Saturday, March 16, 2013

၁၇ နှစ် သက်သက် လွတ် စား လာပြီးနောက် ရာသက်ပန် သက်သက် လွတ်စား မယ်လို့ဆိုလာတဲ့ စိုးသူ

Posted by drmyochit Saturday, March 16, 2013, under | No comments


အနု ပညာ အလုပ်တွေ ကို တစ်ကျော့ပြန် လုပ်နေပြီဖြစ် တဲ့ စိုးသူ ဟာ ဒါရိုက်တာ ဇွဲလုံ့လ နဲ့ အတူ ပဒုမ္မာ ဆပ်ပြာ ကြော်ငြာ ကို ဗိုလ်ချုပ် ပန်းခြံ ထဲမှာ မတ်လ (၇) ရက်နေ့တုန်းက ရိုက်ကူးသွား ခဲ့ပါတယ်။ ဒါဟာ မြန်မာပြည် ကို ပြန်လည်ရောက်ရှိ လာပြီးနောက်ပိုင်း စိုးသူရဲ့ အနုပညာ လှုပ်ရှား မှုပါပဲ။ ကြော်ငြာ ရိုက် ကွင်း ဆီမှာ မြန်မာပြည် မှာ လတ်တလော နာမည်ကျော်နေ တဲ့ လင်ကွန်းကား (တံခါးပေါက် ၃ ပေါက်ပါ) အဖြူကြီး ကိုလည်း တွေ့ခဲ့ရသေး တာပါ။ 

အမေရိ ကန်လုပ် ဒီ ကားဟာ မြန်မာပြည်မှာ နှစ်စီး တည်းသာရှိ တာဖြစ်ပါတယ်။ တစ်စီးက မန္တလေးမှာပါ။ ရန်ကုန် မှာ ရှိတဲ့ တစ်စီးကိုတော့ ဝေဠုကျော် ရဲ့သူငယ်ချင်းက ပိုင်ဆိုင် တာဖြစ် ပါတယ်။ သိန်း ၁၂၀၀ တန် ဒီကား ကြီး ဟာ ဒီကြော်ငြာ ရှုတင် အတွက် ကျပ်သုံးသိန်းခွဲ ရရှိခဲ့တာပါ။ ရိုးရိုးငှားမယ်ဆိုရင် တစ်နာရီ ကို တစ် သိန်း ကျသင့်မယ်လို့ သိခဲ့ရပါတယ်။ မင်္ဂလာဆောင် တစ်ပွဲကိုတော့ ငါးသိန်း ယူတယ်လို့ သိရှိ သူတွေ က ပြောပြကြ ပါတယ်။

အနုပညာ အလုပ်တွေနဲ့ ၁၀ နှစ်ကျော် ဝေးကွာနေခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ စိုးသူဟာ အခုဆိုရင် သတ်သတ်လွတ် စားလာတာ ၁၇ နှစ် ကျော်သွားခဲ့ပါပြီ။ တောင်တန်းသာသနာပြု ဆရာတော် ဘုရားကြီး ဦးဥုတ္တမသာရ ရဲ့ “နွားမေတ္တာစာ” စာအုပ်ကို  ဖတ်ပြီးတဲ့နောက်မှာ သူ့ဆီကို သတ်သတ်လွတ် စားချင် စိတ်တွေ ၀င်ရောက်လာခဲ့တာ ဖြစ်တဲ့ အကြောင်း စိုးသူက ဖွင့်ဟ ပြောပြ သွားခဲ့ပါတယ်။ စိုးသူက သူ့အနေနဲ့ ရာသက်ပန် သတ်သတ်လွတ် စားသွားမှာ ဖြစ်တဲ့အကြောင်း နှင့် နုပျိုတာဟာ ဒီအတွက်ကြောင့် ဖြစ်မယ် လို့ ယူဆကြောင်း ထပ်လောင်း အသိ ပေးသွား ခဲ့ပါတယ်။ 

မတ်လ (၈) ရက် နေ့ကလည်း စိုးသူဟာ သက်မွန်မြင့်နှင့်အတူ ကိုနိုင်(NVG) ရိုက်ကူးတဲ့ IQ Vision မျက်မှန် ကြော်ငြာမှာ ပါဝင် သရုပ်ဆောင် ပေးသွားခဲ့ပါတယ်။ ဒီကြော်ငြာ ကို ဦးချစ်မောင် အိမ်ရာထဲမှာ ရှိတဲ့ IQ Vision မျက်မှန်ဆိုင်ကြီးထဲမှာ ရိုက်ကူးခဲ့တာပါ။ Horlicks ကြော်ငြာကို ဆက်ရိုက် သွားခဲ့ပြန်ပါတယ်။ “ကိုယ်ကြိုက်ခဲ့တဲ့ ကိုယ်အားပေးခဲ့တဲ့ အနုပညာရှင် တစ်ယောက်နဲ့ တွဲရိုက်ခွင့်ရတာက အရမ်းဝမ်းသာ စရာပါ။ သက်မွန်တို့ ၈ တန်း ကျောင်းသူ အရွယ်တုန်းက  ကိုစိုးသူ ချင်းတောင်ဆီကို ရောက်လာတေ့ သူနဲပ ဓာတ်ပုံ ရိုက်ခွင့် ရခဲ့တာ အမှတ်ရစရာပါပဲ။ 

တအား စိတ်လှုပ်ရှားမိတယ် ပေါ့နော်။ ချင်းတောင်ဆီကို “တုနှိုင်းမမီ” ဇာတ်ကားလာရိုက် တုန်းက ကျောင်းသူအနေနဲ့ ကြိုဆိုရေးအဖွဲ့မှာ သက်မွန် ပါခဲ့ဖူးပါတယ်။” ဆိုတာက IQ Vision ကြော်ငြာမှာ စိုးသူနဲ့ တွဲဖက် သရုပ်ဆောင်ခွင့် ရခဲ့တဲ့ အပေါ် သက်မွန်မြင့်ရဲ့ ကြည်နူး ၀မ်းသာစကားပဲ ဖြစ်ပါတယ်။ ဒီတော့ အနုပညာ လောကကို ကျောခိုင်းပြီး တစ်ကျော့ပြန် ပြန်လည် ၀င်ရောက် လာခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ စိုးသူ တစ်ယောက် နောက်ထပ် အနုပညာ လောကကို မည့်သည့် အတိုင်း အတာ တစ်ခု အထိ ကိုင်လှုပ် နိုင်စွမ်း ရှိမယ် ဆိုတာကိုတော့ အားလုံး စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။

Myanmar Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်