Friday, April 26, 2013

သမီးဖြစ်သူ၏ ဘဝခရီးလမ်း အတွက် ဒေါ်လာ ၁၉၅ သန်း လက်ဖွဲ့ခဲ့သည့် တရုတ် နိုင်ငံမှ အာဂ ဖခင်

Posted by drmyochit Friday, April 26, 2013, under | No comments


တရုတ် နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် သမီး ဖြစ်သူ၏ မင်္ဂလာပွဲတွင် သတို့သားနှင့် သတို့ သမီး တို့ အတွက် ခန်းဝင် ပစ္စည်းများနှင့် မင်္ဂလာ စရိတ်အတွက် ယွမ် တစ်ဘီလီယံ (အမေရိ ကန် ဒေါ်လာ ၁၉၅ သန်း)သုံး စွဲခဲ့ကြောင်း သိရသည်။

ဝူကျူ ယန်ဘောင် ဆိုသူ အဆိုပါ စီးပွားရေး လုပ်ငန်းရှင်သည် သမီးဖြစ်သူ၏ မင်္ဂလာပွဲတွင် ရွှေသေတ္တာ လေး လုံးကို အနီရောင် ဖဲကြိုး စည်းနှောင်၍ လွှဲပြောင်း ပေးအပ်ခဲ့သည်။ သတို့သမီး၏ အမည်ကို ဖော်ပြ ထားခြင်း မရှိသော်လည်း အဆိုပါ စုံတွဲသည် ကလေးဘဝမှ စတင် သိကျွမ်းခဲ့ခြင်း ဖြစ်ပြီး အလယ် တန်းကျောင်း ကတည်း က အတန်းဖော်များ ဖြစ်ကြောင်း တရုတ် သတင်းဌာန များ၏ ဖော်ပြချက်ကို ကိုးကား၍ South China Morning Post သတင်းစာက ဖော်ပြခဲ့သည်။

သတို့ သား၏ အမည်မှာ ရူ ဆိုသူ ဖြစ်ပြီး ဒေသဆိုင်ရာ အစိုးရ အရာရှိ တစ်ဦး ဖြစ်သည်ဟု သိရသည်။ ထို့ပြင် ၎င်းသည်  ဖူကျန်းပြည်နယ် ချန်ကျို့ စီရင်စု နယ်သားတစ်ဦး ဖြစ်သည်။ ၎င်းတို့ နှစ်ဦး၏ မင်္ဂလာ ပွဲအား ဖူကျန်း စီရင်စုနယ် ကျင်ကျန်းကောင်စီ ချီကျောင်မြို့တွင် ကျင်းပ ခဲ့သည်ဟု သိရသည်။ ယင်း မင်္ဂလာ ပွဲအား ဒီဇင်ဘာ ၂၈ ရက်တွင် စတင်၍ ၈ ရက်ကြာ ကျင်းပခဲ့သည်ဟု စီးပွားရေး လုပ်ငန်းရှင်၏ ပြောရေး ဆိုခွင့် ရှိသူက ပြောကြား ခဲ့သည်။ စီးပွားေ ရး လုပ်ငန်းရှင်သည်  သမီးဖြစ်သူ မင်္ဂလာပွဲ အ တွက် ရွှေများ၊ တန်ဖိုးကြီးသော ကားများကိုသာ ပေးအပ်ခဲ့ခြင်း မဟုတ်ပေ။   ၎င်း၏ သမီးဖြစ်သူ ဇနီး မောင်နှံ အတွက်  ၎င်းကုမ္ပဏီ၏  ရှယ်ယာ ယွမ် ၅ သန်းကို ခွဲဝေ ပေးခဲ့သည့် အပြင် ယွမ်သန်း ၂ဝ တန်ဖိုး ရှိ ဘဏ်အကောင့် တစ်ခုကိုလည်း ဖွင့်ပေးခဲ့ကြောင်း သိရသည်။

ကံကောင်းလှသည့် သတို့သားသည် ထိုစည်းစိမ်များ အပြင် ချန်ကျို့စီရင်စု နယ်တွင် လက်လီဆိုင်ကြီး တစ်ဆိုင် နှင့် ခမ်းနားလှသော အိမ်ကြီးအိမ်ကောင်း များကိုလည်း ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် သတို့သမီး၏ ဖခင်သည် လိုအပ်သည့် လူမှုရေး လုပ်ငန်းများတွင် အလှူငွေ လှူဒါန်းရန်လည်း မမေ့ မလျော့ ခဲ့ပေ။ သမီးဖြစ်သူ ၏ ဘဝခရီး သာယာ ဖြောင့်ဖြူးစေရန် ဒေသဆိုင်ရာ လူမှုရေး အသင်းအဖွဲ့ များသို့လည်း  အလှူငွေ ယွမ် ၁၅ သန်း လှူဒါန်းခဲ့ သည်။ 

သားမက် ဖြစ်သူသည် ထူးချွန်သော အစိုးရ ဝန်ထမ်းကောင်း တစ်ယောက်ဖြစ်ကြောင်း၊ မိမိသည် သမီးဖြစ်သူအား စီးပွားရေး လုပ်ငန်းရှင်ထက် တည်ငြိမ်သော အစိုးရ ဝန်ထမ်း တစ်ဦးနှင့်သာ လက်ဆက် ပေးလိုကြောင်း၊ စီးပွားရေး လောကထက် အေးချမ်းသော ဘဝတွင် နေစေလိုကြောင်း သတို့ သမီး၏ မိခင်က ဆိုသည်။ သတို့သမီး မိဘများ ပိုင်ဆိုင်သော ဖူကျန်းဝမ်လီ ကုမ္ပဏီသည် မီးဖိုခန်းနှင့် ရေချိုး ခန်းသုံး အဆင့်မြင့် ကြွေထည် ပစ္စည်းများ ထုတ်လုပ်ပြီး အလုပ်သမား ၈ဝဝ ကျော်ရှိကြောင်း၊ တရုတ် နိုင်ငံ ၏ ထိပ်တန်း စက်မှုလုပ်ငန်း တစ်ခု ဖြစ်ကြောင်းနှင့် မစ္စတာဝူ မည်မျှချမ်းသာ ကြွယ်ဝေ ကြာင်း ဖော်ပြ ခြင်း မရှိပေ။ ဝူသည်  ပြီးခဲ့သည့် နှစ်က လစာယွမ် ၁၂ဝဝဝဝ ရရှိသည်ဟု သိရသည်။ သတို့ သမီး သည် ဖူကျန်းရှိ ရှာမန်း တက္က သိုလ်တွင် ပညာ သင်ယူခဲ့ပြီးနောက် ဗြိတိန်တွင်လည်း သွားရောက် ပညာ သင်ခဲ့သူ ဖြစ်သည်။ ထို့ပြင် မကြာ သေးမီက ကိုရီးယားတွင်လည်း စတော့ ဈေးကွက်နှင့် ပတ်သက်၍ လေ့လာ ခဲ့သည်။ သူမသည် ဖူကျန်း ဝမ်လီ ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်သည်။   ။

မြ၀တီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်