Saturday, March 16, 2013

ကလေးသူငယ်အား မတရားပြုကျင့်မှုကြောင့် တသက်တကျွန်းကျသော်လည်း ထပ်မံတရားစွဲဆိုရန်ရှိ

Posted by drmyochit Saturday, March 16, 2013, under | No comments


ဖရူးဆိုး၊ မတ် ၁၅။

ကယားပြည်နယ် ဖရူးဆိုး မြို့နယ်ရှိ လော့ဂျာကျေး ရွာ အနီးရှိ အမှတ် ၁၄ တန်းမြင့် စစ် သင်တန်း ကျောင်း မှ ပန်းရံ အလုပ် သမား တစ်ဦး သည် ၁၀ နှစ်ကျော် ကလေး သူငယ် တစ်ဦးအား မတရားပြု ကျင့်မှုနှင့် စပ်လျဉ်း ၍ လွိုင်ကော် ခရိုင် တရားရုံးက မတ်လ ၁၅ရက်နေ့၌ ထောင်ဒဏ် တစ်သက် တ ကျွန်း ချမှတ် ခဲ့သော်လည်း တရားလို ဘက်မှ နစ် နာကြေး ကိစ္စ ပတ်သက်၍ ကျေနပ်မှု မရှိသောကြောင့် တရား မကြောင်း အရ ထပ်မံ တရား စွဲဆို မှုများ ပြု လုပ် သွား မည်ဟု တရား လွှတ်တော်ရှေ့နေ ဦးအောင်ရှိနိန်က မြန်မာ့ခေတ် သို့ပြောကြားသည်။

ယင်း တရားခံ အား ဥပဒေ ပုဒ်မ များအရ တိကျ မှန်ကန် စွာဆောင် ရွက်သော်လည်း တရားခံနှင့် ပတ်သက် သူများနှင့် နစ်နာကြေးပေးလျော်ရန် ကိစ္စများကျန်ရှိနေသောကြောင့် ထပ်မံတရားစွဲဆို
ခြင်းဖြစ်ကြောင်း သိရသည်။ 

"ပုဒ်မ ၃၆၃အရ အလုပ်ကြမ်နှင့် ထောင်ဒဏ် ၃ နှစ်။ ပြီးတော့ အရွယ်မရောက်သေးသူအား အုပ်ထိန်းသူ မသိဘဲ မတရားပြုကျင့်မှုက ပုဒ်မ ၃၇၆နဲ့ တစ်သက်တကျွန်းကျတာပေါ့။ ဒါပေမယ့် ပတ်သက် ဆက်နွယ် တဲ့သူတွေ နဲ့ နစ်နာကြေးကိစ္စတွေမပါဝင်တဲ့အတွက် သတိပေးစာတစ်ည စောင် ပေးပို့ပြီးတော့ အခုရက်ပိုင်း အတွင်း တရားမကြောင်းအရ တရားထပ်စွဲသွားမှာပါ"ဟု ၎င်းက ထပ်မံပြောကြားသည်။

"မနေ့က တရားခံကိုစစ်တော့လဲ တရားလိုတွေဘက်က ဘယ်သူမှ မသိလိုက်ဘူး။ ဒီနေ့ကျတော့လဲ ချက်ချင်း တသက်တကျွန်း အမိန့်ချပစ်တယ်။ ကြည့်ရတာတော့ တရားခံကြောင့် သင်တန်းကြောင်း ဂုဏ်သိက္ခာ ကျမှာ ဆိုးလို့ ထင်တယ်"ဟု ကရင်နီပြည်လူငယ်များသမဂ္ဂမှ အဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြော ကြားသည်။

အဆိုပါ အမှုသည် ဇန်နဝါရီလ ၂၄ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဖရူစိုရဲစခန်း၌ တရားစွဲဆိုကာ လွိုင်ကော် ခရိုင် တရား ရုံးသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

အောင်သိုက်
 The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်