ဘူးသီး တောင် မဲဆန္ဒနယ်က လွှတ်တော် အမတ် ဖြစ် လာသည့် ဦးရွှေမောင် အပါအ၀င် ဘင်္ဂါလီ လွှတ်တော် အမတ် ကို နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေး နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန ပြည်ထောင် စု ၀န်ကြီး ဦးခင်ရီ က ပြောကြားသည်။
နိုင်ငံသား လည်း မဟုတ် တိုင်းရင်းသားလည်း မ ဟုတ် ပဲ လွှတ်တော် ထဲရောက်ရှိသော ဦးရွှေမောင် အပါ အ၀င် လွှတ်တော် အမတ် သုံးဦး ကို ပြည်ထောင် စု ရွေးကောင်ပွဲကော်မရှင်နှင့်လွှတ်တော်က စစ်ဆေးပြီး ပြည် သူ လူထု ကျေနပ်အောင် ရှင်းပြရန် အစီစဉ် ရှိမရှိ ရခိုင်တိုင်း ရင်းသား စာရေးဆရာ ဦးခိုင်အောင်ေ ကျာ်က အမေ ရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အဆိုပါ ၀န်ကြီးနှင့် တွေ့ဆုံစဉ် မေးမြန်း လိုက် သည့် အပေါ် ဦးခင်ရီက ယင်းသို့ ဖြေကြားခြင်းဖြစ်သည်။
”မှန်ခြင်း - မမှန်ခြင်း အလီဘိုင်နဲ့ ပြရမှာဖြစ်ရတဲ့ ကိစ္စတခုဖြစ်တာကြောင့် ကျနော်တို့ ဘက်က ယောင်ဝါး ၀ါးနဲ့  လုပ်လို့ မရပါဘူး၊ သေသေချာချာ အထောက်အထားနဲ့  စစ်ဆေးလျှက်ရှိပါတယ်” ဟု ဦးခင်ရီက ရှင်းပြ သည်။
၎င်းတို့ကို စစ်ဆေးပေးရန် သင်္ကြန် မတိုင်မီက တိုင်စာ ရရှိခဲ့သဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။
Rakhine Citizen Journalists
oppositeyes info
Time in Rangoon

0 comments:
Post a Comment