Saturday, March 16, 2013

"သူတို့ကိုယ်တိုင်ပဲ ဘင်္ဂါလီပါလို့ ပြောလာခဲ့ပြီး အခုမှ ပညာတတ် တချို့က ရိုဟင်ဂျာပါဆိုပြီး ထလုပ်လာကြတာ" သမိုင်းပါမောက္ခဒေါက်တာအေးချမ်းနှင့် တွေ့ဆုံခြင်း

Posted by drmyochit Saturday, March 16, 2013, under , | No comments


ရခိုင် သမိုင်း ဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်း ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက် မြို့ရှိ မဟီဒေါ တက္က သိုလ်၌ မတ်လ ၉ ရက်က ပြုလုပ် ခဲ့ရာတွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများ သည် ဘင်္ဂါလီများ သာဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံ တကာ ပညာရှင်များက ရှင်းလင်း ပြောကြား ခဲ့သည်။ ၎င်းတို့ ထဲတွင် ဒေါက်တာအေးချမ်းလည်း ပါဝင်ရာ ၎င်းအား ရခိုင်သမိုင်း၊ ဘင်္ဂါလီ၊ ရိုဟင် ဂျာ အစရှိ သည်တို့ နှင့် စပ်လျဉ်း၍ မေးမြန်း ခဲ့သည် များကို ကောက်နုတ် ဖော်ပြ လိုက် ပါသည်။

မေး - ဒီပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ပြောသွား တဲ့ အထဲ မှာ ရခိုင်တွေဟာ ကိုယ့်မင်း ကိုယ့် ချင်းနဲ့ နှစ်ပေါင်း များစွာ နေထိုင် လာခဲ့ကြတယ်။ ဒါပေမယ်လို့ လက်ရှိ အခြေ အနေမှာ ရခိုင် သမိုင်းဟာ ခိုးခံရ မယ့် အခြေ အနေ တစ်ခု ရောက်နေ တယ် ဆိုပြီး ပြောသွား ပါတယ်။ ဥပမာဆိုရင် မြောက်ဦးမြို့ မှာရှိတဲ့ ရှစ်သောင်း ပုထိုးတော်ကြီး ကိုတောင် ဗလီဆိုပြီး ပြောဆို လာတဲ့ အထိ သမိုင်းကို ခိုးယူ လာတာတွေ့ ရပါတယ် ဆိုပြီး ပြော ပါတယ်။ ဒီလိုပြော ဆို လာ တာနဲ့ ပတ်သက် လို့ ဆရာ့ရဲ့ သဘော ထားကို သိလို ပါတယ်။

ဖြေ - အဲဒါ အမှ န်ပါပဲ။ မြောက် ဦးမြို့တော်ကို ၁၇၈၅ ခုနှစ် ဇန်န၀ါရီလ ၂ ရက်မှာ သိမ်းပြီးတဲ့ အခါ ကျတော့ နန်းတော် ထဲမှာ သိမ်းထား တဲ့ ဘုရင်ရဲ့ ရွှေတိုက် မှတ်တမ်း မှတ်ရာတွေ ထားတဲ့ ထဲက အကုန် လုံး အမရ ပူရကို သယ်ဆောင် သွားပါတယ်။ မ သယ်ဆောင်နိုင် တဲ့ဟာတွေ ကို အကုန် မီးရှို့ ပစ်ပါ တယ်။ အဲဒါကြောင့် ကျွန်တော် တို့က ရခိုင် မှတ်တမ်း ကို လေ့လာ တဲ့အခါ တော်တော်လေး အထောက် အထား တွေက အား နည်းနေတယ်။ အဲဒါ အမှန်ဖြစ်ပါ တယ်။ ဒါပေမယ့် ဒီကနေ့ ကျွန်တော်နဲ့ အတူ စကားပြော သွားတဲ့ ပါမောက္ခနှစ်ယောက် က ဆိုရင်တော့ ရခိုင်ရာ ဇ၀င်၊ ရခိုင်ကျောက်စာ တို့ကို လေ့ လာ ထားတယ်၊ မြန်မာ စာတွေ ကိုလည်း သေသေ ချာချာ လေ့လာ ထားတဲ့ အတွက် သူတို့က ဥရောပ အထောက် အထားတွေ နဲ့ ပေါ်တူ ဂီတို့၊ ဒက်ခ်ျ တို့ အထောက် အထားတွေ အားကိုးပြီးတော့ မြောက်ဦး ခေတ်သ မိုင်းကို သုတေ သနပြုနိုင် တဲ့သူ တွေဖြစ် ပါတယ်။ ဒါကြောင့် မို့လို့ သူတို့ ကျေးဇူးကြီး တယ်လို့ ပြောချင် ပါတယ်။

မေး - ရခိုင် သမိုင်းကို ပြည်တွင်း ကသူတွေ လေ့ လာမှု အားနည်းတာ ဘာကြောင့်လို့ ထင်ပါ သလဲ။

ဖြေ - ဘာကြောင့် အားနည်း သလဲဆိုရင် အိမ်မှာ စားစရာ ဆန် မရှိရင် အိမ်မှာ ဘယ်မှာကျောက်စာ ထိုင်ဖတ် ဖို့ အချိန်ပေးနိုင်မှာ လည်းဗျာ။ အဓိက ကတော့ စီးပွားရေး ပါပဲ။ ကျွန်တော် ဒီသုတေ သန အလုပ်တွေ ကို လုပ်နိုင် တယ် ဆိုတာကတော့ ဂျပန် အစိုးရက ကျွန်တော့်ကို လစာကောင်းကောင်း
ပေးထား လို့ပေါ့။ သုတေသ နလုပ် ကျွန်တော် လန်ဒန်သွား ဒီဟာတွေ လုပ်နိုင် တာပေါ့။ မြန်မာနိုင် ငံမှာ သုတေ သန လုပ်မယ်ဆိုလို့ရှိရင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်၊ အမျိုးသား စာကြည့်တိုက် ဒါကလွဲလို့ ဘာမှမရှိ ဘူး။ အဲလိုပေါ့ ရခိုင်တွေသာ မဟုတ်ဘူး။ မြန်မာနိုင်ငံ ပြည်တွင်းက သုတေသီတွေ ဆိုလို့ရှိရင် အတော်လေး ကို ကိုယ် ချင်း စာ ပါတယ်။ သူတို့လည်း လုပ်ချင် မှာပေါ့။ ကျွန်တော် တို့လို အခုလို လိုက်ပြီးတော့ ကူးတာတို့၊ ပိုက်ဆံ သုံးတာ တို့ မလုပ်နိုင်ဘူး။ မလုပ်နိုင်တဲ့အတွက် အဲဒါတော့ အမှန်ပါပဲ။ ဒီတိုး တက်တဲ့ နိုင်ငံတွေမှာကတော့ ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်တွေကနေပြီးတော့ ဒီသုတေသန စီမံကိန်းတွေ အတွက်Proposal တင်တာ ပိုက်ဆံ ထုတ်တာ ဘယ်လောက် ကုန်မယ်၊ ခရီး သွားတာ ဘယ်လောက် ကုန်မယ် အစရှိသဖြင့် အဲဒါတွေ ပေးပါဆိုရင် ထုတ်ပေး တာပေါ့လေ။ ပြီးရင် သုတေ သန လုပ်ကြ တာပေါ့လေ။ ဘယ်နှနှစ်အတွင်း ပြီးအောင် လုပ်မယ် ဆိုတာတော့ တင်ပြ ရတာပေါ့လေ။

မေး - ရိုဟင်ဂျာ အသုံး အနှုန်းနဲ့ ပတ်သက် လို့ ရှင်းပြပေးစေ ချင်ပါတယ်။ ဒီပွဲမှာလည်း ဆရာရှင်းပြ သွားတာက ၁၉၅၁ ခုနှစ်မှာ ဘူးသီးတောင်က Mr. Abdul Gaffa က တီထွင် ခဲ့တာ လို့ ပြောပါတယ်။ ဒီ စကား လုံးကြောင့် ပဲ ရခိုင်ပြည်နယ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့မှာ ပြဿနာတွေ ဖြစ်နေတာ ရှိနေ ပါတယ်။ ဒီအပေါ်မှာ ဆရာ့ရဲ့ အမြင်ကို သိချင် ပါတယ်။

ဖြေ - မှန်ပါတယ်။ ဒီရို ဟင်ဂျာဆိုတဲ့ စကားကြောင့် လည်း တစ်ပိုင်း ပါတာပေါ့။ အဓိ က ကတော့ အင်္ဂလိပ်ခေတ် ကတည်းက ဗြိတိသျှတွေက လယ် ကူလီ အဖြစ် ဘင်္ဂါလီ လူမျိုးတွေကို တင်သွင်း လာတယ်။ နောက် ထပ် လွတ်လပ်ရေး ရပြီး ခိုးဝင် လာတဲ့ ဘင်္ဂါလီတွေ၊ အဲဒီမှာ သူတို့တွေက ဘင်္ဂါ လီလို့ မခေါ်ပါနဲ့ ရိုဟင်ဂျာ လို့ ခေါ်ပါဆိုပြီး အမှန် ကတော့ သူတို့က တိုင်းရင်းသား တစ်မျိုး အဖြစ် တောင်း ဆိုတာပေါ့လေ။ ဟုတ်တယ် မလား။ ဒါကတော့ နိုင်ငံတော် အစိုးရက ဘယ်လိုမှ လက် မခံနိုင်တဲ့ အချက်ပေါ့။ တကယ်တော့ နိုင်ငံခြား သား တစ်ယောက်က နိုင်ငံခြားသား တစ်ယောက် ပါပဲ။ အမေရိ ကန်ပြည်မှာ မြန်မာ တစ်ယောက်က အမေရိ ကန်နိုင်ငံသား ခံယူ လို့ ရှိ ရင်လည်းBirth of Place ဆိုတဲ့ နေရာမှာ ဘား မားလို့
ရေး တာပဲ။ ဒါကတော့ ဘယ်လိုမှ မရှိတဲ့ လူမျိုး တစ်မျိုး ကို ရှိပါတယ် ဆိုပြီးတော့ မြန်မာ တိုင်းရင်းသား မဟုတ် တဲ့သူကို တိုင်းရင်းသား ပါဆိုပြီးတော့ တိုင်းရင်း သားတွေနဲ့ တန်းတူ အခွင့် အရေး ပေးရမယ်ဆို လို့ရှိရင် ဘယ်လို မှ တိုင်းရင်းသားတွေက ကျေနပ်နိုင်မှာ မဟုတ် ဘူးပေါ့လေ။ တကယ် လို့ ဖြစ်စေ ချင် တယ် ဆိုလို့ ရှိရင် ပြည်သူ့ဆန္ဒ ခံယူတဲ့ ပုံစံပေါ့။ မြန်မာ တစ်နိုင်ငံ လုံးက တိုင်းရင်း သားတွေက ဒီရို ဟင်ဂျာ ဆိုတာကို လက်ခံ ပါသလား၊ အသိ အမှတ် ပြုပါ သလားဆိုပြီး လုပ်ရင်တောင် ကျွန်တော် ထင်တယ် ဘယ် သူမှ လက်ခံမှာ မဟုတ်ဘူး။ အဲဒီနည်းအပြင် မရှိဘူးလို့ ထင်တယ်။ ကျွန်တော်တို့ လက်ခံနိုင်တဲ့ နည်းက လည်း ဒီတစ် နည်းပဲ ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ သားဖြစ်မှု ၁၉၈၂ ခုနှစ် ဥပဒေအရ ဆိုလို့ရှိ ရင်လည်းပဲ သူတို့က ဘယ်လိုမှ အကြုံးမ၀င်ဘူး။ ဘာကြောင့် လည်း ဆိုတော့ ၁၈၂၃ ခုနှစ်နဲ့ ယင်းနှစ် မတိုင်မီ ကာလ အတွင်း မြန်မာနိုင်ငံဟု ဖြစ်ပေါ်လာပြီး နယ်မြေ တစ်ခုခုတွင် နေထိုင်ဆဲသော တိုင်းရင်း သား ကို သာလျှင် တိုင်းရင်းသား အဖြစ် အသိ အမှတ်ပြု ပါသည်ဟု အဲဒီလို ဆိုထား တဲ့အတွက် သူတို့ က ဘယ်လိုမှ အကြုံး မ၀င်ဘူး။ ဒါပေမယ့် နိုင်ငံ သားဖြစ် မှုကို ပေးရမယ် ဆိုတာ ကတော့ ဒါကျွန်တော် တို့ လက် ခံ  ရ မှာပါပဲ။ နိုင်ငံ သားဖြစ် ဖို့ဆိုရင် နိုင်ငံ သားဖြစ်ဖို့ သူတို့လျှောက်နိုင်တယ်။ ဒီဥပဒေ အတိုင်း လျှောက်ရ မယ်။ လျှောက်ပေမယ့် ဒီရိုဟင်ဂျာ ဆိုတာ အသိ အမှတ်ပြုဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ သူတို့ မြန်မာနိုင်ငံက ဘင်္ဂါလီ အနေနဲ့ လျှောက်နိုင်တယ်။ ဒါ လူ့အခွင့်အရေးပဲ၊ ဟုတ်တယ် မလား။ ဒါကတော့ ကျွန်တော် တို့ ငြင်းစရာ အကြောင်း မရှိ ပါဘူး။

မေး - ရခိုင်ပြည် နယ်မှာ ဘင်္ဂါလီတွေ ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အရ စာရင်းကောက် ယူတဲ့ အခါမှာ ဘင်္ဂါလီတွေက သူတို့ကို ရိုဟင်ဂျာလို့ စာရင်းသွင်းမှ လက်မှတ်ထိုးမယ်ဆိုပြီးတော့ ပြောဆိုတာတွေ ရှိခဲ့ပါ တယ်။ အဲဒါကြောင့် ရပ်ဆိုင်း ခဲ့ရမှုတွေ လည်း ရှိခဲ့တယ်။ ဒါနဲ့ ပတ်သက်လို့  ဆရာရဲ့ အမြင်ကို သိချင်ပါ တယ်။

ဖြေ - ကျွန်တော်က အဲဒီ အရပ်ဒေ သကပါ။ အဲဒီ အရပ်မှာမွေးပြီး အဲဒီ အရပ်မှာ ကြီးပြင်း ခဲ့တာပါ။ ကျွန်တော် သူတို့စ ကားကို လည်း ကောင်းကောင်း တတ်ပါတယ်။ သူတို့ကို ဘာလူမျိုးလဲလို့ မေးရင် ဘင်္ဂါလီ လို့ပဲဖြေ လာခဲ့တာ။ တောက်လျှောက် ဒီစကားပဲ ကြားလာခဲ့တာ။ ရိုဟင်ဂျာဆိုတာ တစ်ခါမှ မကြားဖူး ဘူး။ သူတို့ကိုယ်တိုင်ပဲ ဘင်္ဂါလီပါလို့ ပြောလာခဲ့ပြီး အခုမှ ပညာတတ်တချို့က ရိုဟင်ဂျာပါဆိုပြီး ထလုပ် လာကြတာ။ ဒါနောက်မှပေါ် လာတာ။ နိုင်ငံရေး အရ ဒါ ရည်ရွယ်ချက် တစ်ခုတော့ ရှိရမယ်။

မေး - ရခိုင်မှာ ရှိတဲ့ မွတ် ဆလင်တွေ ရဲ့ သမိုင်း အကျဉ်းချုပ် လေးကိုလည်း ပြောပြပေးပါဦး။

ဖြေ - ရခိုင်မင်းတွေ အုပ်ချုပ်ကတည်းက မွတ်ဆလင်တွေ မရှိဘူး မဟုတ်ဘူး၊ ရှိပါတယ်။ ကမန်တွေ ဆိုလို့ ရှိရင် ရခိုင်မင်းတွေ အုပ်ချုပ်ကတည်းက လေးတပ်မှာ အမှုထမ်းရတာ။ ကမန်တွေက ပါရှန် အနွယ်တွေပေါ့။ ကမန် ဆိုတာ ပါရှန်စကား၊ ဘာလဲဆိုတော့လေးကိုခေါ်တာ၊ ဒါကြောင့် သူတို့က လေးတပ်မှာ အမှုထမ်း ရတာ။နောက် ဆုံးတော့ ရခိုင်ဘုရင်က သူတို့ကို ရမ်းဗြဲကျွန်းမှာ နေရာချထားပေးတယ်။ တခြားနေရာမှာ ကမန်မ ရှိပါဘူး။ ဒါကျွန်တော်တို့တိုင်းရင်းသားအဖြစ် လက်ခံလို့ရပါတယ်။ နိုင်ငံသား အက်ဥပဒေအရ အကျုံးဝင် ပါတယ်။

မေး - ရခိုင်ပြည်နယ်မှာ ဖြစ် ပျက်ခဲ့တဲ့ တရားမ၀င် ၀င်ရောက် လာသူတွေ ကို ဥပဒေကြောင်းအရ တရား ၀င် အခြေ အနေ တစ်ခု ပေး လိုက်မယ် ဆိုရင် သူတို့ရဲ့ လူဦးရေပေါက်ဖွားမှု နှုန်းထားက တစ်ချိန်မှာ သူတို့အနေ နဲ့ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသတစ်ခုအဖြစ် တောင်းဆိုလာနိုင်မယ့် အနေအထား ရှိလာနိုင် မလား။ ဘာလို့လည်းဆိုတော့ သမိုင်းတစ်လျှောက်ပြန်ကြည့်မယ်ဆိုရင် ပြည်နယ်အဆင့် တောင်းဆိုခဲ့ဖူးတဲ့ အနေ အထားတွေ ရှိခဲ့ တာကိုတွေ့ခဲ့ ရပါတယ်။

ဖြေ - ခုနက ကျွန်တော်ပြ ခဲ့တဲ့ မှတ်တမ်း ထဲက အလယ် သံကျော်ကြေ ညာချက် ထဲမှာ ရခိုင်ပြည် နယ်ကို ခွဲပါ။ ဒီတစ်ခြမ်းကို သူတို့ကိုပေးရမယ်ဆိုပြီး။ ကုလားတန်မြစ်ရဲ့ အနောက်ဘက်ခြမ်းကို သူတို့ရဲ့ မွတ် ဆလင်ပြည် နယ် အဖြစ် သတ်မှတ်ပေးပါဆိုပြီး တောင်းဆိုဖူးခဲ့တာပဲ။ အဲဒီတုန်းက ဒီလောက်ထိ လူဦးရေ မများခင် ကတောင် ဒီလိုတောင်းခဲ့ ဖူးတာ၊ ဒီထက် ပိုများလာရင် တောင်းတော့ မှာပေါ့။ သိပ်သေချာ တာပေါ့။

သန်းဇော်ထွန်း
Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်