Saturday, March 16, 2013

ပုံနှိပ်-ထုတ်ဝေ ဥပဒေကြမ်း လွှတ်တော်တွင် ဆိုင်းငံ့သည်ဆိုသည့်သတင်းများ မဟုတ်

Posted by drmyochit Saturday, March 16, 2013, under | No comments

From : .popular

ပုံနှိပ်-ထုတ်ဝေ ဥပဒေကြမ်းနှင့်ပတ်သက်၍ ယနေ့ ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်း အဝေးက ဆိုင်းငံ့ လိုက် သည်ဟု သတင်း ထွက်ပေါ်နေ မှုများ မဟုတ် မှန်ကြောင်း နေပြည်တော် ဥတ္တရ သီရိ မဲဆန္ဒနယ်မှ NLD ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးမင်းသူ ကပြောသည်။

"အကြောင်း အရာ နှစ်ခုကို အရေးကြီး အဆိုမှာ ပေါင်းတင် လို့ရ သလားဗျာ။ မဟုတ်ပါဘူး။ အဲဒီ ဥပဒေ ကြမ်း က ပုဒ်မ ၇ နဲ့ပတ် သက်လို့ ဒီနေ့ညနေ မှာတောင် အလုပ်ရုံဆွေးနွေးပွဲလုပ်ကြသေးတယ်။ သူရ ဦးအေးမြင့် တင်တဲ့ အရေးကြီးအဆိုမှာ အဲဒီ ဥပဒေကြမ်းနဲ့ပတ်သက်လို့ မပါ ပါဘူး" ဟု ဦးမင်းသူ ကပြောပါ သည်။

သူရ ဦးအေးမြင့် ယနေ့ တင်သွင်း ခဲ့သော အရေးကြီး အဆိုမှာ "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ် ရေးကော် မတီ၊ ကော်မရှင်များဖွဲ့စည်းဆောင်ရွက်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင် စု လွှတ်တော် သို့ တိုက် တွန်းကြောင်း" ဖြစ်ပြီး၊ ယင်း အဆိုကို ယနေ့ ကျင်းပသော ပြည်သူ့ လွှတ်တော် က အတည်ပြုထောက် ခံခဲ့ကြကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်