Friday, April 26, 2013

သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမယ့် ဒေါ်အောင်ဆန်းစုကြည်

Posted by drmyochit Friday, April 26, 2013, under | No comments


ဒေါ်အောင်ဆန်း စုကြည်ဟာ သမ္မတ သို့မဟုတ် လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ တော့မယ် လို့ ဒီက နေ့ ထုတ် ရွှေနိုင်ငံ သစ် သတင်းစာမှာ နက္ခ ဗေဒ ဆရာ တယောက်က ရေးလိုက်ပါတယ်။

ဆရာ ဦးဇေယျာကို (နက္ခသိပ္ပံ) ရဲ့ ဆောင်းပါးမှာ အဲဒီလို ဟောကိန်းထုတ် ရေးသားထားတာပါ။

"၂၀၁၅ နှောင်းပိုင်း ရွေးကောက်ပွဲအချိန်ကာလ နှင့် ၂၀၁၆ နှစ်ဦးပိုင်း သင်္ကြန် မတိုင်မီ အချိန် ကာလ များ သည် ဇာတာစန်းလဂ် တောက်ပ လင်းလက်လာမည့် အချိန်ကာလများ ဖြစ်သည့်အတွက် သူမ၏ အောင်မြင် မှု များအား မည်သူမှ တားဆီး ပိတ်ပင်၍ မရရှိနိုင်တော့ပေ" လို့ ဦးဇေယျာကို (နက္ခသိပ္ပံ)က ရေးထား ပါတယ်။

"၂၀၁၅ ဇူလိုင်လ နောက်ပိုင်း သိဟ်ရာ သီရောက် ကောဇာ ကြာသ ပတေး ဂြိုင်္ဟ်ကြီး၏ အထောက်အပံ့" ကို ဒေါ်အောင် ဆန်းစုကြည်ရဲ့ ကံဇာတာမှာ တွေ့ရကြောင်း ရွှေနိုင်ငံသစ် သတင်းစာမှာ နက္ခတ္တ အမြင် တွေကို နေ့စဉ် ရေးနေတဲ့ ဦးဇေယျာကို (နက္ခသိပ္ပံ)က တွက်ချက်ပါတယ်။

မြန်မာ ပြည်မှာ နိုင်ငံ အာဏာကို စစ်တပ်က ချုပ်ကိုင် ခဲ့တာ နှစ်ပေါင်း ငါးဆယ် ရှိသွား ပါပြီ။ စစ်တပ် ကရော ဗေဒင် ဆရာ ဟောကိန်း ထုတ် သလိုမျိုး ဒေါ်အောင်ဆန်း စုကြည် ထိပ်သီး ခေါင်း ဆောင်ကြီး ဖြစ်လာ ရေးကို သဘောတူပါ့မလား။ ဒီအချက်ကိုလည်း ဦးဇေယျာကို (နက္ခသိပ္ပံ)က တွက်ချက်ပြပါတယ်။

တနင်္လာ ဂြိုင်္ဟ်၏ သဘော တရား အရ တပ်မ တော်နှင့် အပေးအယူ ညီမျှစွာဖြင့် ညှိနှိုင်း ဆောင်ရွက်မှသာ "အနာဂတ် နိုင်ငံရေး ရည်မှန်းချက်"ကို ပုံဖော်ခွင့် ရပါမယ် တဲ့။

မြန်မာ့ ဒီမိုက ရေစီ ခေါင်းဆောင် အဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်တည်နေဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည် ကိုယ် တိုင် ကလည်း သူ သမ္မတ တာဝန် ထမ်းဆောင်လိုကြောင်း လူသိ ရှင်ကြား ပြောကြား ထားပြီး ပါပြီ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာမယ် ဆိုတာကို တကြိမ်ထက်မနည်း ဟောကိန်းထုတ်ခဲ့သူကတော့ အထင် ကရ ဗေဒင် ဆရာကြီး တယောက်ဖြစ်တဲ့ စံဇာဏီဘို ဖြစ်ပါတယ်။

သူ့ရဲ့ ဟောကိန်း အကြောင်းကို ဧရာဝတီဘလော့ http://blog.irrawaddy.org/2013/04/blog-post _15.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

အင်္ဂါ နေ့ဖွား ဒေါ်အောင်ဆန်း စုကြည် မွေးတဲ့နေ့က ၁၃ဝ၇ ခုနှစ် ဝါဆိုလဆန်း ၁ဝ ရက်နေ့၊ ၁၉၄၅ ဇွန်လ ၁၉ ရက်နေ့ပါ။ ရန်ကုန်မြို့ ဇာတိ ဖြစ်ပြီး မိဘများကတော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်ခင်ကြည်တို့ ဖြစ်ပါ တယ်။

ဗေဒ ပညာရှင် တဦးဖြစ်တဲ့ ဆရာကျော်စစ်ဟိန်းရဲ့ စာအုပ်တအုပ်မှာရေးထားတာကတော့ ဒေါ်အောင် ဆန်းစုကြည် ကို မွေးဖွားတဲ့အချိန်က ည ၇း၁၅ ဖြစ်ပါတယ် တဲ့။

မြန်မာ ပြည်မှာ၂၀၁၅ နှစ်ကုန်ပိုင်း ရွေးကောက်ပွဲ ကျင်းပပြီးရင် အုပ်ချုပ်မှု အပြောင်း အလဲ ဖြစ် လာမှာပါ။
ဗေဒင် ဆရာတွေ ဟောကိန်း ထုတ်တာ မှန်ကန်မယ် ဆိုရင်တော့ မဝေးတော့တဲ့ အနာဂတ်မှာ ဒီမို ကရေစီ ခေါင်း ဆောင်က သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ တာဝန် ယူရပါလိမ့်မယ်။
အဲဒီ အချိန် မှာ ဒေါ်အောင်ဆန်းစုကြည်က အသက် ၇ဝ ရှိနေမှာ ဖြစ်ပါတယ်။

ဧရာဝတီ Blog

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်