Friday, April 26, 2013

ကသာမြို့အနီး ရွာတစ်ရွာတွင် ၁၅ နှစ်အရွယ် ၁၅ နှစ် အရွယ် သမီးအရင်းကို အဓမ္မ ပြုကျင့်မှု ဖြစ်ပွား

Posted by drmyochit Friday, April 26, 2013, under | No comments


ကသာမြို့နယ် အပိုင်၊ မဿလင်း အုပ်စု၊ ပန်းခါး တောင်တွင် အသက် ၁၅ နှစ် အရွယ် သမီးအရင်းကို ဖခင် ဖြစ်သူမှ အဓမ္မပြုကျင့်မှု တစ်ခု ဖြစ်ပွား ခဲ့ပါသည်၊ နောက်ဆုံး အဓမ္မပြုကျင့်ခဲ့မှုမှာ ၂၃၊၄၊၁၃ ရက်နေ့ ည(၁၂) နာရီ အချိန်တွင် ဖြစ်သော်လည်း လွန်ခဲ့သည့် (၂)ပတ် ကျော် ကပင် စတင် အဓမ္မ ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အဓမ္မ ပြုကျင့်ခံ ခဲ့ရ သည့် သမီး အရင်း ဖြစ်သူ မသိဂီ င်္မှ ပြောပြပါသည်။

လွန်ခဲ့သော (၂) ပတ်ကျော်တွင် တစ်ကြိမ်၊ သောကြာနေ့(ရက်မမှတ်မိ) ကတစ်ကြိမ်၊ ၂၁၊၄၊၁၃ ရက်နေ့ က တစ်ကြိမ်နှင့် ယခု ၂၄ ရက်နေ့ ညတွင် တစ်ကြိမ် စုစုပေါင်း (၄) ကြိမ် ကျူးလွန် ခဲ့သည်ဟု ရဲစခန်းတွင် ထွက် ဆို သွားပါသည်။

ဖခင် ဖြစ်သူ ဦးချစ်ငွေ၊ မသိဂီ င်္နှင့် မောင်ဖြစ်သူ တို့သည် ပန်းခါးတောင် ခြေရင်းတွင် တောင်ယာ လုပ်ကိုင် စားသောက် နေကြပြီး မိခင်မှာ လွန်ခဲ့သည့် (၃) နှစ်က ကွယ်လွန် သွားခဲ့ပြီး ဖြစ်ပါသည်။

၂၄ ရက်နေ့ နံနက်တွင် အဓမ္မပြုကျင့်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့မှု အပေါ် ကသာ ရဲစခန်းသို့ လာရောက် တိုင်ကြား ခဲ့ပါသည်။

တိုင်ကြားမှု အရ ရဲအုပ် မျိုးခိုင်နှင့် ခရိုင် ဒုစရိုက် နှိမ်နင်းရေး တပ်ဖွဲ့ဝင်များ၊ ဒုရဲအုပ် ဌေးဝင်းနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များက ပန်းခါးတောင်ခြေရှိ ဦးချစ်ငွေ နေအိမ်သို့ သွားရောက် ဖမ်းဆီးခဲ့ရာ ဦးချစ်ငွေမှ အဖမ်း မခံဘဲ ပန်းခါး တောင်ပေါ်သို့ လက်တစ်ဖက်တွင် ဓါးကိုင်၍ အခြား လက်တစ်ဖက်တွင် အရက် ပုလင်း (ဘလူး မောင်တန် ဗူးခွံဖြင့် ထည့်ထား) ကိုင်ပြီး တက်ပြေး ခဲ့ပါသည်။ ထိုဖြစ်စဉ် အပေါ် ရဲအုပ် မျိုးခိုင်မှ ဓါးမချ ပါက ပစ်ခတ် ဖမ်းဆီးမည် ဖြစ်ကြောင်း ခြောက်လန့် ဖမ်းဆီးခဲ့ရကြောင်း ပြောပြပါသည်။

တရားလို၏ ပြောပြချက် အရ အဓမ္မ ပြုကျင့်သည့် အချိန်တိုင်းတွင် ဖခင် ဖြစ်သူမှာ အရက် သောက်စား ထားလေ့ ရှိကြောင်း သိရပါသည်။ ထိုဖြစ်စဉ်နှင့် ပါက်သက်၍ ကသာ ရဲစခန်းမှ (ပ)၁၀၈/၁၃ ဖြင့် သတင်း ပေး တိုင်ကြား ချက် ရယူခဲ့ပြီး ပုဒ်မ ၃၇၆ အရ တရား စွဲဆို တင်နိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ဟာဂျုလီ-ကသာ
သစ်ထူးလွင် မှ ကူးယူဖော်ပြသည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်