Friday, April 26, 2013

ရခိုင်ပဋိပက္ခ ဖြေရှင်းနည်းများကို အစီရင်ခံစာတွင် အဓိက ထည့်ရေးထား သည်ဟုဆို

Posted by drmyochit Friday, April 26, 2013, under | No comments


ရခိုင် ပြည်နယ်မှ ပဋိပက္ခများနှင့် ပတ်သက်၍ အစိုးရမှ ဖြေရှင်းရန် နည်း လမ်းများကို အစီရင် ခံစာတွင် အဓိက ထည့်သွင်း ရေးသား ထားသည်ဟု စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အတွင်း ရေးမှူးက မဇ္ဈိမကို ပြောသည်။

“အဓိ က ကတော့ ပဋိပက္ခတွေ ဘာကြောင့်ဖြစ်တယ်။ ဒီပဋိပက္ခတွေ ဖြေရှင်းဖို့အတွက်၊ ချုပ်ငြိမ်းသွား ဖို့အ တွက် အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်သင့်တယ် ဆိုတဲ့ဟာကို အဓိကထားပြီး ကျနော်တို့ ရေးထား ပါတယ်” ဟု ဒေါက်တာကျော်ရင်လှိုင် က ပြောသည်။

စာမျက်နှာ ၁၀၀ ကျော် ပါသော အဆိုပါ အစီရင်ခံစာကို သမ္မတထံသို့ ယခုလ ၂၂ ရက်နေ့က ပေးပို့ ထားပြီးဖြစ်ပြီး အသေးစိတ်အချက်များကို ၂၉ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဟုဆိုသည်။

၂၀၁၂ ခုနှစ်က ဖြစ်ပျက်ခဲ့သည့် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် စုံစမ်း စစ်ဆေး ရန်နှင့် အကြံပြုရန် အဖွဲ့ဝင် ၂၇ ဦးပါသည့် ကော်မရှင်ကို သမ္မတက ဖွဲ့စည်းပေးပြီး ရှစ်လကျော် အကြာတွင် အပြီး သတ် အစီရင်ခံစာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

စုံစမ်းရရှိမှုများကို မတ်လကုန်တွင် သမ္မတထံ အစီရင်ခံစာ တင်ရန် ပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း ရခိုင် တွင် ဖြစ်ပွားသကဲ့သို့ အလားတူ ကိစ္စရပ်များ ပေါ်ပေါက်ခဲ့၍ ကြန့်ကြာ ခဲ့ရကြောင်း ကော် မရှင် အဖွဲ့ ဝင်ဖြစ် သူ ဒီမိုကရက် တစ်ပါတီ (မြန်မာ) ၏ အတွင်းရေးမှူး ဒေါ်သန်းသန်းနု က မဇ္ဈိမကို ပြောသည်။

“မတ်လကုန်မှာ မတင်ပြနိုင်တာက အဲဒီမတိုင်ခင်လေးမှာပဲ မိတ္ထီလာတို့၊ ကြို့ပင်ကောက်တို့မှာ ပြဿ နာ တွေ နည်းနည်း ပြန့်နှံ့သွားတယ်ဆိုတော့ အခြေခံအားဖြင့် ကြည့်မယ်ဆိုရင် ရခိုင်နဲ့ အလားသဏ္ဍာန် တူနေ တယ်လေ။ တော်ကြာကျတော့ တမျိုးတဖုံ ကောက်ချက်ချကြမှာစိုးလို့ အဲဒီတုန်းက ဘာမှ မထုတ်ပြန် ခဲ့တာပါ” ဟု ပြောသည်။

အစီရင် ခံစာတွင် ပဋိပက္ခများ ဖြစ်ရပ်မှန်များ ဖော်ပြပေးပြီး အနာဂတ်အတွက် ထိရောက်စွာ ကိုင်တွယ် သင့်ကြောင်း အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေ က ဆို သည်။

“ကျနော်တို့ ဆိုလိုချင်တာက ဒီပြဿနာရဲ့ အရင်းအမြစ်ပေါ့ဗျာ။ အရင်းအမြစ်ကို ဖေါ်ပြပေးဖို့ လိုတယ်။ ဖြစ်စဉ် ဖြစ်ရပ်အမှန် ဖေါ်ပြပေးဖို့ လိုတယ်။ ပြီးရင် နောင်ဒီလိုဖြစ်စဉ်ဖြစ်ရပ်မျိုးနောင်ကို မဖြစ်ရအောင် ဘယ်လို ကွယ်မလဲဆိုတာ ထိရောက်တဲ့ အစီအမံလိုတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုအစီရင်ခံစာကို သမ္မတထံ ပေးပို့သည့်နေ့မှာပင် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် ရေး အဖွဲ့ (HRW) က ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာ မူဆလင်များအား “လူမျိုးတုန်း သုတ်သင်မှု” နှင့် လူသား မဆန်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များအတွက် အာဏာပိုင်များနှင့် ဒေသ အာဏာပိုင် များအား စွပ်စွဲပြစ် တင်ထားသည့် “All You Can Do is Pray” ခေါင်းစဉ်တပ် ၁၅၃ မျက်နှာပါ အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့သည်။

သို့သော် ဤပဋိပက္ခများ စတင်ဖြစ် ပေါ်ရခြင်းမှာ ဘာသာရေး ကြောင့် မဟုတ်ဘဲ စီးပွားရေး ကိုသာ အခြေခံ သည်ဟု ဒေါ်သန်းသန်းနုက မှတ်ချက်ပြုသည်။

“တဖက် ကလည်း လူဦးရေက အဆမတန် များလာတယ်။ များလာတော့ စီးပွားရေးမှာက တယောက်နဲ့ တ ယောက် က ပြိုင်ဘက်လို ဖြစ်လာတာပေါ့။ အဓိက ပြောမယ်ဆိုရင်တော့ အဲဒါကို အခြေခံတာပါပဲ” ဟု ဆို သည်။

၂၀၁၂ ခုနှစ်၊ ဇွန်လဆန်းမှ ရခိုင်ပြည်နယ်တွင် စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် လူပေါင်း တ သိန်း ဝန်းကျင်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူ ၁၄၀ ခန့် သေဆုံးခဲ့ရသည်။

mizzima
ရန်ကုန် (မဇ္ဈိမ) 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်