Friday, April 26, 2013

ပြည်မြို့ လူသတ်မှု စစ်ခုံရုံး ဖွဲ့စစ်မည်

Posted by drmyochit Friday, April 26, 2013, under | No comments


 သေဆုံးသူ ဇော်မင်းဦး ဈာပန (ဓာတ်ပုံ – ကောင်းမြတ်မင်း / ဧရာဝတီ)

ဧပြီလ ၂၃ ရက် ညတွင် ပြည်မြို့၌ ဖြစ်ပွားခဲ့သော လူသတ်မှုတွင် သံသယရှိသူ ၃ ဦးလုံးကို ယခုအခါ ခလရ ၇၅ တပ်ရင်း အချုပ် ခန်းတွင် ထိန်းသိမ်းထားပြီး စစ်ခုံရုံးတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ် ကြောင်း သိရှိရသည်။

ယမန်နေ့က ပြုလုပ်သော သေဆုံးသူ အသက် ၂၃ နှစ် ရှိ မောင်ဇော်မင်းဦး၏ ဈာပနသို့ လာရောက်၍ DNA ထုတ် ယူစဉ် စစ်ခုံရုံး ဥက္ကဋ္ဌဖြစ်သူ ဒု ဗိုလ်မှူးကြီးနေဝင်းက သက်ဆိုင်သူ မိသားစုဝင်များနှင့် သတင်း ထောက် များအား ယခုလို ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ည ၉ နာရီခန့်က ပြည်မြို့ ဆင်စုရပ်ကွက်အနီး ဧရာဝတီ မြစ်သောင်ပြင်ပေါ် (နဝဒေး တံတား အောက်) တွင် ချိန်း တွေ့ နေသည့် သမီး ရည်းစား စုံတွဲအား လူ ၃ ဦးမှ ပစ္စည်းယူ လူသတ်မှုဖြစ်ခဲ့ရာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိရာ တပ်မတော် သားများ ဖြစ်နေ ခဲ့သည်။

အဖမ်း ခံရသည့် တပ်သား ရဲကိုဦးနှင့် တပ်သား သန်းထိုက်အောင်တို့ကို ရဲတပ်ဖွဲ့က ခလရ ၇၅ တပ်ရင်း သို့ ပြန်လွှဲခဲ့ရာ ချုပ်နှောင်ထားပြီး လွတ်မြောက်သွားသူ တပ်သား သန်းဝင်းအောင် တပ်ရင်းသို့ ပြန်အလာ တွင်လည်း ဖမ်းဆီးပြီး အချုပ်ချထားခဲ့ကြောင်း သိရသည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူရဲတပ်ဖွဲ့များ ပူးပေါင်း ဖြေရှင်း သွားမှာ ဖြစ်ကြောင်း စစ်ခုံရုံး ဥက္ကဋ္ဌ ဒု ဗိုလ်မှူးကြီးနေဝင်းက သေဆုံးသူ ငယ်စဉ်မှ ဘွဲ့ရသည်အထိ ပညာ သင်ကြား ပေးခဲ့သူ မဟာဇေယျုံကျောင်းတိုက်  ဆရာတော်ဦးဉာဏိဃအား လျောက်ထား ပြောကြား ခဲ့သည်။

သေဆုံးသူ မောင်ဇော်မင်းဦးသည် မဟာဇေယျုံကျောင်းတိုက်ရှိ ဘုန်းတော်ကြီး စာသင်ကျောင်းတွင် ၇ နှစ်သား အရွယ်မှ စတင်ကာ ကျောင်းထိုင်ဆရာတော်မှ သားတပည့်အဖြစ် မွေးစားကာ  အထူးပြု ပထဝီ ဘာသာ ရပ်ဖြင့် ဘွဲ့ရသည်အထိ နေထိုင်ခဲ့ပြီး၊ ၎င်း ဘုန်းတော်ကြီး စာသင်ကျောင်းတွင် ကျောင်း ဆရာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တယောက်လည်းဖြစ်ကြောင်း၊ အခုလို သားတပည့်သေဆုံးရမှုနှင့် ပတ် သက် ၍ တူညီသောတန်ဖိုးအဖြစ် နောက်နောင်ကို အခုလိုဖြစ်ရပ်မျိုး ထပ်မံမပေါ်ပေါက်စေရန် တာဝန်ရှိ သူများ ပြုပြင်သင့်ကြောင်း ပြောကြားသည်။

“ သေသွားတာက သားတပည့်၊ သိပ်လိမ္မာတဲ့ ကလေး၊ ၂ တန်းနှစ်ကတည်းက ကျောင်းမှာ ခေါ်ထားတာ၊ နှမြော တော့ နှမြောတာပေါ့။ အဲဒါနဲ့ ထိုက်တန်တဲ့ လျှော်ကြေးပေးဖို့တော့ ဘုန်းဘုန်းတောင်းလိုက်တယ်။ အဲဒီ လျှော်ကြေးက အခြားမဟုတ်ဘူး။ နောက်နောင်ကို အခုလို ဖြစ်ရပ်မျိုးမဖြစ်အောင် တာဝန်ရှိသူတွေ လုပ်ဆောင် ပါလို့ စစ်တပ်ရော၊ ရဲရော လာတုန်းက ဘုန်းဘုန်းပြောလိုက်တယ်။ တရားခံ ဖော်ထုတ်တာတွေ မထုတ် တာတွေ ဘုန်းဘုန်းမပြောလိုဘူး။ နောင်ကို မဖြစ်အောင်ပဲ ကြိုးစားဆောင်ရွက်စေချင်တယ်” ဟု မဟာဇေ ယျုံ ကျောင်းတိုက် ဆရာတော် ဦးဉာဏိဃက ဧရာဝတီသို့ ပြောသည်။

ပြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်း ယင်းအမှုနှင့်ပတ်သတ်၍ ရက်ပိုင်း အတွင်း အမြန်ဆုံး သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်သွားမှာဖြစ်ကြောင်း၊ လူသတ်မှုနှင့်ပတ်သတ်ပြီး တပ်မတော် သားများ သတ်ဖြတ်သည် မှန်ကန်ပါက တပ်တွင်းစစ်ခုံရုံးမှ စစ်ဆေးခံရပြီး အရပ်ဘက် တရားရုံး သို့ ပြန်လည်လွှဲပြောင်းကာ ထပ်မံစစ်ဆေးခံရမှာ ဖြစ်ကြောင်း၊ တပ်မတော်သားများကို တရားစီ ရင်ရာမှာ လုပ်ထုံးလုပ်နည်းအရ အမှုကို နှစ်ကြိမ်တိုင်တိုင် ရင်ဆိုင်ရမှာဖြစ်ကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်။

သေဆုံးသူထံမှ DNA ရှာဖွေထုတ်ယူပြီး အထိန်းသိမ်းခံသုံးဦးတို့၏ DNA နဲ့ တိုက်ယူ စစ်ဆေး သွားမှာဖြစ်ကြောင်း ၎င်းအမှုနှင့်ပတ်သတ်ပြီး ပြောရေးဆိုခွှင့်ရှိသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်လေးက ပြောသည်။ “လက်သည်းကြားတွေ ဘာတွေထဲမှာ ကုတ်လိုက် မိတာမျိုး ပဲဖြစ်ဖြစ် သေဆုံးသူထံက ကျူးလွန်သူတွေရဲ့ DNA ရှိကောင်းရှိနိုင်မယ်၊ ထွက်လာတာနဲ့ ထိန်းသိမ်း ခံထား ရတဲ့ လူတွေရဲ့ DNA ကို တိုက်ဆိုင်စစ်ဆေးသွားမှာ” ဟု ဆိုသည်။

သေဆုံး သူ ဇော်မင်းဦးအား ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၃ နာရီက ပြည်မြို့အေးငြိမ်းရာ သုသာန်မှာ မီးသင်္ဂြိုလ် ခဲ့ပြီး ထောင်ချီသောမြို့ခံလူထုမှ ဈာပနအား လိုက်လံပို့ဆောင်ပေးခဲ့ပြီး အလောင်းတွင်လည်း “အမှန် တရားကို ဖော်ထုတ်ပေးကြပါ” စာသားပါ ဆိုင်းဘုတ်ကို ချိတ်ဆွဲခဲ့သည်။ လိုက်လံပို့ ဆောင်သူ များက လည်း အဆိုပါစာသားပါသည့် စာတန်းများကို ကားများ၊ ဆိုင်ကယ်များနှင့် ဦးထုပ်များတွင် ကပ်၍  အသု ဘ ပို့ခဲ့ကြသည်။

ကောင်းမြတ်မင်း 
ဧရာဝတီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်