Friday, April 26, 2013

မိန်း ကလေးက လက်ထပ် ပေါင်းသင်းရန် တောင်းဆို ရာမှ သမီး ရည်းစားစုံတွဲစကားများပြီးလူသတ်မှုဖြစ်

Posted by drmyochit Friday, April 26, 2013, under | No comments


ကယား ပြည်နယ်၊ လွိုင်ကော် မြို့နယ်၊ ချိကယ် ကျေးရွာ အုပ်စု၊ ဒေါစော်ဘီးကျေးရွာအရှေ့ဘက်  သဲတောင် သွား လှည်း လမ်းဘေး တောင်ယာ စိုက်ခင်း တစ်ခု အနီး စွယ်တော် ပင် အောက်တွင် ဒဏ် ရာများ နှင့် သေဆုံး နေသော အမျိုး သမီး အလောင်း တစ်လောင်း ကို ဧပြီ ၂၁ ရက် နံနက် ၁၁ နာရီခွဲ အချိန်ခန့်က တွေ့ရှိခဲ့၍ လွိုင်ကော် ရဲစခန်းက (ပ)၃၇/ ၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ အမှု ဖွင့် စုံစမ်းခဲ့သည်။

အမျိုး သမီးမှာ ဦးခေါင်းနှင့် မေးစေ့ အောက် လည်ပင်း ပတ်လည် တို့တွင် ညိုမည်းဒဏ်ရာများ ရရှိ လျက် ပက်လက် အနေအထား ဖြင့် သေဆုံးနေသည်ကို တွေ့ရ ပြီး ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်း ရာ သေဆုံး သူမှာ လွိုင်ကော်မြို့ နယ် လောပိ တကျေးရွာ အုပ်စုနေ မသိမ့်သိမ့်ဝင်း (၁၈)နှစ်ဖြစ် ကြောင်း သိရှိခဲ့ရ သည်။ ယင်း နောက်သေဆုံးသူ မသိမ့်သိမ့်ဝင်း နှင့် အိမ်ချင်းကပ်လျက်နေထိုင်ပြီး မသိမ့်သိမ့်ဝင်း၏ ရည်စား ဖြစ်သူ ထက်မင်းဦး(၂၁)နှစ်၊ မော်တော် ဆိုင်ကယ်ပြင်အလုပ်လုပ်သူအား အဆိုပါနေ့ ည ၁၀ နာရီအချိန် တွင် ရဲတပ်ဖွဲ့က မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းချက် အရ မသိမ့်သိမ့် ၀င်းနှင့် ထက်မင်းဦးတို့ ဧပြီ ၂၀ ရက်မွန်းလွဲပိုင်းက ချိန်း ဆိုတွေ့ ဆုံကြ စဉ် မသိမ့်သိမ့်ဝင်း က လက်ထပ်ပေါင်းသင်းရန် တောင်းဆိုရာမှ အစပြု၍ စကား များရန်ဖြစ်ပြီး ယင်း အခြေ အနေ အထိ ဖြစ်ပေါ် ခဲ့သည် ဟုဆိုသည်။


ကြီးမြင့်နိုင်(လွိုင်ကော်)
From: The Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်