့ ဘူးလို့ ဖွင့်ချ စွပ်စွဲ တာပါ။

ဒါပေမယ့် အဲဒီ အချိန် က လက်ယာ စွန်း အမြင်ရှိတဲ့ စစ်တပ် အာဏာပိုင်တွေ က တဘက် ဖြစ်နေ သလို လက်ဝဲ ယိမ်းတဲ့ ကက်သလစ် ဘုရားကျောင်း တွေ ကလည်း ရှိနေခဲ့ပါတယ်။

ဒီ ၂ ဘက်ကြား မှာ အခု ပုပ်ရဟန်းမင်းကြီး အလောင်းအလျာ က ရှိနေခဲ့ ရတာ လို့လည်း ထောက်ပြ ကြသူတွေ ရှိ ပါတယ်။

ပုပ်ရဟန်း မင်းကြီးရဲ့ အထုပ် ပတ်တိ ကို ရေးခဲ့တဲ့ စာရေးဆရာ က ဘုန်းတော်ကြီး ဟာ အဲဒီ ကာလ က စစ်တပ်ခေါင်းဆောင် တွေနဲ့ ဆက်သွယ် ဆောင်ရွက်ပြီး အဲဒီ အဖမ်းခံခဲ့ ရတဲ့ ဘုန်း ကြီး ၂ ပါး ပြန်လည် လွတ်မြောက်လာ အောင် စွမ်းဆောင်ခဲ့သူ လို့ ပြောပါတယ်။

ဗာတီကန် က ပြောခွင့်ရ ပုဂ်ဂိုလ် ကလည်း အခု စွပ်စွဲချက် တွေဟာ ကျောင်းတော် ကို မလိုလား တဲ့ လက် ဝဲ အုပ်စု တွေရဲ့ ထိုးနှက်ချက် တရပ် သာ ဖြစ်တယ် လို့ ချပေး ထားပါတယ်။

အခု ပုပ်ရဟန်း မင်းကြီး ဖရန်စစ် ကို နောက်ထပ် စွပ်စွဲကြတဲ့ အမှု ကတော့ တိုင်းပြည် က စစ်အုပ်ချုပ်ရေး ထဲ ကျနေတုန်း အဖမ်း ခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင် အမျိုး သမီး တဦး ၁၉၇၇ ခုနှစ် က အသတ်ခံ ရချိန် မှာ သူ့ ကလေးငယ် ကျန်ခဲ့တာ ကို အာဏာပိုင် တွေ က တခြားသူ တဦး တယောက် ကို ဒီ ကလေး ကို မွေးစားဖို့ ဥပဒေမဲ့ ခွင့်ပြု လိုက်တယ်။

သူ့ ဆွေမျိုး တွေက ဘုန်းတော်ကြီး ကို အားကိုး ပြီး ကလေး ကို လိုက်ရှာ ပေးဖို့ ပြောတာ ကို လျစ်လျူ ရှုခဲ့တယ် ဆိုတဲ့ စွပ်စွဲ ချက်ပါ။

ဒီ အပေါ်မှာ လည်း ဒီ ကလေး ကိစ္စ သူ မသိသလို သူ့ ကို အကူ အညီတောင်း ခဲ့တာ လည်း မရှိခဲ့ ပါဘူးလို့ သူ ပုပ်ရဟန်း မင်းကြီး မဖြစ်ခင် ၂၀၁၀ ခုနှစ် အချိန် ကတည်း က ငြင်းချက် ထုတ်ထား ကြောင်း သိရပါ တယ်။

Photo: စွပ်စွဲမှု တွေ ကို ဗာတီကန် က ပယ်ချခဲ့

BBC မြန်မာပိုင်း

မဟာမြတ်မုနိ ဘုရားကြီးမှာ အုပ်စုဖွဲ့ ရိုက်နှက်မှုဖြစ်ပွား

Posted by drmyochit Saturday, March 16, 2013, under | No comments

(၁၅-၃-၂၀၁၃) ရက်နေ့တွင် အများပြည်သူ အမြတ် တနိုး ကိုးကွယ်ရာ မန္တလေး မဟာမြတ်မုနိ ဘုရား ကြီး တွင် မနက်ခင်း ဆိုင်ဖွင့်ချိန်တွင် ကလေး အမေ၊ မအေးမြဝေမှ ကလေးချီပြီး ဆိုင်တံ ခါးဖွင့်ေ နစဉ် ဆိုင်နီးနားချင်း အမျိုးသား (၂) ယောက် နှင့် အမျိုးသမီး(၃)ယောက်က တုတ် များဖြင့် ၀ိုင်း ၀န်း ရိုက် နှက်မှု့ ဖြစ် ပွားခဲ့ ကြောင်း သတင်း ရရှိပါသည်။

ထိုသို့ မင်းမဲ့စရိုက် ဆန်ဆန် မြို့လယ်ခေါင်၊ အများပြည်သူ အမြတ်တနိုး ကိုးကွယ်ရာ မဟာမြတ်မုနိ ဘုရား ကြီးတွင် အုပ်စုဖွဲ့ ရာဖ၀တ်မှု ကျူးလွန်မှုအား ကာယကံရှင်ဖက်မှ အမှတ်(၁၀)ရဲစခန်းတွင် အမှုဖွင့်ရာ ဒုရဲအုပ် ဇော်လင်းမှ(၁၀)တန်း စာမေးပွဲ ကိစ္စရှိနေသေး သောကြောင့်ဟု အကြောင်းပြချက်ဖြင့် လက်မခံ ခဲ့ဘူး လို့ ရိုက်နှက်ခံရသူ ဘက်က ပြောပါတယ်။
၇ိုက်နှက်ခံရသူ မအေးမြဝေ
ထိုတရားခံ ဆိုင်ခန်းရှင် ၅ဦးမှာ တုတ်များ ကိုင်ကာ မိမိတို့ ဆိုင်ခန်းများတွင် နေမြဲ နေလျက် ရှိသောကြောင့် မဟာမြတ်မုနိ ဘုရားဖူးလာသူများအတွက် အထူးအဆန်းနှင့် စိတ်အနှောက်အယှက်ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

ယခုအခါတွင် ၀ိုင်းဝန်း ရိုက်နှက်ခံရသူ ကလေးအမေ မအေးမြဝေသည် ခန္ဓာကိုယ်အနှံ့နှင့် ခေါင်းကိုလဲ အရိုက်ခံ ရသောကြောင့် အာရုံကြော ထိခိုက်မှုကြောင့် မျက်စိအမြင် ဆုံးရှုံးမှု တစ်ချက်တစ်ချက် ဖြစ်ပေါ်သောကြောင့် မန္တလေး ပြည်သူ့ ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြော ဖျားနာဆောင်(၆)တွင် အတွင်းလူနာ အနေဖြင့် ဆေးကုသမှု ခံယူလျက် ရှိတယ်လို့ သိရပါတယ်။

မင်းမဲ့ စရိုက်ဆန်ဆန် မြို့လယ်ခေါင်၊ အများပြည်သူ အမြတ်တနိုး ကိုးယွယ်ရာ မဟာမြတ်မုနိ ဘုရားကြီးတွင် အုပ်စုဖွဲ့ ရာဇ၀တ်မှု ကျူးလွန်မှုအား သက်ဆိုင်ရာ ရဲစခန်းနှင့် ရဲများက ဘာကြောင့် အမှုမဖွင့်ပေးလည်း ဆိုတာတော့ အတိအကျ မသိရသေးပါ။ ဘာကြောင့် ရိုက်နှိုက်မှု ဖြစ်ခဲ့တယ် ဆိုတာကိုလည်း ဆက်လက် စုံစမ်းဆဲ ဖြစ်ပါတယ်။

Myanmar News Now
Thit Htoo Lwin Blog

လူမှုကွန်ယက်၌ ပျံ့နှံ့နေသည့် စွပ်စွဲချက်များအား ဒေါက်တာ နိုင်အောင် ငြင်းဆို

Posted by drmyochit Saturday, March 16, 2013, under | No comments

လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေးကော် မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြခံရပြီးနောက် ၎င်းဆန္ဒပြ မှုကို ချိတ် ဆက်ကာ လုပ်ဆောင်နေကြသည်ဟု လူမှုကွန်ယက် (Social Media) များတွင် ပျံ့နှံ့ လာသည့် အရေး အသား အပေါ် မြန်မာနိုင်ငံ ဒီမို ကရက်တစ် အင်အား စု၏ အတွင်းရေး မှူးချုပ် ဒေါက်တာ နိုင်အောင်က မိမိ၏ ပုံရိပ် (Image) အားဖျက် သည့် စွပ်စွဲ ချက်များ ဖြစ် သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော် တို့က အပြင်က လာတယ် ဆိုတော့ ခေါင်းစဉ် တပ်ရ လွယ်တဲ့ပစ်မှတ် အလွယ် (Easy Target) တွေလေ၊ အရင်တုန်းက သတင်းစာ ရှင်းလင်းပွဲတွေရှိတယ် မဟုတ်လား၊ တစ်ခုခု ကွဲပြီဆိုလို့ရှိရင် ကိုနိုင်အောင် တို့၊ ကိုမောင်မောင်တို့၊ ကိုမိုးသီးတို့ အဲလို မျိုးပဲပေါ့၊ ကျွန်တော်တို့ရဲ့ Image ကို လွယ်လွယ် ကူကူ ဖျက် တာပါ” ဟု ဒေါက်တာနိုင်အောင် မှ မဇ္ဈိမအား ပြောကြားခဲ့သည်။

“လက်ပံတောင်း ဆန္ဒ ပြမှုတွေကို ဦးဆောင် နေသည့် မသွဲ့သွဲ့ဝင်း နောက်၌ မိုးသီးဇွန်၊ နိုင်အောင်နှင့် ခင်ဥမ္မာ တို့ ရှိနေ” ဟုသဘော သက်ရောက်သည့် အရေးအသားများ လူမှု ကွန်ယက်များတွင် သိသာစွာ ပျံ့နှံ့လာ သည်ကို ကိုနိုင်အောင်မှ တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် မသွဲ့သွဲ့ဝင်းအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ကျင်းပသည့် (၁၂) ကြိမ်မြောက် အမျိုးသမီး နှီးနှော ဖလှယ် ပွဲကို တတ်ရောက်ရန် ဖိတ်ကြားခဲ့သည်ဟုလည်း စွပ်စွဲ ထားကာ အခမ်းအနား တစ်ခု၌ မတ်တပ် ရပ်ကာ စကားပြောနေ သည့် ဓါတ်ပုံနှင့် ရေးသား ချက် အပေါ်လည်း ဒေါက်တာနိုင်အောင်မှ ၎င်းမသိ ရကြောင်း ပြောကြားခဲ့ပါသည်။

၎င်းက “မသွဲ့သွဲ့ဝင်းတို့ ဆိုတာနဲ့ သိလည်း မသိဘူး၊ မြင်လည်း မမြင်ဖူးဘူး၊ အဆက် အသွယ်လည်း မရှိပါ ဘူးခင်ဗျ၊ဖေ့ဘွခ်မှာ ပြောပြီး ဓါတ်ပုံတွေ ပြပြီး စွပ်စွဲနေတာလေ အဲဒီလို လာသွားမှန်းတောင် ကျွန်တော်တို့ မသိလိုက်ရဘူး။ ဓါတ်ပုံထဲမှာ ကျွန်တ်ာတို့ ပါတာလည်း မဟုတ်ဘူး၊ ဓါတ်ပုံဟာ ဘယ်ခေါင်းစဉ်နဲ့ ဘာလုပ်တယ် ကျွန်တော်တို့ မသိဘူး” ဟု ပြောသည်။

အလားတူပင် လက်ပံတောင်း ဆန္ဒပြမှုများကို ဒေါက်တာ နိုင်အောင်တို့နှင့် ဆက်စပ်ကာ ချိတ်ဆက် လုပ်ဆောင်နေ သည်ဟု စွပ်စွဲ ခံရသည့် လက်ပံတောင်း ဒေသခံ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း မှလည်း ၎င်းကိ စ္စကို လုံးဝငြင်းဆိုခဲ့ပါသည်။

“ဒေါက်တာ နိုင်အောင် ဆိုတာ အခုချိန်ထိ ဖြူသလား၊ မဲသလား ဆိုတာတောင် ကျွန်မ အခုချိန်ထိ တစ်ခါဆို တစ် ခါမှ မမြင်ဖူးပါဘူး၊ သိလည်းမသိဘူး၊ ဓါတ်ပုံက ပြီးခဲ့တဲ့ (၈) ရက်နေ့ (၃) လပိုင်းတုန်းက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တုန်းက women exchange ကို သွားတက်ခဲ့တဲ့ ဓါတ်ပုံပါ၊ နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို အဲဒီ တခါပဲ ခရီးစဉ် သွားဖူးပါတယ်။ အွန်လိုင်းဆိုတာက မလိုတဲ့ လူတွေ တင်တားတဲ့ စကားတွေပါ အဲဒီ ကိစ္စနဲ့ပတ်သက်လို့က ဘာမှ မသိသေးပါဘူး။ ကျွန်မတို့က သပိတ် စခန်း နောက်ကွယ် ကနေ ကြိုးကိုင်ထားတာ ဆိုတာတွေ ဘာတစ်ခုမှ မရှိပါဘူး။ ကိုမိုးသီးဇွန်ကိုတော့ ကျွန်မ တို့ ရွာကိုလာတုန်ကတော့ တစ်ခါ တွေ့ဖူးတယ်သာ ရှိပါတယ်” ဟု မသွဲ့သွဲ့ဝင်းမှ မဇ္ဈိမအား ရှင်းလင်းပြော ကြားခဲ့သည်။

လက်ရှိ အနေအထားမှာ လက်ပံတောင်း အရေးကိစ္စသည် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်သို့ ရောက်ရှိနေပြီဖြစ် ၍ မိမိတို့ဘက်မှ စားပွဲဝိုင်းပေါ်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး ဆန္ဒပြရန် အချိန် မဟုတ်တော့ကြောင်း မသွဲ့သွဲ့ဝင်း က ဆက်လက်ပြောကြားသည်။

၎င်း စွပ် စွဲချက်သည် မိမိတို့အား ထင်ယောင်ထင်မှား ဖြစ်စေရန်ပုံဖော်ကာ စွပ်စွဲချက်သာဖြစ်သည်ဟုလည်း
နှစ်ဖက်စ လုံးမှ အသီးသီး ဆိုကြသည်။

လက်ပံတောင်းတောင် စုံစမ်းရေးကော်မီရှင်၏ အစီရင်ခံစာ ထွက်လာပြီး ဒေသခံရွာများသို့ သွားရောက် ညှိနှိုင်း ခဲ့ သည့်ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ဒေသခံရွာသားများမှ မကျေမနပ်ဖြစ်ကာ ဆန္ဒပြ ခဲ့ပြီးနောက် ယခုလို စွပ်စွဲသည့်စာများ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် လျင်မြန်စွာပျံ့နှံ့လာခြင်း ဖြစ် သည်။

မဇ္ဈိမ

ဟန်ဝင်းအောင် ဘာလဲ

Posted by drmyochit Saturday, March 16, 2013, under | No comments


ဟန်ဝင်းအောင် သည် ရန်ကုန်မြို့ တွင်း မီးပျက် မှုများ ဆန္ဒပြ ရာတွင် ဖယောင်းတိုင် ထွန်း ဆန္ဒပြ သူများ တွင် ပိုမို လုပ်ကိုင် လာခဲ့သည်။ ထို့နောက် နော်အုန်းလှတို့နှင့် အပေါင်း အပါ သည်ဟု သိရှိရ ပါသည်။ ဖယောင်း တိုင် ဆန္ဒ ပြပွဲတွင် သွားရောက် ညှိနှိုင်း စကားပြောသော ရဲအရာ ရှိကို မခြေ မငံဖြင့် ပြောဆို ခဲ့ခြင်း တို့ကြောင့် သတိပေး ခံရဖူးသည်။

ထို့အပြင် ရန်ကုန်မြို့တွင်း ကချင်ပြည်နယ် ငြိမ်း ချမ်းရေး ဆန္ဒပြမှု များတွင်လည်း ၀င်ရောက် ခဲ့ဖူးသည်။ ဆန္ဒပြ သည် ဆိုရာတွင် မိမိပြ လိုသည် ထက် ထို ဆန္ဒပြ မှုများ တာဝန် ရှိသူများမှ အကြမ်း ဖက်ဖြိုခွင်း သည်ကို ပုံဖော် လို သူဖြစ် သည်။

လက်ပံတောင်းတောင် အရေးအခင်း ဖြစ်ပေါ်ပြီးနောက် ကော်မရှင်ဖွဲ့ပြီးသည်မှ စတင်ကာ လက်ပံတောင်း သပိတ် စခန်း မဖျက်သိမ်းရန် ထိုဒေသသို့ သွားရောက်ခါ ဒေသခံများကို သွေးထိုးသည်ဟု ပြောဆို သည် များ ကိုလည်း ကြားသိခဲ့ဘူးသည်။

ဟန်ဝင်းအောင်သည် နော်အုံးလှတို့နှင့် အဆက်အသွယ်ရှိသည့်အလျောက် ကော်မရှင်၏ အစီရင်ခံစာ ထွက်ရှိမှု မတိုင်ခင်ကပင် ကော်မရှင်အစီရင်ခံစာကို လက်မခံပဲ ဆန္ဒပြရန် ကြိုတင်ကြံစည်ထားကာ နော်အုန်း လှ တို့အား ဆန္ဒပြခွင့် လျှောက်ထားခိုင်းခဲ့သည်။ ထို့နောက် ကော်မရှင် အစီရင်ခံစာ ထွက်ရှိပြီး ချိန်တွင် အချိန်ကိုက် လက်ပံတောင်းတောင် နှင့် ရန်ကုန်မြို့လည်အတွင်း တပြိုင်နက်တည်း ပြသည်ဟု သံသယရှိကြပါသည်။

နိဂုံချုပ်ဆိုရသော် ဟန်ဝင်းအောင်သည် အမှန်တကယ် လက်ပံတောင်းတောင် ပြည်သူများဖက်မှ ရပ်တည် သူဖြစ် သည် ဆိုသည်ထက် လတ်တလော ဖြစ်ပျက်နေသော မြန်မာနိုင်ငံရေးအခြေအနေကို အခွင့်ကောင်း ယူကာ ဆူပူဆန္ဒပြမှု များ ဖန်တီးနေသည့် အဖွဲ့ဝင်ဖြစ်နိုင်သည်ဟု ကောက်ချက်ချနိုင်ပါသည်။

ထပ်မံဖြည့်စွက်ချက်၊ ဟန်ဝင်းအောင်ဆိုတာ ABFSU ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂဆိုတဲ့ အဖွဲ့ထဲ မှာ ကျော်ကိုကိုတို့ ဦးဆောင်သူတွေထဲမှာ ပါဝင်ပါတယ်။ ကျောင်းသားသမဂအနေနဲ့ ရပ်တည် လို့ မရတာ လား၊ ကျောင်းသား အမည်ခံ သမဂကိုပဲ ခုတုံးလုပ်တာလားတော့ မသိပါဘူး။

၁၉၉၄ ခုနှစ်က သမဂ ပြန်လုပ်မယ်လို့ ဆိုတာကြောင့် ထောင်၇ နှစ်ကျပါတယ်။ ၂၀၀၃ မှာ စာရွက်ဖြန့်ဝေ မှုနဲ့ နောက် ထပ် ပြန်လည်အဖမ်းခံရပြီး ၂၀၁၀ ဒီဇင်ဘာမှာ ပြန်လည်လွပ်လာပါတယ်။ အဲဒီနောက် ကျောင်း သား ယူဂျီအမည်ခံ ကွန်မြုနစ် အောင်မင်းကို ထောင်မှလွတ်မြောက်ရန် ကြိုးစားပါတယ်။ ဟန်ဝင်းအောင် က ကွန်မြူနစ်တွေ ရဲ့ သွေးထိုးမှုတွေလား၊ ပြည်ပက မိုးသီးဇွန်တို့ မြောက်ပေးမှုတွေ လားဆို တာ မကွဲပြားသေးပါဘူး ။ သေချာတာကတော့ ဟန်ဝင်းအောင်က အထောက်အပံတွေကြောင့် ဆန္ဒပြနေ တာပါပဲ။

original owner : irrawaddy
ရေးသူ မောင်ကာဠု(လူထု)

သဘာဝဆေးဖက်ဝင် အာဟာရပြည့် အလှအပသုံး ဒန့်သလွန်တပင်လုံးအသုံးဝင်ပုံ

Posted by drmyochit Saturday, March 16, 2013, under | No comments

ဒန့်သလွန် ပင်ဟာ အကြီးမြန် တဲ့ပြင် မိုးခေါင်ရေရှား ဒဏ်ကိုပါ ခံနိုင် ပါတယ်။အရှေ့တောင် အာရှ၊ ဖိလစ်ပိုင် ကျွန်း၊ အာဖရိ ကတိုက်၊ တောင် အမေရိက တိုက်တို့မှာ အနှံ့ အပြားပေါက်တယ်။ ဒန့်သလွန် အရွက်နဲ့ တုတ်ချောင်းပုံ အသီးတွေကို အစေ့ပါ ချက်စား ကြတယ်။ အရွက်က ဗီတာမင် ဓာတ် သတ္တုနဲ့ ပရိုတင်းတွေ ပါလို့ အသားနေ ရာကို ပဲ၊မြေ ပဲလို လုံးဝအစားထိုးစားသုံးနိုင်ပါတယ်။နွားနို့ထက် အဆီ၂ဆ၊ ငှက်ပျော သီးထက် ပိုတက်ဆီယမ်၃ဆ၊ ဥနီထက် ဗီတာမင်အေ ၄ဆ၊ လိမ္မော်သီးထက် ဗီတာမင်၇ဆ ပိုပြီးပါ ဝင်တယ်။

၂၀၀၇ထိုင်းမှာလုပ်ခဲ့တဲ့လေ့လာမူ့တွေအရဆိုရင် ဒန့်သလွန်သီးတွေဟာ သွေးထဲက အဆီတွေ ကျဆင်း စေနိုင် တဲ့ အန်တိုင်အောက် ဆီဒင့်တွေ အများပြား ပါဝင်နေပါတယ်။ အရွက်ကနေအဆီထုတ်ယူလို့ရသလို အစေ့ ကနေလည်း အဆီနှစ် ထုတ်ယူ လို့ရပြန် ပါတယ်။ အဲဒီ အဆီနှစ်တွေကို အသားရေ ခြောက်သွေ့ ခြင်းနဲ့ အရေပြား ပျက်စီးနေတာတွေကို ကောင်းကောင်းကုစားနိုင်ပြီးအသားရေ စိုပြေဖို့ ပြန်လည် ရှင်သန်ဖို့ အယောင်ကျစေဖို့ နဲ့ ပိုးမွားရန်ကာကွယ်ဖို့ တချိန်တည်းအသုံးပြုနိုင်ပါသေးတယ်။ဒါ့အပြင် ဆံပင်နဲ့ဦးရေပြားကိုလည်း ကာကွယ်ကုသပေးနိုင်ပါသေးတယ်။

အာဖရိကတိုက်မှာတော့ ဒန့်သလွန်ဆီကို စားသုံးတဲ့အပြင် အလှကုန်ထဲမှာလည်း ထဲ့သွင်း အသုံး ချကြ ပါတယ်။အရွက်တွေမှာပါဝင်တဲ့ အာဟာရဓာတ်တွေကြောင့် ဆီနီဂေါ နဲ့ အိန္ဒိယမှာ အာဟာ ရချို့တဲ့မူ့ တိုက်ဖျက်ရေး မှာ အသုံးဝင်ခဲ့ပါတယ်။ အရွက်တွေကို ပေါင်ဒါအမှုန့်ပြုလုပ်ပြီး ချက်ပြုတ် စားသောက်စေ ခဲ့တယ်။ ဆီနီဂေါ နဲ့ အိန္ဒိယ မှတ်တမ်းများအရ ကလေးငယ်တွေရဲ့ ဗီတာမင်အေ နဲ့ ပရိုတင်း ချို့တဲ့မူ့ကို ထိထိ မိမိ ဖြည့်စွမ်းပေး သွားတာတွေ့ ရှိခဲ့ပါတယ်။

ဆီးချို အမျိုးစား၂သမားတွေ နှလုံးသွေးကြောပိတ်တာကာကွယ်ဖို့၊ သွေးတွင်းအဆီကျစေဖို့၊ ဒန့်သလွန် အရွက်ကို စားသုံးနိုင်ပါတယ်။အရွက်တွေကိုပြော့ပြောင်းအောင်အပူအနည်းငယ်ပြပြီး အဖျားရောဂါကို ကုသနိုင်ပါသေး တယ်။ကြွက်သားကိုက်ခဲတာ အဆစ်မြစ်နာကျင်တာတွေလည်း သက်သာစေနိုင်ပါသေး တယ်။ အဆုပ်ရောင်ရောဂါ၊ မိုင်ဂရိန်းခေါင်းတခြမ်းကိုက်ရောဂါနဲ့ မျက်နှာကြွက်သား ကိုက်ခဲ နာကျင် မူ့တွေ ကို လျှော့ပါးအောင်လည်း ခြေမွထားတဲ့အရွက်ကို လိမ်းဆေးအနေနဲ့လူးပေးလို့ရပါတယ်။

ဒန့် သလွန် အသုံး ဝင်ပုံ ကို မြန်မာဆေး ကျမ်းတွေ မှာလည်း အောက်ပါ တိုင်းဖော်ပြ ထားပါတယ်။

ဒန့်သလွန်သီး...
၁။ဒန့်သလွန်သီး ကို ဟင်းချက် ကျွေးက ကလေး များ သန်ကောင်၊ တုတ်ကောင် ကင်းရှင်း စေ၏။
၂။ အသီး ကို အမှုန့် ပြု သကြားနှင့် ရောသောက်သော် ဆီးများခြင်း ပျောက်၏။

ဒန့်သလွန်ရွက်...
၁။ ဒန့်သလွန်ရွက်၊ ကြက်သွန်ဖြူ၊ ပတဲ ကောမြစ်၊ မိဿလင် ဟင်းခါး ချက်သောက် သော် ရာသီထိမ် ခြင်း ပျောက်၏။
၂။ ဒန့်သလွန် ရွက်ကို ၃ ခွက် တစ်ခွက်တင် ဟင်းချို အဖြစ် ပြုတ်သောက်သော် သွေးတိုး ကျ၏။

ဒန့်သလွန်အမြစ်...
၁။ ဒန့်သလွန် မြစ်ကို ထုထောင်း ကြိတ်ခြေ၍ အရည်ကို ညှစ်ကာ စားပွဲဇွန်း နှင့် တစ်ဇွန်း ခန့် သောက်က အသံဝင် အသံကပ် လည်ချောင်းနာ ပျောက်၏။
၂။ ဒန့်သလွန် မြစ်နှင့် မုန်ညင်းစေ့ အမျှ ပေါင်းစပ်၍ ရောကြိတ်ပြီး ရေတွင် ၂ နာရီ ကျော်မျှ စိမ်ကာ တစ်ခါသောက် စားပွဲဇွန်း တစ်ဇွန်း တစ်နေ့ ၃ ကြိမ်သောက် က အစာ မကြေ ၀မ်းဖော ၀မ်းရောင် ပျောက်၏။
၃။ ဒန့်သလွန် မြစ်ကို သုံးခွက် တစ်ခွက်တင် ကျို၍ စားပွဲဇွန်း တစ်ဇွန်း မှန်မှန် သောက်သော် ၀မ်းတွင်း သက်တန့် ပျောက်၏။
၎။ ပန်းနာ ရောဂါ အတွက် ဒန့်သလွန် မြစ်ကို ကြိတ်၍ ရသော အရည်ကို ချင်းရေနှင့် ရောသောက် ရ၏။
၅။ ဒန့်သလွန် မြစ်မှုန့်နှင့် ပရန္န၀ါ မြစ်မှုန့် ဆတူကို အုန်းနို့ ပျားရည် တို့နှင့် ရောစပ် ချက်ပြီး နံနက် ည တစ်ဇွန်း စီ သောက်သော် အားအင် ပြည့်ဖြိုး ခွန်အား တိုး၍ အသက် ရှည်စေ၏။
၆။ အမြစ် ကိုကြိတ်၍ စည်းပေးသော် ရောင်တင်းခြင်း ပျောက်၏။ အမြစ် ကြိတ်ညှစ် ရည်ကို နို့နှင့် ရောသောက်သော် ဆီးချို ရောဂါ ပျောက်၏။

ဒန့်သလွန်အစေ့...
၁။ အစေ့ သည် အဆိပ် သင့်ခြင်းနှင့် ခေါင်းကိုက် ရောဂါ ဖြစ်ခြင်း ကို ပျောက်ကင်းစေ တတ်၏။ အစေ့ ကို အမှုန့် ပြု၍ နား၌ ထည့်ပေးသော် နားကိုက်ခြင်း၊ နားပြည်ယို ခြင်း ပျောက်၏။
၂။ အစေ့ဆီကို အနာပေါက် နှင့် ယားနာ အမျိုးမျိုး တို့၌ သုံး၏။

ဒန့်သလွန်အစေး...
၁။ အစေးကို ပါးစပ်၌ ငုံပေး သော် သွားပုပ်ခြင်း ပျောက်၏။

ဒန့်သလွန်အပွင့်...
၁။အပွင့်ကို ဖောရောင် ခြင်း၊ အဖျဉ်း ကြီးခြင်း နှင့် အကြော ရောဂါ ၊ သက်တန့် ရောဂါ၊သလိပ် ရောဂါ၊ လေဖောက် ပြန်သော ရောဂါ များအတွက် ဆေးဖော်စပ် သုံးရ၏။

ဒန့်သလွန်အခေါက်...
၁။လတ်ဆတ် သော အခေါက်ရည် ကို နား၌ ထည့်ပေး သော် နား နာကျင် ကိုက်ခဲခြင်း၊ နား ပြည်ယို ခြင်း များကို ပျောက်ကင်း စေတတ်၏။

သဘာဝဆေးဖက်ဝင် အာဟာရပြည့် အလှအပသုံး ဒန့်သလွန်တပင်လုံး အသုံးဝင်တာသိရှိပြီးတဲ့ 
စာဖတ်သူတို့ အခွင့်ရေးရရင် ဒန့်သလွန်ပင်ကို စိုက်ကြရအောင်လားဗျာ။

ကလေးသူငယ်အား မတရားပြုကျင့်မှုကြောင့် တသက်တကျွန်းကျသော်လည်း ထပ်မံတရားစွဲဆိုရန်ရှိ

Posted by drmyochit Saturday, March 16, 2013, under | No comments


ဖရူးဆိုး၊ မတ် ၁၅။

ကယားပြည်နယ် ဖရူးဆိုး မြို့နယ်ရှိ လော့ဂျာကျေး ရွာ အနီးရှိ အမှတ် ၁၄ တန်းမြင့် စစ် သင်တန်း ကျောင်း မှ ပန်းရံ အလုပ် သမား တစ်ဦး သည် ၁၀ နှစ်ကျော် ကလေး သူငယ် တစ်ဦးအား မတရားပြု ကျင့်မှုနှင့် စပ်လျဉ်း ၍ လွိုင်ကော် ခရိုင် တရားရုံးက မတ်လ ၁၅ရက်နေ့၌ ထောင်ဒဏ် တစ်သက် တ ကျွန်း ချမှတ် ခဲ့သော်လည်း တရားလို ဘက်မှ နစ် နာကြေး ကိစ္စ ပတ်သက်၍ ကျေနပ်မှု မရှိသောကြောင့် တရား မကြောင်း အရ ထပ်မံ တရား စွဲဆို မှုများ ပြု လုပ် သွား မည်ဟု တရား လွှတ်တော်ရှေ့နေ ဦးအောင်ရှိနိန်က မြန်မာ့ခေတ် သို့ပြောကြားသည်။

ယင်း တရားခံ အား ဥပဒေ ပုဒ်မ များအရ တိကျ မှန်ကန် စွာဆောင် ရွက်သော်လည်း တရားခံနှင့် ပတ်သက် သူများနှင့် နစ်နာကြေးပေးလျော်ရန် ကိစ္စများကျန်ရှိနေသောကြောင့် ထပ်မံတရားစွဲဆို
ခြင်းဖြစ်ကြောင်း သိရသည်။ 

"ပုဒ်မ ၃၆၃အရ အလုပ်ကြမ်နှင့် ထောင်ဒဏ် ၃ နှစ်။ ပြီးတော့ အရွယ်မရောက်သေးသူအား အုပ်ထိန်းသူ မသိဘဲ မတရားပြုကျင့်မှုက ပုဒ်မ ၃၇၆နဲ့ တစ်သက်တကျွန်းကျတာပေါ့။ ဒါပေမယ့် ပတ်သက် ဆက်နွယ် တဲ့သူတွေ နဲ့ နစ်နာကြေးကိစ္စတွေမပါဝင်တဲ့အတွက် သတိပေးစာတစ်ည စောင် ပေးပို့ပြီးတော့ အခုရက်ပိုင်း အတွင်း တရားမကြောင်းအရ တရားထပ်စွဲသွားမှာပါ"ဟု ၎င်းက ထပ်မံပြောကြားသည်။

"မနေ့က တရားခံကိုစစ်တော့လဲ တရားလိုတွေဘက်က ဘယ်သူမှ မသိလိုက်ဘူး။ ဒီနေ့ကျတော့လဲ ချက်ချင်း တသက်တကျွန်း အမိန့်ချပစ်တယ်။ ကြည့်ရတာတော့ တရားခံကြောင့် သင်တန်းကြောင်း ဂုဏ်သိက္ခာ ကျမှာ ဆိုးလို့ ထင်တယ်"ဟု ကရင်နီပြည်လူငယ်များသမဂ္ဂမှ အဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြော ကြားသည်။

အဆိုပါ အမှုသည် ဇန်နဝါရီလ ၂၄ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဖရူစိုရဲစခန်း၌ တရားစွဲဆိုကာ လွိုင်ကော် ခရိုင် တရား ရုံးသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

အောင်သိုက်
 The Myanma Age

မြစ်ကြီးနား မိဘမဲ့ဂေယာ ဗုံးပေါက်ကွဲမှု ကြန့်ကြာနေ

Posted by drmyochit Saturday, March 16, 2013, under | No comments

မြစ်ကြီး နားမြို့၊ သီတာ ရပ်ကွက် မိဘမဲ့ဂေဟာ တခုတွင် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလက ဗုံးပေါက် ကွဲမှုနှင့် ပတ်သက် ၍ အိမ်ရှင် ဦးဒယောင် တန်ဂွန်းနှင့် ဇနီး တို့ အပါအဝင် အမှုတွဲ ၆ ဦးတို့အား မြစ်ကြီးနားမြို့ ခရိုင် တရား ရုံးက စွဲချက် တင် သင့်ကြောင်း အမိန့် ချလိုက် မှုကို မကျေနပ် သဖြင့် ပြည်နယ် တရား လွှတ်တော် ရုံးသို အယူခံ တင်ထား သည်ကို အမိန့် ချရန် ကြန့်ကြာနေ သည်ဟု တရားစွဲ ခံရသူ ဦးဒေယောင်တန်ဂွန်း ၏ သမီး ဒေါ်ခေါင်ဘူက ပြောသည်။ 

မြစ်ကြီးနား မြို့ အမှတ်(၁) ရဲစခန်းက တရားလိုအဖြစ် တရားစွဲခဲ့ပြီး အစိုးရဘက်မှ တရားလို သက်သေ အဖြစ် လူပေါင်း ၂၀ ကျော်အား စစ်ဆေးခဲ့ပြီးနောက် ဖေဖော်ဝါရီလက မြစ်ကြီးနား ခရိုင်တရားသူကြီး ဒေါ်သဇင်ရွှေ က စွဲချက် တင်သင့်ကြောင်း အမိန့်ချခဲ့သည်။ ၎င်းကို မကျေနပ်၍ ပြည်နယ် တရားလွှတ်တော်ရုံးသို့ မတ်လ ၈ ရက်နေ့က အယူခံ လျှောက်လဲချက် ပေးခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ အမိန့် မချဘူး။ ခရိုင်ရုံးက ပြည်နယ်ရုံးကို တင်ထားတာ။ ပြည်နယ်ရုံးက ဘာမှ မကျလာဘူး ဆိုပြီး ခရိုင်ရုံးက ရုံး ချိန်းဘဲ ပြန်ပေးလိုက်တယ်။ ကျမတို့ ဘယ်လို ဆက်လုပ်ရမှန်း မသိဘူး။ ကျမတို့လည်း အရမ်း စိတ်ဆင်း ရဲနေတယ်။ ကျမတို့က လုံးဝ အစစ်ဆေးမခံချင်ဘူး” ဟု ဒေါ်ခေါန်ဘူ က ပြောသည်။ 

လာမည့် မတ်လ ၂၂ ၇က်နေ့တွင် ရုံးချိန်း ထပ်မံ ပေးလိုက်ခြင်း ဖြစ်သည်။ အမှုကို အင်ဂျန်းယန်မြို့နယ်၊ လွှတ်တော် ကိုယ်စားလှယ် ရှေ့နေ ဒေါ်ဒွဲဘူကို လိုက်ပါ ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။ 

“ပုဒ်မ သိပ်ကြီးလို့ အယူခံ တက်ထားပါတယ်။ ခရိုင်က စွဲချက်အမိန့်နဲ့ချတာ။ အဲဒါကြောင့် ပြည်နယ်တရား လွှတ်တော်ကို လျှောက်လဲချက် တင်ထားတာ” ဒေါ်ဒွဲဘူက ပြောသည်။ 

အသက် ၅၁ နှစ်အရွယ် ဦးဒယောင်တန်ဂွန်းအား လူသေမှု၊ ပေါက်ကွဲစေမှု၊ မီးလောင်မှုတို့ အပါအဝင် အမှုပေါင်း ၆ မှုဖြင့် တရားစွဲဆိုထားပြီး သူ၏ ဇနီး ဒေါ်ဂျာဒိမ်နှင့် အမှုတွဲ ၅ ဦးတို့အား ပေါက်ကွဲမှု၊ ထိန်ချန်မှု၊ မီးလောက် မှုတို့ အပါအဝင် ၅ မှုဖြင့် တရားစွဲဆိုထားသည်။ ယင်းတို့ကို မြစ်ကြီးနား ထောင်ကြီးတွင် ချုပ်နှောင်ခံ ထားရသည်။ 

“အစိုးရ သက်သေတွေ အားလုံးကို စစ်ပြီးသွားပြီ။ ဒါပေမယ့် အဖေကို ရိုက်နှက် စစ်ဆေးတဲ့ လူတွေ တယောက် မှ မရှိတော့ဘူး။ ပြောင်းသွားတဲ့လူက ပြောင်း၊ ထွက်သွားတဲ့လူက ထွက်သွားတယ်။ တခြား လူတွေပဲ လာသက်သေခံ တယ်။ သူတို့ကို စစ်တော့ ကိုယ်ကိုယ်တိုင် စစ်ခဲ့သလားလို့ မေးရင် စစ်တဲ့ အထဲမှာ ကျနော်မပါလို့ ကျနော် မသိပါဘူး ဆိုတာမျိုး မရေမရာတွေပဲ ဖြေထားတယ်။ သူတို့ ကြိုက်သလို အမှုစွဲထား တာပါ” ဟု ဒေါ်ခေါန်ဘူက ဆက်ပြောသည်။ 

၂၀၁၁ ခုနှစ်၊ နိုဝန်ဘာလ ၁၃ ရက်နေ့ညက မိဘမဲ့ကလေးများ စောင့်ရှောက်ထားသည့် ဦးဒယောင် တန်ဂွန်း ၏ နေအိမ် ဗုံးပေါက်ကွဲမှုတွင် လူ ၁၀ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရခဲ့ခဲ့သည်။ 

ဦးဒယောင်တန်ဂွန်း၏ သားနှစ်ဦးနှင့် မြေးတဦးတို့ သေဆုံးခဲ့သည်။ ယခု ဖမ်းဆီးချုပ်နှောင်ခံရ သူများထဲ တွင် အိမ်ရှင်ဖြစ်သူ ဦးဒယောင်တန်ဂွန်းနှင့် ဇနီး အပါအဝင် သားမက် နှစ်ဦးတို့ ပါဝင်ခြင်း ဖြစ်သည်။

ပေါက်ကွဲမှု ဖြစ်ပွားစဉ် စစ်ကိုင်းတိုင်း၊ ကသာမြို့သို့ ခရီးလွန်နေသော ဦးဒယောင်တန်ဂွမ်းအား သက်ဆိုင် ရာ အာဏာပိုင် များက ဖမ်းဆီး၍ ယနေ့ထိ ချုပ်နှောင်ထားခြင်း ဖြစ်သည်။ 

ပေါက်ကွဲစဉ် မိခင်၏ ခြေထောက်မှာ ကျင်ဝတ် ကျိုးသွားသဖြင့် ပြန်လည် ဆက်ထားသော်လည်း လမ်းလျှောက် ရန် ခက်ခဲနေသလို ဖခင်ဖြစ်သူမှာ ဆီးချိုရောဂါ ခံစားနေရပြီး သူ့အား စရဖ မှ စစ်ကြောရေး တွင် ခြေသလုံးနှင့်ပေါင်များတွင် လျှပ်စစ်ကျင်စက်ဖြင့် တို့သဖြင့် အနာများ ယနေ့ထိ ခံစားနေရသည်ဟု ဒေါ်ခေါန် ဘူ က ပြောသည်။ 

ဦးဒယောက် တန်ဂွန်း အနေဖြင့် နေပြည်တော်လွှတ်တော်ရုံးသို့ ဆက်လက် အယူခံဝင်သွားမည်ဟု သိရ သည်။ 

ဗုံးပေါက်ကွဲသွားသော နေအိမ်အား ပြန်လည် ပြန်လည် တည်ဆောက်ရန် ပြည်နယ် ဝန်ကြီးချုပ်ထံ အသနား ခံစာနှ စ်ကြိမ် တိုင်တိုင် ပေးပို့ခဲ့သဖြင့် မတ်လ ပထမပတ်တွင် ပြန်ဆောက်ခွင့် ရခဲ့သည်ဟု ဒေါ်ခေါန် ဘူက ပြောသည်။

ချင်းမိုင်(မဇ္စျိမ)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်