Wednesday, May 28, 2014

ဂီတအလုပ်တွေအပြင် MRTV 4က ရိုက်မဲ့ Musical Drama ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဦးမယ့် ၀ိုင်းလေး

Posted by drmyochit Wednesday, May 28, 2014, under | No comments


အိပ်မက်ဆုံရာ အစီအစဉ်မှ စတင်ကာ ဂီတလောကထဲ ၀င်ရောက်လာပြီး လက်ရှိမှာ တစ်ကိုယ်တော်ခွေ အပြင် ဇာတ်လမ်းတွဲ တစ်ခုလဲရိုက်ဖို့ ရှိနေတာကြောင့် သူမရဲ့အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးကြည့်တဲ့ အခါ “သုံးယောက်ခွေ မထွက်ခင်ကတည်းက ဒီအခွေကိုလုပ်နေတာ။ အခုနောက်ပိုင်းကျတော့ သီချင်းက ၈ပုဒ် တီးပြီးသွားပြီ။ ဒါပေမဲ့ အဲဒီ၈ပုဒ်ထဲက အားမရလို့ ၀ိုင်းလေးက အသစ်ပြန် တီးနေတာ ဆိုတော့ အခု သီချင်း အပုဒ်၂၀ကျော်ကတည်းက ၇ပုဒ်တော့ ပြီးသွားပြီ။ မှန်းထားတာကတော့ သြဂုတ် ၈လပိုင်း ၃ ရက်နေ့မှာ ထွက်ဖို့စဉ်းစားထားတာ။ ဒါပေမဲ့ မိုးတွင်းရယ်၊ ပရိသတ် အခိုင်အမာ မရသေး တာကြောင့်ရယ်။ ရက်နောက်ဆုတ်ပြီး စက်တင်ဘာ၊ အောက်တိုဘာလောက်တော့ မှန်းထားတယ်။ အခွေထဲမှာ က R&B dance လေးတွေပါမယ်။ popလေးတွေပါမယ်။ တေးရေးတွေက တော့ ဆရာမြင့် မိုးအောင်၊ ဆရာနောင်နောင်(ဆန်းဖလားဝါး)၊ ကိုပိ၊ စောဖြိုးဝေကျော်။ G3 က ကိုသားစိုးပါတယ်။ ၀ိုင်းလေး ကိုယ်တိုင်လဲပါ မယ်။ သီချင်းက တစ်ကိုယ်တော်ဆိုတော့ ကိုယ့်စိတ်ကြိုက်ပေါ့။ အသည်းကွဲ သီချင်းတွေ လဲပါမယ်။ အချစ်သီချင်းလေးတွေလဲ ပါမယ်။ ဘ၀အကြောင်းလေးတွေလဲပါမယ်။ နောက်ထူးခြားတာက ၀ိုင်းလေးရေး ထားတဲ့ အဖေ့မေတ္တာအကြောင်း ရေးထားတဲ့ သီချင်းပေါ့။ အများကတော့ အမေအတွက် ရေးတာများ တယ်။ ၀ိုင်းလေး ကိုယ်တိုင်ကတော့ အဖေ့မေတ္တာသီချင်းလေးကို ထည့်ထားတာပေါ့။”လို့ သူမက ပြောပါ တယ်။

 သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း သူမက “MRTV 4 ကနေ musical drama ရိုက်ဖို့အတွက် အိပ်မက်ဆုံရာက ၁၀ယောက်ပါမယ်ပေါ့။ ၀ိုင်းလေး ၊ ဟန်ထူးဈာန်၊ နန့်ချစ်၊ အောင်မြင့်မြတ်၊ ထင်တိုင်း၊ ယမုံဝေဦးခင်၊ ရတနာဝိုင်း၊ နန်းထက်ထက်သူ၊ ထွန်းပြည့်အောင်တို့ပေါ့။ ၀ိုင်းလေးလဲ သိပ်မမှတ်မိလို့။ ရိုက်မှာက music အကြောင်းပေါ့။ သူငယ်ချင်းတွေ တစ်နေရာစီက လာပြီးတော့ ဂီတ၀ါသနာပါတဲ့အခါမှာ ပြိုင်ပွဲသွားပြိုင်ကြတယ်။ အခက်အခဲတွေ တွေ့ရတယ်ပေါ့။ အဲလိုပုံစံလေးလောက်ပဲ သိထားတယ်။ အတိအကျတော့ မသိသေးဘူး။ ရှေ့လ စရိုက်မယ်လို့တော့ ပြောထားတယ်။ သေချာတာက ၀ိုင်းလေးက အဆိုတော်ဖြစ်ချင်တာပါ။ သရုပ်ဆောင်ကတော့ အနုပညာတစ်ခုအနေနဲ့ ကြိုးစားသင့်တယ်ထင်လို့ရိုက်ဖို့ လက်ခံဖြစ်တာပါ”တဲ့။

Trend Myanmar

တောင်ကိုရီးယားနိုင်ငံ ကျေးလက်ဆေးရုံတရုံတွင် မီးလောင်၊ ၂၁ ဦး သေဆုံး

Posted by drmyochit Wednesday, May 28, 2014, under | No comments


တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း ဂျေးအိုလာဒေသ ကျေးလက်ဆေးရုံတရုံမှာ ဒီနေ့ မီးလောင်မှုဖြစ်ပွားခဲ့လို့ နာတာရှည် သက်ကြီးလူနာ ၂၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရပါတယ်။

ဒါဟာ နိုင်ငံတွင်း ကူးတို့ယာဉ် နစ်မြုပ်မှုကြောင့် လူ ၃၀၀ ကျော် သေဆုံးမှုအပြီး ဒုတိယမြောက် အကြီးစား မတော်တဆမှု ဖြစ်ပါတယ်။ မီးဟာ ညသန်းခေါင်က စတင် လောင်ကျွမ်းခဲ့တာလို့ ဒေသခံမီးသတ်ဌာနက ဆိုပါတယ်။

Koreaမီးကို အမြန်ငြိမ်းသတ်နိုင်ခဲ့ပေမယ့် သက်ကြီးလူနာတွေက လမ်းမလျှောက်နိုင်၊ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်လို့ သေဆုံးမှု များခဲ့တာလို့ မီးသတ်အရာရှိတွေက ပြောပါတယ်။

မီးလောင်သေဆုံးသူ လူနာအားလုံးက ကုတင်ပေါ်မှာ လဲနေတဲ့ လူနာတွေ ဖြစ်ပြီး သူတို့ကို ဆေးရုံရဲ့ ကနဦးကယ်ဆယ်ရေး အားထုတ်မှုတွေ ရှိခဲ့ပေမယ့် လွတ်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ဒမ်ယန်မီးသတ်ဌာန ခေါင်းဆောင် လီမင်ဟိုက ပြောပါတယ်။

သေဆုံးသူအားလုံးက မီးခိုးမွန်ပြီး သေဆုံးတာလို့ ဒေသခံ မီးသတ်ဌာန အရာရှိတဦး တယ်လီဖုန်းကနေ ပြောပါတယ်။

ဒီဆေးရုံဟာ ဦးနှောက်ထိခိုက် ဒဏ်ရာရမှု ဒါမှမဟုတ် လေဖြတ်မှုကြောင့် မသန်စွမ်းဖြစ်နေသူတွေ ကာလကြာရှည် ပြုစုကုသရမယ့် လူနာတွေကို ကုတဲ့ဆေးရုံလို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။

တောင်ကိုရီးယားဟာ ကမ္ဘာ့စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်ပြီး ကုန်ထုတ်လုပ်မှုမှာ ထိပ်တန်းနိုင်ငံ ဖြစ်ပေမယ့် ဘေးကင်းရေးစံချိန်တွေကို လိုက်နာမှုနဲ့ စည်းကမ်းထိန်းသိမ်းမှု လျော့ရဲတယ်လို့ ဝေဖန်တာတွေကို ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့ကလည်း ဈေးကြီးတခုမှာ မီးလောင်လို့ မီးခိုးတွေနဲ့ အဆိပ်သင့်မှိုင်းတွေ အမြန်ပျံ့လာတဲ့အတွက် လူ ၈ ဦး သေဆုံးခဲ့ပါသေးတယ်။

မီးနဲ့ မီးခိုးတွေ ပြန့်လာတာကို တားဖို့ ပုံစံထုတ်ထားတဲ့ပစ္စည်းတွေ တပ်ဆင်ထားပေမယ့် အဆောက်အဦအသစ်မှာ အဲဒီပစ္စည်းတွေက အလုပ်မလုပ်ခဲ့ပါဘူး။ မြေအောက်ရထား မတော်တဆမှု ၂ ခုမှာလည်း လူအယောက် ၂၀၀ နီးပါး ဒဏ်ရာရခဲ့ပါသေးတယ်။

DVB

ကိုရီးယားရောက်မေမြတ်နိုး အင်တာနက်ဆုရဖွယ်ရှိ

Posted by drmyochit Wednesday, May 28, 2014, under | No comments

တောင်ကိုရီးယားမှာ ကျင်းပနေတဲ့ ဒီနှစ်အတွက် Miss Asia Pacific World ပြိုင်ပွဲကြီးမှာ မြန်မာပြည်ကိုယ်စားပြုအလှမယ် မေမြတ်နိုးကအနည်းဆုံး ဆုတခု ဆွတ်ခူးဖွယ် ရှိနေပါပြီ။
အဲဒီဆုကတော့ အင်တာနက်ပရိသတ်တို့ရွေးချယ်တဲ့ဆုပါပဲ။

မဲ တသိန်းကျော် ကိုယ်စီ ရနေတဲ့ မြန်မာနဲ့ ဖိလစ်ပိုင်က ထိပ်ဆုံးမှာ ရောက်နေပါတယ်။
ဖိလစ်ပိုင်အင်တာနက်သမားတွေ အခုထက် ပိုပြီး တက်ကြွကြမယ် ဆိုရင်တော့ ဖိလစ်ပိုင်အလှမယ်က မေမြတ်နိုးကို အနိုင်ရသွားနိုင်ချေ ရှိနေပါပြီ။ဒါကြောင့် မေမြတ်နိုးပရိသတ်တချို့ကလည်း မြန်မာအလှမယ်ကို အားပေးဖို့ အွန်လိုင်းမှာ လှုံ့ဆော်နေတာပါ။
 .
မေမြတ်နိုးက ပြိုင်ပွဲမြေကို ခြေမချခင်ကတည်းက အင်တာနက်ပရိသတ်ရဲ့အားပေးမှုကို ရနေသူပါ။

မဲပေးနိုင်တဲ့ လင့်ကတော့...  https://www.facebook.com/missosology.info/app_376474729030486

မဲပေးလိုသူ ပထမဆုံး လုပ်ရမှာကတော့ ပြိုင်ပွဲကော်မတီရဲ့ဖေ့စ်ဘုတ်စာမျက်နှာကို like လုပ်ရခြင်းပါ။
အဲဒါက အဆင့် ၁။
အဆင့် ၂ ကို ဆက်သွားမယ် ဆိုရင်တော့... okay ကို ကလစ်ရပါမယ်။ ကိုယ့်ဖေ့စ်ဘုတ်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ၊ ကိုယ့်မိတ်ဆွေများရဲ့ အီးမေးလ်လိပ်စာတွေကို ကော်မတီက ရယူနိုင်ပါမယ်။ (အဲဒါကို သဘောမတူရင် cancel ကိုနှိပ်ပြီး မဲပေးမယ့်အစီအစဉ်ကို ရုပ်သိမ်းရုံသာ။)
အဆင့် ၃ ကတော့ ကိုယ်ပေးချင်တဲ့ မိန်းမလှကို မဲပေးဖို့ပါ။

Step 2: Give the App Permissions, Click here Grant Permission to App (you need to do this just once)
Step3: Vote for your favorite girl!
လို့ ဆိုပါတယ်။

တယောက်ထက် ပိုပြီး မဲထည့်အားပေးနိုင်တယ်။
တရက်ကို ငါးယောက်အထိ ပေးလို့ရကြောင်း သူတို့က စည်းကမ်းချက် သတ်မှတ်ထားတာပါ။
မဲရုံပိတ်တဲ့ စနေနေ့အထိ မဲပေးနိုင်ပါတယ်။
ကဲ... အနိုင်အရှုံးက အွန်လိုင်းစာဖတ်သူများလက်ထဲမှာ အများကြီး ရှိနေပါကြောင်း။









ဗန်းမောက်မြို့နယ် နောင်ကွတ်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး လူ ၁၅၈ ဦး အိုးမဲ့အိမ်မဲ့ဖြစ်

Posted by drmyochit Wednesday, May 28, 2014, under , | No comments

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် အဘွားအိုနှင့်  ကလေးငယ်တစ်ဦးနေထိုင်နေသည့်အိမ်မှ မီးစတင် လောင်ကျွမ်းရာ လူနေအိမ် ၂၂ လုံး မီးထဲပါသွားပြီး ဒေသခံ ၁၅၈ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

မေလ ၂၅ ရက် နံနက်က ဗန်းမောက်မြို့နယ်၊ နောင်ကန် အုပ်စု၊ နောင်ကွတ်ကျေးရွာတွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး အသက် (၈၃) နှစ်အရွယ် အဘွားအိုနှင့်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ နေထိုင်သည့်အိမ်မှ စတင်လောင်ကျွမ်းခြင်းဖြစ် ကြောင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးပြည့်ဖြိုးငြိမ်းကပြောသည်။

  ‘‘ညဘက်မှာ မီးဖိုသုံးပြီး မငြှိမ်းမိဘဲ အိပ်ကြတာ။ အဘွား အိုကြီးနဲ့ ကလေးနှစ်ယောက်ပဲရှိ တော့ ပိုဆိုးသွားတာပေါ့။ ရာသီဥ တုကလည်း ပူနေတော့ အနားက အိမ်တွေကို လွယ်လွယ်ကူကူပဲ မီးကူးသွားတာ’’ဟု ဦးပြည့်ဖြိုး ငြိမ်းကပြောသည်။

မီးလောင်မှုဖြစ်စဉ်များတွင်  ပေါ့ဆမီးကြောင့် အများဆုံးဖြစ် ပြီး နောင်ကွတ်ကျေးရွာမီးလောင် ဆုံးရှုံးမှုမှာ ကျပ်သိန်း ငါးဆယ် ကြောင်း ဗန်းမောက်မြို့နယ် မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ မီးဘေးသင့်သူများအား ကျေးရွာဘုန်းကြီးကျောင်းနှင့်  စာသင်ကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်ပေးထားကြောင်း သတင်းရရှိသည်။

မီးစတင်လောင်သည့်အိမ်မှ အဘွားအိုနှင့် ကလေးငယ်ကို အနီးပတ်ဝန်းကျင်ရှိ ရွာသားများက ကယ်ထုတ်ခဲ့ရပြီး ဒဏ်ရာရသူတစ်ဦးမျှမရရှိခဲ့ကြောင်း မြို့နယ်ထွေအုပ်ရုံးမှ စာရေးကြီးက ပြောသည်။

Author: အောင်သစ်လွင်
7DAY DAILY

စဥ့်ကိုင်မှာ အလုပ်သမား ၆၀၀ ကို အလုပ်ပြန်ခန့်ပေးဖို့ တောင်းဆို

Posted by drmyochit Wednesday, May 28, 2014, under | No comments

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာ မှာရှိတဲ့ "ကံကောင်းခြင်းရတနာ" သစ် အချော ထည် စက်ရုံက အလုပ်သမားခြောက်ရာလောက်ကို အလုပ်ပြန်ခန့်ပေးဖို့ ဒီနေ့ အလုပ်သမားကိုယ်စားလှယ်တွေက တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့၊ ကျောက်မြောင်းမြို့နယ်၊ မဂ္ဂင်လမ်းမှာရှိတဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီစက်ရုံက အလုပ်သမားတွေကိုယ်စား အလုပ်သမ မသက်နွယ်အောင်က အခုလို တောင်းဆိုခဲ့တာပါ။

"သတင်းစာရှင်းလင်းပွဲရှင်းရခြင်းက ဒီအလုပ်ကို အမြန်ဆုံးနည်းနဲ့ ပြန်ဝင်ချင်တယ်၊ ညှိနှိုင်းပြီးတော့ သွားချင်တယ်၊ အလုပ်ဆင်းမခံလို့ ဒုက္ခသည်စခန်းဖွင့်ထားတာ စားရေးသောက်ရေး အဆင်မပြေဘူး"

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံက အလုပ်သမား ခြောက်ရာနီးပါးလောက်ကို အလုပ်ရှင် အလုပ်သမားသဘောတူစာချုပ် မချုပ်လို့ဆိုပြီး အလုပ်ထုတ်ခဲ့တာလို့ သိရပါတယ်။ အဲဒီ အလုပ်သမားတွေဟာ စက်ရုံအနီးက ရှမ်းကန်ကျေးရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က အလုပ်သမားဝန်ကြီးဌာန၊ပြည်သူ့ လွှတ်တော် အလုပ်ရှင်၊အလုပ်သမား ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ကို ပူးပေါင်းဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့အပတ်က တင်ပြထားတယ်လို့ သိရပါတယ်။

RFA Burmese

မိန်းကလေးများ အရေးကြုံလာသည့်အခါ ဒါတွေကို မှတ်ထားပါ

Posted by drmyochit Wednesday, May 28, 2014, under | No comments


၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်းတစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်…

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ… ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ… ဥပမာ ကိုယ်သွားရမယ့်အထပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ… အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး….

၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ကြိုးစားလာခဲ့မယ်ဆိုရင်…

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ… ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထားတယ်… ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ… ဒီပစ္စည်းတွေက လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ်တဲ့အတွက် မိမိကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ… ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်… သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့…

၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်…

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သားထားပါ… ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကားနံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ… တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ… ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အလက်တွေကို နောက်ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့အတော်ဝန်လေးသွားပါလိမ့်မယ်… သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင်တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်… ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွားပါလိမ့်မယ်…

၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်… သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်…

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်းဆွဲထားလိုက်ပါ… သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ… အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်…

၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်…

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ… သင်ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ… ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ… ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ… လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေမှာ ဖြစ်ပါတယ်…
————-===————-
ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ်
အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်…
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေးများအတွက် ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း…

ကြယ်မင်းတာယာ

မုံရွာမြို့ သီဟရာဇာမြတ်စွာဘုရား ရုပ်ပွားတော်မျက် လုံးတော်တစ်ဖက်ပွင့် လာရောက်ဖူးမြော်သူများပြား

Posted by drmyochit Wednesday, May 28, 2014, under | No comments



မုံရွာ မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ လယ်တီရပ်ကွက် လယ်တီ စာသင်တိုက်ဝင်းအတွင်းရှိ သီဟရာဇာမြတ်စွာဘုရားရုပ်ပွားတော်၏ ယာဘက်မျက်စိတစ်ဖက်ပွင့်သဖြင့် အဆိုပါဘုရားသို့ ပြည်သူများမှ လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

'' ဒီစေတီတော်မြတ်ကြီးကို ရပ်ကွက်နေပြည်သူများ စုပေါင်း အလှူခံပြီးတည်ထားခဲ့တာပါ။ ဒေါ်ပိုင်မိသားစုက သီဟရာဇာ မြတ်စွာဘုရားရုပ်ပွားတော်ကို မန္တလေးမြို့ ကျောက်ဆစ်တန်းကနေ မြန်မာသက္ကရာဇ် ၁၃၁၃ ခုနှစ်မှာ ပင့်ဆောင်ပူဇော်ခဲ့တာပါ။ စေတီရဲ့ အမည်နာမကိုတော့လယ်တီစာသင်တိုက်ဝင်းအတွင်းမှာ ရှိတာရယ်၊ လယ်တီဆရာတော်ဘုရားနေ့နံကိုယူပြီး သီဟရာဇာဘုရားလို့ပေးခဲ့ တယ်။ မျက်စိတော်ဖွင့်တာကိုလဲ ယခုလ ၁၇ ရက် (ကဆုန်လပြည့် နေ့)မှာစသိတာ၊ တစ်ယောက်စကား၊ တစ်ယောက်နားနဲ့အသိများ လာပြီး လာကြည့်တဲ့သူတွေများလာတာပါ''ဟု အဆိုပါ ဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးရှင်းပြသည်။

အဆိုပါသီဟရာဇာမြတ်စွာဘုရားကိန်းဝပ်သည့်စေတီတော်ကြီးကို ဦးဖိုးတုတ်၊ ဦးတင်၊ ဦးဘမောင်နှင့် ဦးမောင်ခင်တို့ လေးဦးက ကမကထလုပ်ပြီး ၂၃.၅.၁၉၅ဝ ရက်တွင် စတင်တည်ခဲ့ပြီး နောက်ဆုံးပြုပြင်ခြင်းကို ၂၃.၈.၁၉၉၆ ရက်တွင်ပြုလုပ်ခဲ့ကြောင်း၊ ယခုလ ၁၇ ရက် (ကဆုန်လပြည့်နေ့)တွင် သီဟရာဇာဘုရားရုပ်ပွား တော်သို့ဆက်ကပ်ထားသော သင်္ကန်းတော်ပြုတ်ကျရာမှ သတိပြုမိပြီး သိရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မင်းဆက်နိုင်(မုံရွာ)
The Union Daily

ကွန်ပျူတာ တက္ကသိုလ်(ဗန်းမော်) ကျောင်းသားတစ်ဦး လူတစ်စုက မှားယွင်းရိုက်နှက်ခံရပြီး ရဲကဖမ်းဆီးနှိပ်စက်ခံရခြင်း

Posted by drmyochit Wednesday, May 28, 2014, under | No comments

စစ်ကိုင်းတိုင်း ဒေသကြီး အင်တော်မြို့နယ် နန့်စီးအောင် ကျေးရွာနေ မောင်အောင်ဇင်ဖြိုး ဒုတိယနှစ်(ကွန်ပျူတာသိပ္ပံ) ကျောင်းသားသည် 25.5.2014(တနင်္ဂနွေနေ့)ညပိုင်းတွင် ဗန်းမော်မြို့ ထဲကဂိမ်းဆိုင်မှအပြန် (2-မိုင် အောင်သာကျေးရွာအနီး )ဘီးခွန်ဂိတ်နားတွင် သူတို့ စီးလာတဲ့ ဆိုင်ကယ်ကိုတားပြီး လူတစ်စုက ၀ိုင်းရိုက်တာ ခံခဲ့ရကြောင်း သတင်းရရှိပါတယ်။

ရိုက်တဲ့လူစုမှာလည်း ရိုက်ပြီးနောက်မှ လူမှားရိုက်မိကြောင်းသိပြီး ရှောင်ထွက်သွားခဲ့ပါတယ်။ အဲဒီလိုဖြစ်တော့ မောင်အောင်ဇင်ဖြိုးက ထွက်ပြေးပြီးခြုံထဲမှာ ပုန်းနေခဲ့ပါတယ်။ သူ့အန္တရယ်ကို ကာကွယ်ဖို့  အုတ်ခဲကိုကိုင်ထားခဲ့တယ်။ အဲဒီအချိန်မှာ သူ့အနားကို လူနှစ်ယောက်ရောက်လာပြီးသူ့ကို ချုပ်ကိုင်တော့ကြောက်ကြောက်လန့်လန့်နဲ့ ပြန်ခုခံဖို့ ကြိုစားမိတယ်။ အဲဒီလူနှစ်ယောက်က အရပ်ဝတ် ရဲသားနှစ်ယောက်ဖြစ်ပြီး သူ့ကိုလက်ထိပ်ခတ် ဖမ်းဆီးပြီး ရဲစခန်းကို ခေါ်သွားခဲ့ပါတယ်။ ရဲစခန်းကို ရောက်တော့ မင်းဘယ်အဖွဲ့ကလဲ ဘာလဲ မေးပြီး ကျွန်တော် ကွန်ပျူတာတက္ကသိုလ်က ကျောင်းသာပါလို့ ပြောတော့ ဖိနပ်နဲ့ရိုက်ခံရတယ်။ နောက်ထပ်မေးလိုက်ရိုက်လိုက်လုပ်ပြီး ကျောင်းသားလေးက ဘာမှရှင်းပြလို့မရအောင် အနှိပ်စက်ခံလိုက်ရတယ်။ သူ့သူငယ်ချင်းကျောင်းသားတွေ ရဲစခန်းကိုလိုက်ပြီးသွားတွေ့တော့ အတွေ့မခံဘူး မင်းတို့ သူငယ်ချင်း အိပ်နေတာလို့ပြောပြီး ပြန်လွှတ်လိုက်ကြောင်း ကွန်ပျူတာ တက္ကသိုလ်(ဗန်းမော်)က ကျောင်းဆရာ တဦးက ရှင်းပြပါတယ်။

အဲဒါနဲ့ ကျောင်းသားလေးတွေက ဆရာမတွေကိုသွားပြောပြတော့ ဆရာမတွေက သိသွားပြီးရဲစခန်းကိုလိုက်သွားပြီးကလေးကို ထုတ်ခဲ့တာ။ ဆေးရုံ(အပြင်ဆေးခန်း)ကိုတော့ ရဲတွေကလိုက်လာပြီး ဆိုင်ကယ်မှောက်လို့ဒဏ်ရာရတာဆိုပြီး ဇွတ်ပြောတယ်တဲ့။ ကျောင်းကလည်း သက်ဆိုင်ရာ အကြီးအကဲက တိုက်ရိုက်ဖြေရှင်းပေးခြင်းမရှိပဲ ၊ ကလေးကို သနားတဲ့ဆရာမများက သက်သက် ကူညီရုံပဲရှိနေတာဖြစ်လို့ ထိရောက်သော တရားနည်းလမ်းလေးနဲ့ ဖြေရှင်းစေလိုပါတယ်။ကျောင်းသားလေးရဲ့ ခြေထောက်က အရိုးများအက်နေပြီး သွေးများစိမ့်ထွက်လျက်ရှိနေကြောင်း အဆိုပါ ကျောင်းဆရာက ဖြစ်စဉ်နဲ့ ပါတ်သတ်လို့  သစ်ထူးလွင် ကို ရှင်းလင်းပြောဆိုထားပါတယ်။

From: THIT HTOO LWIN

မှားယွင်းရိုက်နှက်ခံရပြီး ရဲကဖမ်းဆီးနှိပ်စက်ခံရတဲ့ မောင်အောင်ဇင်ဖြိုး

ဆေးရုံ(အပြင်ဆေးခန်း)မှ ဓါတ်မှန် ဆေးစစ်ချက်

မောင်အောင်ဇင်ဖြိုး ကျောင်းတက်နေတဲ့  ကွန်ပျူတာ တက္ကသိုလ်(ဗန်းမော်)

သျှမ်း/အရှေ့ မြို့တော် ကျိုင်းတုံတွင်လေပြင်းမုန်တိုင်းကျ

Posted by drmyochit Wednesday, May 28, 2014, under | No comments

မေလ ၂၇ ရက် ၂၀၁၄

မေလ ၂၇ ရက် ညနေ ၃ နာရီကစ၍ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် လေပြင်းမုန်တိုင်း တိုက်ခတ်ရာ နေအိမ်များ ပြိုကျပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း ကျိုင်းတုံဒေသခံများကပြောသည်။

“ ညနေ ၃ နာရီခွဲကစပြီး လေဝင်တယ်။ တနာရီကျော်ကျော်လောက် လေရော မိုးရော ပြင်းပြင်းထန်ထန် ကျတယ်။ မြို့တွင်းရပ်ကွက်တွေထိခိုက်ပျက်စီးမှုများတယ်။ မြို့ပြင်ကျေးလက်က အဲလောက်မဟုတ်ဘူး။ စွမ်ဆတ် တောင်အတက်လမ်းမှာရှိတဲ့ ကျိန်းခုမ်ရပ်ကွက်မှာအိမ်ပြိုတာရှိတယ်။ အိမ်ခေါင်မိုးတွေ လေနဲ့လွင့်ပါသွားတာရှိတယ်။ နွဲ့နော ရပ်ကွက်မှာ သက်တမ်းရင့်ညောင်ပင်ကြီး ကျိုးတယ်။ လူတော့ သေကြေထိခိုက်မှုမရှိပါဘူး” ဟု ကျိုင်းတုံမြို့ခံ စိုင်းဆာမ်က သျှမ်းသံတော်ဆင့် အား ပြောသည်။

ယနေ့လေပြင်းမုန်တိုင်းတိုက်ခတ်စဉ် မိုးသီးကြွေကျမှုမရှိကြောင်း၊ လျှပ်စစ်မီးတိုင်များကျိုးကျ ပျက်စီးသဖြင့် တညလုံးမီးပြတ်တောက် နေကြောင်းလည်း ဆိုပါသည်။

မြို့တွင်းလမ်းမများပေါ်တွင် ဒူးခေါင်းအထိ ရေများလွှမ်းနေဆဲဖြစ်ကြောင်း စိုင်းဆာမ်က ပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း၏ မြို့တော်ဖြစ်သော ကျိုင်းတုံမြို့သည် ယခင်က စိမ်းလန်းသာယာဆုံးမြို့တမြို့ ဖြစ်ခဲ့ဖူးသည်။ သို့သော် သဘာဝ ပျက်စီးမှု သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်လာသည့် ၄-၅ နှစ် အတွင်း သဘာဝ ဘေးအန္တရာယ်များ အဆက်အပြတ် ကြုံတွေ့ခံစားခဲ့ရကြောင်း ယမန်နှစ်ကလည်း တောင်ကျ ချောင်း ရေ ကြောင့် မြို့တွင်းရေလွှမ်းကာ မြို့ပြင်လယ်ယာမြေဧကပေါင်းမြောက်များစွာ ပျက်စီးခဲ့ရကြောင်း သဘာဝပတ်ဝန်းကျင်မြတ်နိုးသူ ကျိုင်းတုံမြို့ခံ လူငယ်များကပြောသည်။

သျှမ်းသံတော်ဆင့်



လေပြင်းမုန်တိုင်းဒဏ်ခံရသော ကျိုင်းတုံမြို့အပျက်အစီးတချို့ (ဓါတ်ပုံ- ကျိုင်းတုံချစ်မြတ်နိုးသူများ ဖေ့စ်ဘုခ်မှ)

သက်သခင် ရွေးချယ်မယ့် ဘဝ လက်တွဲဖော်

Posted by drmyochit Wednesday, May 28, 2014, under | No comments


အကယ်ဒမီ ဗန်းကိုင်မှ တစ်ဆင့် အနုပညာလောက ထဲခြေလှမ်း လှမ်းလာသူ တွေထဲမှာ သက်သခင် လည်း ပါဝင်ပါတယ်။ အနုပညာကို တန်ဖိုးထား ဝါသနာ ပါတဲ့အ တွက် အနုပညာ လောကထဲ ဝင်ရောက်လာ ခြင်းဖြစ်ကြောင်း သက်သခင်က “သက်သခင် ဒီအနုပညာကို ဝါသနာ ပါလွန်းလို့သာ လုပ်တဲ့ အတွက် အောင်မြင် မှု တစ်ခု ရရင်ပဲ ကျေနပ် တာပါ။ ဒါပေမဲ့ ကျဆုံးသွားတဲ့ အခါ နဲ့ ကြုံခဲ့ရင် ခံနိုင်ရည် ရှိအောင်တော့ လေ့ကျင့် ရတာပေါ့။ လွယ်လွယ် လေး နဲ့ရတဲ့ အရာ တစ်ခုက မတည်မြဲဘူး။ ဒါကို နားလည် ရမယ်။ ပေးဆပ်ရ မယ်။ အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာထက် လူအများ အကျိုးကို သယ်ပိုးနိုင်တဲ့ လူဖြစ်ချင်တယ်။ ဒီထက်ကြိုး စားရဦးမယ်။ ဒီမှာ ရပ်မနေဘဲ ဆက်ကြိုးစားဖို့က ကိုယ့်တာဝန်ပါ။ အားပေးတဲ့ ပရိသတ်တွေရဲ့ မေတ္တာနဲ့ ကြိုးစားဖို့တော့ လိုတယ်” လို့ ပြောပါတယ်။

မင်္ဂလာဆောင်တွေမှာ အပျိုရံ၊ ဗန်းကိုင် အဖြစ် အမြဲတွေ့တဲ့ သက်သခင်ကို ၁၅ဝဝ မေတ္တာနဲ့ ၅၂၈ မေတ္တာအပေါ် ခံစားမှု အတိမ် အနက် အပြင် ချစ်ရေးချစ်ရာ ကိစ္စ ကိုမေးကြည့်တော့ “အချစ်ရေး ကိစ္စဆိုရင်တော့ ဒီအတိုင်းပါပဲ။ အေးအေးဆေးဆေးပဲ။ မင်္ဂလာ သတင်းကတော့ ကြာဦးမယ်။ အချစ်ကိစ္စ ဆိုရင် မဖွဲ့ဆိုတတ် ဘူး။ ၁၅ဝဝ က သက်သခင် အတွက် စိတ်ရှုပ်စရာ ကောင်းတဲ့အရာလို့ ထင်တယ်။ ဒါပေမဲ့ တိကျတဲ့ အဓိပ္ပာယ် မဖွဲ့ဆိုတတ်ဘူး။ ၅၂၈ ကတော့ ကိုယ့်အတွက် အေးချမ်းတယ်။ မိ သားစု နဲ့ရော၊ ပရိသတ်တွေပေးတဲ့ အချစ်ရော ခွန်အားဖြစ်ပါတယ်”လို့ ပြောပါတယ်။

သက်သခင်ရဲ့ဘဝ လက်တွဲဖော်ကို ရွေးချယ်တဲ့ အခါ ဘယ်လိုပုံစံကို အဓိက ရွေးချယ်ဖြစ် မှာလဲလို့ မေးကြည့်တော့ “ဘဝနဲ့ ပတ်သက်တယ် ဆိုတော့ ကံတရားပါပဲ။ ကြိုတင်ပြောလို့ မရပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ရွေးချယ်ခဲ့ရင် အနုပညာလောက ထဲက ဖြစ်ချင်ဖြစ်မယ်၊ အပြင်က လူလည်းဖြစ်ချင် ဖြစ်မယ်။ ကြိုမသိနိုင်တဲ့ ကံလို့ ပဲပြောရမယ်။ သက်သခင်လို ချင်တဲ့ ပုံစံ ကတော့ အကျင့် စာရိတ္တ ကောင်းမွန်ပြီး ကိုယ့်အပေါ် ချစ်ပြီး နားလည် ခွင့်လွှတ်ရမယ်။ ဒါဆို ကျေနပ်ပြီ”လို့ ပြောပြခဲ့ပါတယ်။

ထူးထူး
Popular Myanmar

ကိုယ်ဝန်သည်အမျိုးသမီး ဆွေမျိုးများသဘော မတူသည့် လူနှင့်လက်ထပ် မိလို့ အသတ်ခံရ

Posted by drmyochit Wednesday, May 28, 2014, under | No comments

သူမ၏အမျိုးသား
အလွန်ဝမ်းနည်းစရာကောင်းတဲ့ ပြစ်မှုတစ်ခုကို မေလ ၂၇ရက်၊ လဟောမြို ၊ ပါကစ်စတန်နိုင်ငံတွင်ဖြစ်ပွားခဲ့တဲ့အကြောင်းကို World Myanmar မှအနီးစပ်ဆုံး ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ ကိုယ်ဝန်လွယ်ထားသူအမျိုးသမီး တစ်ဦးသည် မိမိနှင့်လက်ထပ်ထားသူ အမျိုးသားအားမိဘများက သဘောမတူသဖြင့် သူမ၏ယောကျာင်္းအား သွေးဆောင်ဖျားယောင်သူဟုတရားစွဲဆိုထား သဖြင့်တရားရုံး သို့ ရင်ဆိုင်ရန် အသွားသူ မ၏ မိဘများနှင့်ဆွေ မျိုးများက မသေမချင်းကျောက် တုန်းဖြင့်ထုသတ် သဖြင့် အသက်သေဆုံးခဲ့ရသည်။ အဆိုပါမှုခင်း ကိုမြို့ လယ်ခေါင် တရားရုံး၏အ ပြင်ဖက်တွင်ဖြစ်ပွားခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သတ်၍သေဆုံးသူ၏ဖခင်အားချက်ချင်းဖမ်းဆီးပြီး ပါဝင် ပတ်သတ်သူများအား ဆက်လက် ဖမ်းဆီးရန်ပြုလုပ်နေသည်။ နှစ်စဉ်အလားတူဖြစ်ရပ် များစွာရှိသော်ငြားလည်း လူမြင်ကွင်းတွင်ကျောက်တုန်းဖြင့်ထုသတ်သည်မှာ အလွန်ပင်ရှားပါးလှသည်။ သူမသည် အသက် ၂၅နှစ်အရွယ် ဖာဇာနာ ပါဗင်ဖြစ်ပြီး သူနှင့်လက်ထပ်ထားသူအမျိုးသားမှာ အသက်၄၅နှစ်အရွယ် မိုဟာမတ်ဖြစ်သည်။ ဖခင်ဖြစ်သူမှာတော့ မိသားစုအားအရှက်သိက္ခာရအောင်ပြုလုပ်သောကြောင့် သတ်ရသည်ဟုထွက်ဆိုခဲ့သည်။

Ref: Yahoo News

Tuesday, May 27, 2014

ဘုန်းကြီးကျောင်းသစ်သားကြမ်းပြင်မှာ ခြေရာတစ်စုံစွဲထင်စေခဲ့တဲ့ ဗုဒ္ဓဘုန်းတော်ကြီး

Posted by drmyochit Tuesday, May 27, 2014, under | No comments


တရုတ်နိုင်ငံက သက်တော် ၇၀ ရှိပြီဖြစ်တဲ့ Hua Chi ကိုယ်တော်ဟာ ဘုန်းကြီးကျောင်းရဲ့ နေရာ တစ်နေရာ တည်းမှာ နှစ် ၂၀ ကျော်ကြာ ၀တ်ပြုပြီး သစ်သားကြမ်းပြင်မှာ ခြေရာတစ်စုံ စွဲကျန်ရစ်စေ ခဲ့ပါတယ်။ နှစ်ရာကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဘုန်းကြီးကျောင်းရဲ့ သစ်သားခင်းမှာ ကိုယ်တော်ဟာ ၃ စင်တီမီတာ အနက်ရှိတဲ့ ခြေရာနှစ်ခုကို ထင်ထင်ရှားရှားကြီး စွဲထင်စေခဲ့တာပါ။

Hua Chi ကိုယ်တော်ဟာ ဒီခြေရာတစ်စုံအပြင် နှစ်နှစ်ဆယ်ကျော် ၀တ်ပြုခဲ့ပြီးနောက် လက်မောင်းရာ အထင်းကြောင်း နှစ်ခုပါ သစ်သားမှာ စွဲကျန်ရစ်စေခဲ့ပါတယ်။

ဘုန်းတော်ကြီးဟာ နေ့ စဉ်နေ့ တိုင်း ဘုရားကျောင်းခြေရင်းကနေ မတ်တပ်ရပ်ပြီးနောက် ဗုဒ္ဓရုပ်ပွားတော်ကို ၀ပ်ဆင်းဝတ်ပြုကာ ခြေရာကို စွဲထင်စေခဲ့တယ်လို့ ဆိုပါတယ်။ ဘုန်းတော်ကြီးဟာ ငယ်ရွယ်စဉ်က တစ်နေ့ ကို အကြိမ်နှစ်ထောင်ကနေ သုံးထောင်လောက် ၀တ်ပြုခဲ့ပြီး အခုအခါမှာတော့ တစ်နေ့ ကို အကြိမ်တစ်ထောင်သာ ရှိခိုးဝတ်ပြုနိုင်တော့တယ်လို့ ဆိုပါတယ်။

ဘုန်းကြီးကျောင်းက သက်တော်ငယ်ကိုယ်တော်တစ်ပါးက ၀တ်ပြုတိုင်း ကိုယ်တော် Hua Chi ရဲ့ ခြေရာတစ်စုံ ကိုကြည့်မိပြီး တစ်နေ့ မှာ မိမိရဲ့ခြေရာတစ်စုံစွဲထင်စေဖို့ စိတ်အားထက်သန်စေခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။


Ref: Metro.co.uk

အသက် (၁၄) နှစ်အရွယ် မိန်းကလေးအား ပထွေးဖြစ်သူမှ သားမယားပြုကျင့်

Posted by drmyochit Tuesday, May 27, 2014, under , | No comments


ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မြို့နယ် တွင် အသက် (၁၄) နှစ် အရွယ်၊ အရွယ် မရောက် သေး သော မိန်းကလေး ငယ် တစ်ဦး အား ပထွေး ဖြစ်သူမှ သားမယား ပြုကျင့်မှု ဖြစ် ပွားခဲ့ကြောင်း လှော်ကားနယ် မြေ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ (၁၉) ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ............ကျေးရွာ၊ .........လမ်း၊ အမှတ်... ........နေ ဒေါ်.......... (၄၂) နှစ်သည် ၎င်း ၏ ဒုတိယ ခင်ပွန်း ဖြစ်သူ ဦး...... (၃၆) နှစ် နှင့် သဘော ထားမ တိုက် ဆိုင်၍ သမီးဖြစ်သူ မ..........(၁၄) နှစ်နှင့် အတူ နေအိမ်မှ ဆင်းသွားပြီး၊ ဧပြီလ (၁၈) ရက် နေ့တွင် သမီး ဖြစ်သူ၏ ခန္ဓာကိုယ် အနေအ ထား ပျက် ယွင်းနေသဖြင့် မေးမြန်းရာ လွန်ခဲ့ သော သုံးလခန့် က မ.......(၁၄) နှစ်အား ပထွေးဖြစ်သူ ဦး.........(၃၆) နှစ်က အလိုမတူ ဘဲ သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့သည် ဟု ပြော ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဩရုံး၏ ပထမသတင်းပေးချက်များအရ သိရသည်။ ကျူးလွန်သူ ဦး..... ....(၃၆) နှစ်ကို စခန်းမှာ ထိန်းသိမ်းထားပြီး၊ စစ်ဆေးမေးမြန်း နေပါတယ်”” ဟု လှော်ကားနယ် မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Messenger သတင်းစာသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦး........ (၃၆) နှစ်အား အရေးယူ ပေးရန် ဒေါ်......... (၄၂) နှစ်၏ တရား လိုပြုတိုင်တန်းမှုအား လှော်ကားနယ်မြေ ရဲစခန်း (ပ) ၉၆/၁၄၊ ပြစ်မှု ပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ပြီး၊ စခန်းမှူး ရဲအုပ် လှမြင့်မှ စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

The Messenger News

လူပေါင်း(၄၀ )သေဆုံးရပြီးဖြစ်သည်ဟု သိရသည့်အန္ဒိယနိုင်ငံ မြောက်ပိုင်းကရထားတိုက်မှုကြီး

Posted by drmyochit Tuesday, May 27, 2014, under | No comments






ယနေ့အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသတွင်ခရီးသည်တင်အမြန်ရထားတစင်းနှင့်ကုန်ရထား တစင်းတို့ တိုက်မိ ခဲ့ပြီး လူပေါင်း(၄၀)ခန့်သေဆုံးခဲ့သည်ဟုဆိုသည်။

ထိုရထားတိုက်မှုကြောင့်အမြန်ရထားမှရထားတွဲခြောက်တွဲခန့်ပြေးလမ်းပေါ်မှလဲကျခဲ့ရသည်ဟုသိရသသည်။
ဂိုရာက ပူးခရီးသည်တင် အမြန်ရထားသည်အ ရှိန်ပြင်းပြင်းဖြင့်မောင်းနေရာမှ ထိုရထား တိုက်မှုမှရှောင် ကွင်းနိုင်ရန်အတွက်ဘရိတ်ကိုပြင်ထန်စွာနင်းပြီးရပ်နားစေရန်ကြိုးစားခဲ့သေးသည်ဟုဆိုသည်သို့သော်အမြန်ရထားမှာချက်ချင်မရပ်သွားနိုင်တော့ဘဲယူတာပါဒေ့ဘူတာရုံအ နီးမှာဖြစ်ပွားခဲ့တယ် လို့ခရိုင်တာဝန်ရှိသူ ဘဟရေ့လားကဆိုပါတယ်။

ဖြစ်ပွားမှုဖြစ်ဖြစ်ခြင်းအမြန်ရထားတွဲ(၆)တွဲလမ်းချော်သွားစေပြီး လဲကျမှုဖြစ်ပေါ်ခဲ့ရပါတယ်
ထိုအထဲမှ မီးရထားတတွဲဟာ တတွဲလုံး မီးထလောင် သွားခဲ့ပြီးတော့ လူလေးဆယ်လောက်သေဆုံး ဆုံးဆုံးကုန်တယ်လို့ လက်တောက်ရဲအရာရှိအမ်ရီဒရာကပြောပါတယ်။

ထိုရထားတိုက်မှုဟာမည်ကဲ့သို့ဖြစ်ပွားရသည်ကိုလောလောဆယ်မသိသေးပါကျွန်တော်တို့ဘာကြောင့်ဖြစ်တယ်ဆိုတာကိုသိဖို့အတွက်မီးရထားရုံပိုင်ကိုလိုက်ရှာနေပါတယ်ပြီးတော့ဒီအမြန်ရထားပေါ်မှာလူ ဘယ်နှစ်ယောက်တင်ဆောင်ပြီးမောင်းလာတာကိုလည်းမသိသေးပါ။

ရှာဖွေကယ်ဆေးရေးတွေတော့လုပ်ဆောင်နေပါပြီလို့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
" ကျွန်တော်ထိုအချိန်ကလယ်ကွင်းထဲမှာအလုပ်လုပ်နေခဲ့ပါတယ် ပထမဦးစွာလေချွန်သံမျိုး ကျွန်တော်နားထဲ မှာကြားရ ပါတယ်ထို့နောက် အင်ဂျင်သံကိုကြားရပါတယ်... ခဏလေးအကြာမှာ ၀ုန်းဆို တဲ့ကြီးမား တဲ့ပေါက်ကွဲ သံကြီးကိုကြောက်ရွံထိန့်လန့်ဖွယ်ကြားလိုက်ရပါတယ်အခု ထိတောင် ဒီအသံကြီး ကျွန်တော်နားထဲ မှာကြားနေတုန်းပဲ့ " ဟုထိုဘူတာရုံနား ကရွာသား တယောက်ဖြစ်တဲ့ ရမ်ချန်ဒါ ကပြောပါတယ်။

သားငယ်ဘာသာပြန်ဆိုသည်။
shwemyanmarmediagroup

ပြန်ပေးဆွဲခံကျောင်းသူ၂၀၀ ကျော်ထားရာနေရာ Nigeria စစ်တပ် စုံစမ်း သိရှိ

Posted by drmyochit Tuesday, May 27, 2014, under | No comments

ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယား ကျောင်းသူ ၂၀၀ ကျော် ပြန်လွှတ်ပေးဖို့ ဆန္ဒပြနေကြသူ မိဘဆွေမျိုးများ။ (မေ ၂၆၊ ၂၀၁၄)

နိုင်ဂျီးရီယားနိုင်ငံမှာ အစ္စလာမ်မစ်စစ်သွေးကြွတွေ ပြန်ပေးဆွဲဖမ်းဆီးခံရသူ ကျောင်းသူ ၂၀၀ ကျော် ဘယ်မှာရှိလဲဆိုတာကို စစ်တပ်က သိထားပြီလို့ နိုင်ဂျီးရီးယားက ထိပ်တန်းစစ်ဖက်ခေါင်းဆောင်တဦးက ပြောလိုက်ပါတယ်။ ဒါပေမယ့်လို့လည်း သူတို့ကို ကယ်ဖို့ အင်အားသုံးရမှာ အခက်အခဲရှိလိမ့်မယ်လို့ ပြောပါတယ်။

စစ်ရေးစီမံချက်လုပ်မယ်ဆိုရင် ပြန်ပေးဆွဲခံရတဲ့ မိန်းကလေးငယ်တွေအတွက် အန္တရာယ်ကြီးတယ်လို့ နိုင်ဂျီးရီယား ကာကွယ်ရေးဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး Alex Badeh က သတင်းထောက်တွေကို တနင်္လာနေ့က ပြောခဲ့တာပါ။ သူတို့ကို ကယ်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ မိန်းကလေးငယ်တွေကို သတ်ပစ်သလိုဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။

မိန်းကလေး မိဘများအတွက် သတင်းကောင်းကတော့ သူတို့ဘယ်မှာရှိတယ်ဆိုတာကို သိထားတာဖြစ်ပြီး ထုတ်ဖော်ပြောလို့တော့ မရသေးဘူးလို့ ဗိုလ်ချုပ်ကြီး Badeh က ပြောပါတယ်။ နိုင်ဂျီရီယား မြောက်ပိုင်းက Chibok မြို့ အလယ်တန်းကျောင်းတခုမှာ စာမေးပွဲဖြေနေစဉ် ဧပြီလ လယ်ပိုင်းမှာ ဒီမိန်းကလေးငယ်တွေ ဖမ်းဆီး ပြန်ပေးဆွဲခံရတာဖြစ်ပါတယ်။

ဒီလုပ်ရပ်ကို သူတို့လုပ်တာလို့ Boko Haram စစ်သွေးကြွအဖွဲ့က ၀န်ခံပြောဆိုထားပြီး သူတို့အဖွဲ့က ဖမ်းခံထားရတဲ့လူတွေနဲ့ ဒီမိန်းကလေးတွေကို အလဲအလှယ် လုပ်လိုတယ်ဆိုပြီး ကမ်းလှမ်းထားပါတယ်။ ပျောက်ဆုံးနေတဲ့ ဒီမိန်းကလေးတွေကို မကယ်ထုတ်နိုင်တဲ့အပေါ်မှာတော့ နိုင်ဂျီးရီယားသမ္မတ Goodluck Jonathan နဲ့ သူ့အစိုးရအဖွဲ့ကို ပြည်တွင်းရောပြည်ပကပါ အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

မိန်းကလေးငယ်တွေ ပြန်လွတ်လာဖို့အတွက် နိုင်ဂျီးရီယားအစိုးရကို အမေရိကန်ပြည်ထောင်စုအပါအ၀င် နိုင်ငံအတော်များများက အကူအညီတွေ ပေးလျှက်ရှိပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်