Friday, April 26, 2013

ရုရှားတွင် စိတ်ရောဂါကုဆေးရုံ မီးလောင်ကျွမ်းမှုကြောင့် လူ ၃၈ ဦးသေဆုံး

Posted by drmyochit Friday, April 26, 2013, under | No comments


ရုရှား နိုင်ငံတွင် စိတ် ရောဂါကု ဆေးရုံ တစ်ခု၌ မီးလောင် ကျွမ်းမှု ဖြစ်ပွားရာ လူပေါင်း (၃၈)ဦးမျှ သေ ဆုံး ဖွယ် ရှိနေကြောင်း သိရှိရသည်။ ရုရှားနိုင် ငံ၊ အရေးပေါ် အခြေအနေ စီမံရေး ဝန်ကြီးဌာနက မော်စ ကိုမြို့တော် ပြင်ပရှိ စိတ်ရောဂါကု ဆေးရုံ တစ်ခုတွင် ဆိုးဆိုးရွားရွား ပြင်းထန်သော မီးလောင် ကျွမ်းမှု ကြောင့် အများအပြား အသေအပျောက် ရှိခဲ့သော သတင်းကို အတည်ပြု ဖော်ပြခဲ့သည်။ အဆိုပါ အ ဆောက် အအုံသည် လိုအပ်ချက်အရ လုံလုံခြုံခြုံ ဆောက်လုပ်ထားပြီး တစ်ထပ် အဆောက်အအုံအတွင်း မီးလောင် မှု ဖြစ်ပွား ချိန်က ဝန်ထမ်း(၃)ဦး အပါအဝင် လူ(၄၁)ယောက် ရှိနေကြောင်း သိရသည်။

မီးစတင် လောင်ကျွမ်းချိန်တွင် အတွင်းမှ (၃)ဦးသာ လွတ်မြောက်ထွက်ပြေး လာနိုင်ခဲ့ကြောင်း သတင်း များက ဆိုသည်။ မီးလောင်ကျွမ်းမှု အပြီးတွင် အလောင်း (၁၂)လောင်းကိုသာ ပြန်လည် ရယူ ထားနိုင် သေးကြောင်း ကယ်ဆယ်ရေး လုပ်သားများက ဆိုသည်။ မီးသည် သောကြာနေ့နံနက် အစောပိုင်း (၃)နာရီ တွင် စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ RIA Novosti သတင်းဌာနက ကနဦး စုံစမ်းမှု ရလဒ်များအရ ဝါယာ ရှော့မှ စတင်သည့်မီး ဖြစ်နိုင်ကြောင်း အမည်မဖော်ပြသည့် ရဲဝန်ထမ်း တစ်ဦး၏ အဆိုကို ကိုးကား ရေးသား ခဲ့သည်။

ဆေး ရုံတွင် ရှိနေသူ (၄၁)ဦးအနက် အသက်အကြီးဆုံးသူမှာ (၁၉၃၇)ခုနှစ်ဖွား ဖြစ်ပြီး ဆေးရုံတွင် ကုသမှု ခံယူနေ ရကြောင်း၊ အသက်အငယ်ဆုံးသူမှာ (၁၉၉၃)ခုနှစ်တွင် မွေးဖွားသူ ဖြစ်ကြောင်း ရဲများက ဆိုသည်။ (၂၀၁၂)ခုနှစ်အတွင်း ရုရှားနိုင်ငံ တစ်ဝှမ်းတွင် မီးလောင်ကျွမ်းမှုများကြောင့် လူပေါင်း (၁၁၆၃၅)ဦး အသက် ဆုံးရှုံးခဲ့ကြောင်းလည်း သိရှိရသည်။

Source: Bloomberg
From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်