Friday, April 26, 2013

သက်မွန်မြင့်နှင့် သီချင်းဆိုရင်း တွဲကဖို့ သီချင်း သစ်ရေးတဲ့ စိုင်းစိုင်းခမ်းလှိုင်

Posted by drmyochit Friday, April 26, 2013, under | No comments


ဧပြီလ ၁၀ ရက်က မျှော်စင်ကျွန်းတွင် ပြုလုပ်ခဲ့သော စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ ဖျော်ဖြေပွဲ၌ သီချင်းပုဒ်ရေ လေးဆယ်ကျော် ဖျော်ဖြေခဲ့ရာ သက်မွန်မြင့်နှင့် စုံတွဲ သီဆိုမှုကို ပရိတ်သတ်များက အထူး အားပေးခဲ့သည်။ ယင်း သီချင်းနဲ့ ပက်သက်၍ စိုင်းစိုင်းက “ပွဲမတိုင်မီ နှစ်ပတ် အလိုက ရေးထားတာ။ နာမည်တောင် မပေးရ သေးဘူး။ သက်မွန်မြင့်က ဆိုမယ် ပြောတော့ အကြံရပြီး သူနဲ့ လုက်မယ့် သီချင်း ရေးပေး ဖြစ်တာ”ဟု ပြော သည်။ 

ကိုးကြိမ်မြောက် မွေးနေ့ ဖျော်ဖြေပွဲကို ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ညခုနစ်နာရီမှ စတင်၍ လေးနာရီ ကြာအောင် ဖျော်ဖြေခဲ့ပြီး စိုင်းစုင်း၏ သူငယ်ချင်း များက လည်း အားဖြည့် သီဆိုခဲ့သည်။ 

ယင်းဖျော် ဖြေပွဲသို့ ပရိသတ် တစ်သောင်းခန့် လာ ရောက် ကြည့်ရှု အားပေးခဲ့ပြီး ပရိသတ်များထဲမှ မိန်းကလေး တစ်ဥိးကို ရွေးချယ်၍ စင်ပေါ် ခေါ်တင်ကာ ‘ရည်းစာစာ’ သီချင်းဖြင့် ဖျော်ဖြေရာတွင် ပရိသတ်များက နှစ်ခြိုက် အားပေးခဲ့သည်ဟု 7 Day News Journal တွင် ရေးသား ဖော်ပြ ပါရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်