Sunday, March 02, 2014

ကျန်သက်တမ်းကာလ ကျေးလက်ဖွံ့ဖြိုးရေး ဆောင်ရွက်မည်

Posted by drmyochit Sunday, March 02, 2014, under | No comments


Sunday, March 2, 2014

အစိုးရရဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းကာလအတွင်းမှာ တောင်သူလယ်သ မားတွေနဲ့ နိုင်ငံသားအားလုံးအတွက် ကျေးလက်ဒေသ ဖံွ့ဖြိုးရေးလုပ်ငန်းတွေနဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ ဒီနေ့ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

အစိုးရအနေနဲ့ ကျေးလက်ဒေသ ဖံွ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ဖို့ လုပ်ငန်းတာဝန်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း တောင်သူလယ်သမားတွေအတွက် လယ်ယာကဏ္ဍ ဖံွ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အဓိကလုပ်ငန်းအဖြစ် ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ဒါ့အပြင် ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံတွေအပေါ် ပြည်တွင်းပြည်ပမှာ ခိုင်မာတဲ့ ဈေးကွက်ရရှိရေးအတွက် ဈေးပြိုင်စနစ်နဲ့ ရောင်းချတဲ့ နိုင်ငံတကာအဆင့်မီ လက်ကားဈေးကွက်တွေ ပေါ်ပေါက်လာဖို့ကိုလည်း စနစ်တကျ စီစဉ်ဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားပါတယ်။

နေပြည်တော် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန စုပေါင်းရုံးခန်းမမှာ ဒီနေ့ကျင်းပတဲ့ တောင်သူလယ်သမားနေ့ အခမ်းအနားကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ပါတယ်။

RFA

တရုတ်-ကူမင်း ဘူတာရုံ ဓားနဲ့အကြမ်းဖက်မှု ၃၃ ဦးသေဆုံး

Posted by drmyochit Sunday, March 02, 2014, under | No comments

တရုတ်နိုင်ငံ တောင်ပိုင်း Kunming မြို့တော်က မီးရထားဘူတာရုံတစ်ခုမှာ အနက်ရောင်ဝတ်စုံတွေ ဝတ်ထားတဲ့ အမည်မသိ လူ ၁၀ ယောက် ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၃၃ ယောက်ထက်မနည်း သေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ဓားစာခံ  ပြည်သူ ၂၉ ယောက်နဲ့အတူ တိုက်ခိုက်သူ ၄ ယောက်လည်း ပါခဲ့ပါတယ်။ တိုက်ခိုက်သူတွေထဲက ၁ ယောက်ကို လက်ရဖမ်းဆီးနိင်ခဲ့ပြီး ၄ ယောက်ကတော့ ပစ်ခတ်မှုကြောင့်သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ကျန်တဲ့တိုက်ခိုက်သူတွေကို ဖမ်းဆီးနိုင်ဖို့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာက ဓာတ်ပုံတွေအရ သွေးအလူးလူးဖြစ်နေတဲ့ သေဆုံးသူတွေ ဘူတာကြမ်းပြင်ပေါ် ပြန့်ကျဲနေတာ တွေ့ကြရပါတယ်။ ဝတ်စုံမည်း ဝတ်ထားတဲ့တိုက်ခိုက်သူတွေဟာ ဘူတာရုံထဲ ရုတ်တရက် ပြေးဝင်လာပြီး ခရီးသည်တွေကို ဓားနဲ့ထိုးသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ခုထက်ထိတော့ ဒီတိုက်ခိုက်မှုက ဘယ်သူ့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် ဒီတိုက်ခိုက်မှုအတွက် Xinjiang ခရိုင် အနောက်ဖျားက သူတို့အခေါ် အစ္စလာမ် အစွန်းရောက် ခွဲထွက်ရေးသမားတွေဖြစ်မယ်လို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ကူမင်းဘူတာရုံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ခရီးသွားတွေအတွက် ဝတ်ပြုဆုတောင်းပေးကြစဉ်။ (မတ်လ ၂၊ ၂၀၁၄)

အမျိုးသား အယောက် ၃၀၀နဲ့ အိပ်ခဲ့ပြီး တစ်နေ့ကို အနည်းဆုံး လိင်ဆက်ဆံမှု ၅ကြိမ်ပြီးမြောက်မှ ကျေနပ်တဲ့ အမျိုးသမီး

Posted by drmyochit Sunday, March 02, 2014, under | No comments


Sunday, March 2, 2014

အသက် ၂၄နှစ်အရွယ် ဗြိတိန်နိုင်ငံသူ Nessa Jayဟာ ရာဂလွန်ကဲရောဂါ ခံစားနေရပါတယ်။ သူမဟာ နော်ဖလော့ခ်ပြည်နယ်၊ ခရိုမာကမ်းခြေ ဒေသမှာ နေထိုင်ပါတယ်။ သူမအတွက် ပထမဦးဆုံး အကြိမ်ကတော့ အသက် ၁၆နှစ်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဲ့ဒီ့ကတည်းကစပြီး လူ ၃၀၀နဲ့ အိပ်ခဲ့ပြီးပါပြီ။
စူပါမားကစ်တွေမှာ လူစိမ်းတွေနဲ့ဆိုရင်တော့ ပရောပရည်လုပ်ပြီး အိမ်ခေါ် လိင်ဆက်ဆံတာပေါ့။ အာသာပြင်းပြနေတာတွေ ပြေလျော့ဖို့ အစားထိုးအတုတွေ သုံးတာလည်းရှိပါတယ်။ ဒါပေမဲ့ သူမဟာ ကျန်းမာနေတဲ့ လူကောင်းတစ်ယောက်ပါလို့ လူတွေကို နားလည်စေတယ်လို့ သိရပါတယ်။

Ref:dailymail.co.uk
Trend Myanmar

Saturday, March 01, 2014

မော်လမြိုင်မြို့၌ တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်၍ ငါးနှစ် အရစ်ကျစနစ်ဖြင့် ဝန်ထမ်းများအား ရောင်းချပေးမည်

Posted by drmyochit Saturday, March 01, 2014, under | No comments



မွန်ပြည်နယ် မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ အစိုးရပိုင် မြေလွတ် (၉) ဧက၌
သီရိမင်္ဂလာ တန်ဖိုးနည်း အိမ်ရာအား ငါးနှစ် အရစ်ကျဖြင့် လက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများမှ အသက် ၅၅ နှစ် အထက်ရှိပြီး ဝန်ထမ်း လုပ်သက် ၃ဝ နှစ် အထက် ရှိသူများကို ပထမ ဦးစားပေးပြီး လုပ်သက် ၂၅ နှစ်မှ ၃ဝ နှစ် အထိကို ဒုတိယ ဦးစားပေး စနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

၎င်းသီရိမင်္ဂလာအိမ်ရာ စီမံကိန်းကို ပထမအဆင့် အနေဖြင့် မြေနှစ်ဧကပေါ်တွင် ရှစ်ခန်းတွဲ လေးထပ် အဆောက်အအုံ ငါးလုံးအား တည်ဆောက်မည်ဖြစ်၍ အခန်းပေါင်း ၁၆ဝ အား ရောင်းချပေးမည် ဖြစ်သည်။ တိုက်ခန်း တစ်ခန်းလျှင် အကျယ်အဝန်း စတုရန်းပေ ၆ဝဝ ရှိပြီး အိပ်ခန်း တစ်ခန်း၊ ရေချိုးခန်း၊ မီးဖိုခန်းနှင့် သန့်စင်ခန်းတို့ ပါရှိပြီး ရေ၊ မီး ၂၄ နာရီ ရရှိမည် ဖြစ်သည်။

၎င်းတန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို မြေညီထပ် တစ်ခန်းလျှင် ငွေကျပ် သိန်း ၁၃ဝ၊ ဒုတိယထပ် ငွေကျပ် ၁၂၅ သိန်း၊ တတိယထပ် ငွေကျပ်သိန်း ၁၂ဝ၊ စတုတ္ထထပ် ငွေကျပ် ၁၁၅ သိန်းဖြင့် ရောင်းချသွားမည် ဖြစ်ပြီး ပထမအရစ် ပေးသွင်းမှု အဖြစ် ငွေကျပ် သိန်း ၄ဝ အား တစ်ကြိမ်လျှင် ငွေကျပ်သိန်း ၂ဝ နှုန်းဖြင့် နှစ်ကြိမ်ခွဲ၍ ပေးသွင်းရမည် ဖြစ်ပြီး ကျန်ငွေများကို ငါးနှစ်အတွင်း တစ်လလျှင် ငွေကျပ် တစ်သိန်း လေးသောင်း နှုန်းဖြင့် လစဉ် ပေးသွင်းရမည် ဖြစ်သည်။ လျှောက်လွှာများကို မတ် ၁ ရက်မှစ၍ မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီမှ ရောင်းချပေးမည် ဖြစ်ပြီး တန်ဖိုးနည်း အိမ်ရာများကို သီရိမင်္ဂလာ ရပ်ကွက်၌ ဆောက်လုပ်သဖြင့် သီရိမင်္ဂလာ ရပ်ကွက်နေ အိမ်ရာမရှိသည့် ပြည်သူ ၃၂ ဦးအားလည်း ထည့်သွင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ၎င်းတန်ဖိုးနည်းအိမ်ရာ ရောင်းချရာတွင် လက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိသည့် ဝန်ထမ်းများ၊ ကိုယ်ပိုင်နေအိမ် ခြံမြေမရှိသူများ ဖြစ်ရမည်။ နိုင်ငံတော် အစိုးရမှ ချထားပေးသည့် မြေကွက် ရရှိထားသူများ မဖြစ်စေရ၊ နေအိမ် တိုက်ခန်းအား ဝယ်ယူပြီးပါက ငါးနှစ်အတွင်း လွှဲပြောင်းရောင်းချ၍ မရကြောင်း၊ မြေညီထပ် အခန်းများအား မဲစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်းနှင့် ဝန်ထမ်းများနှင့် ပတ်သက်၍ ရာထူးကြီးငယ် အပေါ် ဦးစားပေးမည် မဟုတ်ဘဲ လုပ်သက်ကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပထမဆုံး ဆောက်လုပ်သည့် အခန်း ၁၆ဝ ကို လက်ရှိ ဝန်ထမ်းမိသားစုများသို့ ရောင်းချပေးပြီး လျှောက်လွှာ အနည်းအများပေါ် မူတည်၍ ကျန်ရှိသည့် မြေခုနစ်ဧကတွင်လည်း ထပ်မံ ဆောက်လုပ် သွားမည် ဖြစ်သည်။

ယခု ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ၂ဝ၁၄ ခုနှစ် မတ် ၁ ရက်မှ စတင်၍ ၂ဝ၁၅ ခုနှစ် မတ်လအတွင်း အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာ တိုးတိုးအောင်က ပြောကြားခဲ့ကြောင်း သိရသည်။

မြ၀တီ

မိန်းမအချင်းချင်း နမ်းရတာကို ကြိုက်ပြန်တဲ့ မိုင်လီဆိုင်းရပ်စ်

Posted by drmyochit Saturday, March 01, 2014, under | No comments


Saturday, March 1, 2014

ပြီးခဲ့သည့် စနေနေ့ညက လော့စ် အိန်ဂျလိစ်မြို့ရှိ စတေပယ် စင်တာ တွင် ပြုလုပ်ခဲ့သည့် မိုင်လီ၏ ဖျော်ဖြေပွဲတွင် ပွဲလာကြည့်သော ကေတီပယ်ရီ ကို နမ်းလိုက် သဖြင့် ရွှေပွဲ လာပရိသတ်များက ဖုန်းများဖြင့် အမိအရ ဓာတ်ပုံရိုက်ခဲ့ကြ သည်။

”မိန်းကလေးတစ်ယောက်ကို နမ်း လိုက်မိရုံပါပဲ။ ဒါပေမဲ့ ဒီခံစားမှုကို ကျွန် မ တကယ် အများကြီးနှစ်သက်မိတယ်”ဟု မိုင်လီက စမတ်ဖုန်းဖြင့် ဓာတ်ပုံ ရိုက် နေကြသော ပရိသတ် ဆီသို့ ပြောကြား ခဲ့သည်။

အဆိုပါ မိုင်လီ၏ ဖျော်ဖြေပွဲသို့ ဟောလီးဝုဒ် အကျော်အမော်များ ဖြစ် သော ကိုးလ်ကာဒါရှိန်း၊ ဟီလာရီ ဒပ်ဖ်၊ နီးကိုးလ်ရစ်ချီ၊ ခရစ္စတီးနား အဂွီလီ ရာတို့ တက်ရောက် ခဲ့ကြပြီး ကေတီ သည် ရှေ့ဆုံးတန်းတွင် ကြည့်ရှုအား ပေးနေ ခဲ့ခြင်းဖြစ်သည်။

လာရောက် ကြည့်ရှုကြသော ပရိ သတ်ထောင်သောင်း များစွာ၏ ရှေ့ မှောက် တွင် ဤကဲ့သို့ အပြုအမူမျိုးကို ပြုလုပ်လိုက်မိသည့် အတွက် မိုင်လီမှာ အနည်းငယ်မျှ ရှက်ရွံ့ မိခြင်း၊ စိတ်ပျက် ခြင်းမရှိကြောင်း ပြန် လည်ပြောကြားခဲ့ သည်။

ထို့အပြင် ကေတီကလည်း သူမ ၏ တွစ်တာ စာမျက်နှာပေါ်တွင် ”နမ်း ပြီးသွားတော့မှ ငါနင့်ကိုပိုချစ်လာတယ်”ဟု ရေးသားသွားခဲ့သည်။

KTZO
Ref : Yahoo
Popular Myanmar News Journal

ထွက်ရှိလာမည့် ဘိုအင်းကုမ္ပဏီရဲ့ စမတ်ဖုန်း

Posted by drmyochit Saturday, March 01, 2014, under | No comments


ဘိုအင်းကုမ္ပဏီဟာ လေယာဉ်၊ ရော့ကဒ် ၊ Satellite အနေနဲ့ အခြားအစိတ်အပိုင်းတွေကို ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

ဘိုအင်းကုမ္ပဏီကို  ၁၉၁၆ ခုနှစ် ဇူလိုင်လ(၁၅)ရက် မှာ William Boeing  က စတင်တည်ထောင်ခဲ့ပါတယ်။ အခု ဘိုအင်းကုမ္ပဏီဟာ အမေရိကန် နိုင်ငံရဲ့ အစိုးရဌာနတွေကို အဓိကရောင်းချမယ့် ဖုန်းတစ်မျိုးကို ရောင်းချတော့မယ်လို့ သိရပါတယ်။သတင်းထွက်ပေါ်နေတာကြာပြီဖြစ်တဲ့ဘိုအင်းကုမ္ပဏီရဲ့အန်ဒရိုက်စနစ်သုံးဖုန်းတစ်မျိုးဟာမကြာမီထွက်ရှိတော့မယ်လို့ သိရပါတယ်။

ပိုင်ရှင်မဟုတ်တဲ့လူတစ်ယောက်ဝင်ရောက်အသုံးပြုမယ်ဆိုရင် ဒီစမတ်ဖုန်းဟာ သူ့အလိုလိုပျက်ဆီးနိုင်မယ့် စနစ်တစ်မျိုးကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ The Boeing Black(H8V-BLK1) လို့အမည်ရတဲ့ ဒီဟန်းစက်ရဲ့သတင်းဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီဟန်းစက်ကို SimCard နှစ်ကတ်အသုံးပြုနိုင်ပြီး GSM, WCDMA နဲ့ LTEကွန်ယက်တွေ ကိုထောက်ပံ့နိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် မိုက်ခရို SimCards ကို အသုံးပြုထားပြီး ဝိုင်ဖိုင်စနစ်၊ ဘလူးတုစနစ် ထောက်ပံ့ထားသလို USB နဲ့ HDMI အပေါက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အခြားသူတွေ မိမိနဲ့မသက်ဆိုင်ဘဲ ဝင်ရောက်မကြည့်ရှုနိုင်အောင်လည်း ဖုန်းခွံနားနဲ့ဝက်အူနားတစ်ဝိုက်မှာ eproxy ဆိုတဲ့စနစ်တစ်မျိုးကို ထည့်သွင်းထားပါတယ်။ Boeing ကုမ္ပဏီရဲ့ Black ဖုန်းကို အစိုးရဌာနတွေကိုအဓိကရောင်းချမှာဖြစ်ပြီးကုမ္ပဏီအနေနဲ့လည်းကာကွယ်ရေးနဲ့နိုင်ငံလုံခြုံရေးတို့ကိုအဓိကတာဝန်ယူထားတဲ့ ဌာနတွေနဲ့ စာချုပ်ချုပ်ဆိုထားတယ်လို့ သိရပါတယ်။ ဒီဖုန်းကို ဝယ်ယူမယ့်သူဟာ ဟာ့ဒ်ဝဲလ်၊ ဆော့ဖ်ဝဲလ်၊အက်ပလီကေးရှင်းနဲ့ ဟန်းစက်အစိတ်အပိုင်းတွေကို ပိုင်ဆိုင်တဲ့ ဘိုအင်းကုမ္ပဏီရဲ့သဘောတူညီချက်အတိုင်း လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ ဖုန်းကိုဖွင့်ပြီး နည်းပညာကို ပုံတူပွားလို့မရအောင် အခုလို သဘောတူ စာချုပ်ချုပ်ဆိုရမှာ ဖြစ်တယ်လို့ သိရပါသည်။

Ref:MRTV-4

28.2.2014 to 6.3.2014 အထိ ၇ ရက်သားသမီး ဟောစာတမ်း

Posted by drmyochit Saturday, March 01, 2014, under | No comments


တနင်္ဂနွေ

သင့်မှာ ရည်ရွယ်ချက် များနေပါသည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ မုချအောင်မြင်မည်။ ကံစမ်းသော လုပ်ငန်း ဤ တပတ်အတွင်း ရှောင်ပါ။ မရည်ရွယ်သော ခရီးများရောက်မည်။ ထိခိုက်ရှနာ မှု့များ ဖြစ်တတ်၍ ဆင်ခြင်ပါ။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်မည်။ ဆင်ခြင်ပါ။ ပညာရေးကံကောင်း နေသည်။ ကြိုးစားမှု့ ကောင်း၏။ အင်တာဗျုး ဖြေလျှင်အောင်မြင်မည်။ လူယုံမထားရ။ ချစ်သူ၏ အပြစ်တင်ခြင်းခံရမည်။ အိမ်ထောင်သည်များ ဖောက်ပြန်မည်။ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၀၊၅၊၄။

အထူးဟော - တကယ်လုပ်လျှင် အဟုတ်ဖြစ်မည်။

ယတြာ - တနင်္ဂနွေ နေ့ မနက်မှာ အိမ်ဘုရားကို အုန်းဆွမ်း နှင့် အကြော် (၆) ခုကပ်လှူပါ။



တနင်္လာ

ပြောတော့တစ်မျိုး လုပ်တော့ တစ်ခြား ဖြစ်နေရခြင်းတွေ ရှိမည်။ မရည်ရွယ်ဘဲ နှင့် ခရီးယာယီတွေ သွားရလိမ့်မည်။ ထင်တာထက် ပို၍ အောင်မြင်မှု့ ကြုံမည်။ ငွေရမည်။ လက်ဆောင်ရမည်။ အချစ်ရေး ကံကောင်းသည်။ အိမ်ထောင်ရေး ကံကောင်းသည်။ စာပေပညာထူးချွန် မှု့တွေရှိလာမည်။ စာမေးပွဲ ပါမည့်စာတွေ ဖတ်မိမည်။ အလုပ်ကိစ္စ အဆင်ပြေသွားမည်။ ကတိတစ်ခု လွယ်လွယ်မပေးနှင့်။ စကားပြောဆင်ခြင်ပါ။ ရင်းနှီးသူနှင့်စိတ်ဝမ်းကွဲတတ်သည်။ ရာထူးတိုး စာမေးပွဲအောင်မြင်မည်။

အကျိုးပေးဂဏန်း - ၂၊၄၊၃။

အထူးဟော - အောင်မြင်မည်။

ယတြာ - တနင်္လာနေ့တွင် တောင်အရပ်ကို ငါးအရှင် (၁၅) ကောင်လွှတ်ပေးပါ။

အင်္ဂါ

ရန်ညိုး ရန်စရှိသူက ချစ်ဟန်ဆောင်ပြီး လာပေါင်းလိမ့်မည်။ ဂရုစိုက်ပါ။ အလုပ်ကိစ္စ တွေ ပြီးမြောက်မည်။ နေရာဒေသ အိမ်ပြင် ၊ ပြောင်းလဲ ၊ ရောင်းဝယ်မှု့ တွေဖြစ်မည်။ ထီပေါက်ကိန်း မြင်သည်။ ၆စ ၊ ၁စ၊၂စ တွေထိုးပါ။ နောက်ပိတ်ကို ၈ ပိတ်ပါ။ ဘုမ္မိအရပ်ကြသော အနောက်အရပ် ခရီးရှောင်ပါ။ ကျန်းမာရေးမှာ ဝမ်း နှင့် ပတ်သက်၍ ဖြစ်တတ်ပါတယ်။ စက်ပစ္စည်း အဝယ်မှားနိုင်၍ ဆင်ခြင်ပါ။ မမျှော်လင့်ဘဲ ချစ်သူတွေ့မည်။ အချစ်ဟောင်း၏ ငြိုငြင်မှု့ အပြစ်ပြောခြင်းခံရမည်။

အကျိုးပေးဂဏန်း - ၅၊၃၊၇။

အထူးဟော - ဆင်ခြင်မှု့လေးတွေထားပါ။

ယတြာ - အင်္ဂါနေ့နံနက်တွင် အိမ်ဘုရားကို အောင်သပြေ(၁၉)ညွန့်ကပ်လှူပါ။

ဗုဒ္ဓဟူး

          သင်၏ ရည်မှန်းချက်တွေ တစ်ခုပြီး တစ်ခု အောင်မြင်နေမည်။ အချစ်ရေး နှင့် ပညာရေး တခုခုသာ ရွေးပေတော့။ မဆင်ခြင်ပါက အိမ်ထောင်ကျကိန်းရှိနေတယ်။ သူများမြှောက်လို့ လျှောက်လုပ်လျှင် သင်ဒုက္ခရောက်တတ်တယ်။ အပေါင်းအသင်း ဂရုစိုက်။ ညခရီး မထွက်နှင့်။ ငွေကြေး နှင့် ပစ္စည်းပျောက်တတ်တယ်။ စပ်တူထီ ထိုးလျှင် ပေါက်မည်။ သူများ ကိစ္စ တာဝန်မခံနှင့်။ သင်၏ တယူဿန် တဇွတ်ထိုးစိတ်ကို ယခု တပတ်အတွင်း ဆင်ခြင်လိုက်ပါ။ စက် ၊ ရွှေ ၊ ငွေ ဝင်ကိန်းရှိတယ်။ ရာထူးတက်ခြင်း၊ စာမေးပွဲအောင်မြင်ခြင်း တို့ မုချဖြစ်မည်။

အကျိုးပေးဂဏန်း - ၄၊၉၊၆။

အထူးဟော - ဆင်ခြင်မှု့လေးတွေထားပါ။

ယတြာ - ဗုဒ္ဓဟူးနေ့တွင် တန်ခိုးကြီးဘုရား၏ ရင်တော်ကို ရွှေသင်္ကန်းကပ်ပါ။

ကြာသပတေး

အတိုက်အခံ တွေ တစ်ခုပြီးတစ်ခု ကြုံနေမည်။ ကျော်လွှားနိုင်မည်။ ငွေကြေးရလိုက် မရလိုက်ဖြစ်နေမည်။ ငွေကြေးအခက်အခဲ ဤ တပတ်အတွင်း မရှိပါဘူး။ အဆင်ပြေလာပါလိမ့်မည်။ အချစ်ရေး တစ်ယောက်ပြီး တစ်ယောက်ပေါ်လာမည်။ ဆင်ခြင်နိုင်၍ အိမ်ထောင်မပြုဖြစ်ပါဘူး။ ကိုယ့်ထက် ကြီးသူ အမေ ၊ အဒေါ် ကျန်းမာရေး ဂရုစိုက်ပါ။ ချူချာနိုင်တယ်။ ပညာရေး မုချ အောင်မြင်မည်။ ငွေလိမ်ခံရကိန်း ရှိ​၍ ငွေပေးမချေးရ။ အလုပ်တွေ အားလုံး အဆင်ပြေမည်။ အိမ်ပြောင်း ၊ အိမ်ပြင် ၊ မြေရောင်း ၊ မြေဝယ်ဖြစ်မည်။

အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၇။

အထူးဟော - သင်ကံကောင်းသည်။

ယတြာ - ကြာသပတေးနေ့ နံနက် တွင် အနောက်အရပ်က လမ်းပေါ် ပိုက်ဆံ ၁၀၀ ကျပ် ပံ့သကူပြုပါ။

သောကြာ

ကံဇာတာကောင်းလာပြီ။ အားလုံးလိုလို လန်းဆန်းမည်။ လူချစ်လူခင် ပိုများမည်။ ပညာရေးတွေ အောင်မြင်မည်။ ရာထူးတက်စာမေးပွဲဖြေပါက အောင်မြင်မည်။ အချစ်ရေးမှာ အဟောင်းပို ပစ်ပြီး ချစ်သူကောင်းနှင့်တွေ့မည်။ ယခင်ချစ်သူ ကို မိဘတို့ သဘောမတူသော်လည်း ယခု ချစ်သူ အသစ်ကို သဘောတူ ကြည်ဖြူလိမ့်မည်။ လမ်းခရီး အသစ်တွေ ရောက်မည်။ စီးပွား ဝင်ငွေ ကောင်းမည်။ စက်ပစ္စည်း ဝင်လာမည်။ ဘုမ္မိ အရပ်ဖြစ်သော အရှေ့တောင် အရပ် ခရီးရှောင်ပါ။

အကျိုးပေးဂဏန်း - ၆၊၈၊၁။

အထူးဟော - သင်ကံကောင်းပါပြီ။

ယတြာ - သောကြာနေ့ တွင် အိမ်ဘုရားကို သစ်သီး (၆) မျိုး ကပ်လှူပါ။

စနေ

ရည်ရွယ်ချက် တွေ တစ်ခုပြီး တစ်ခု ပေါ်သော်လည်း အမှန်တကယ်မလုပ်နိုင်ဖြစ်နေမည်။ လုပ်ဖြစ်လျှင် လည်း မုချ အောင်မြင်မည်။ ကြိုးစားမှု့တွေ တဆင့်ပြီး တဆင့်တိုးတက်လာသည် နှင့် အမျှ အောင်မြင်မှု့တွေဖြစ်လာမည်။ ခရီးဝေးတွေရောက်မည်။ ကျန်းမာရေး တွေကောင်းသည်။ ခြေ ၊ လက် အဖျားပိုင်းများ အနာရ တတ်၍ ဆင်ခြင်ပါ။ စက် ၊ ယာဉ် ၊ မြေ တို့ တစ်ခုခု မုချဝင်မည်။ အကြီးအကဲ တို့က ကူညီမှု့ရမည်။ စီးပွားရေး ကောင်းမည်။ လုပ်ဆောင်မှု့ အားလုံး အဆင်ပြေမည်။ ထီထိုးပါ။ မုချပေါက်လိမ့်မည်။ ဘုမ္မိကျသော မြောက်အရက် ခရီးရှောင်ပါ။ အချစ်ရေး ၊ အိမ်ထောင်ရေး ကောင်း၏။ မိတ်ဆွေ အပေါင်းအသင်း အကူအညီရမည်။ အဝေးမှ လက်ဆောင်ရမည်။

အကျိုးပေးဂဏန်း - ၇၊၂၊၀။

အထူးဟော - ထူးချွန်စွာအောင်မြင်မည်။

ယတြာ - စနေနေ့ နံနက်တွင် ဂြိုလ်ပြေနံပြေ စနေနံဘုရားကို ရေအေး ရေသက်စေ့ ရေသပ္ပါယ်ပါ။

BY ဒေါက်တာထွန်းလင်း - ဘုတလင်
From: မြစ်မခမီဒီယာဂရု

တူရကီတွင် ဗလီဆရာနှစ်ဦးမှ ၎င်းတို့၏ နှမအရင်းခေါက်ခေါက်အား မုဒိမ်းကျင့်

Posted by drmyochit Saturday, March 01, 2014, under | No comments


တူရကီအရှေ့ပိုင်း၊ ကားစ်စီးတီး အနီးရှိ ရွာတစ်ရွာမှ ဗလီဆရာညီအစ်ကိုနှစ်ယောက်သည် ၎င်းတို့၏ နှမအရင်းခေါက်ခေါက်ဖြစ်သူကို အကွက်ချ၍ အစီအစဉ်တကျ မုဒိမ်းကျင့်ခဲ့ကြပြီး နှမလေးဖြစ်သူ ကိုယ်ဝန်ရှိလာစဉ်တွင်လည်း အစ်ကိုကြီးဖြစ်သူမှ ၎င်းကိုယ်ဝန်ကို အတင်းအဓမ္မ ဖျက်ချခိုင်းခဲ့မှုများကြောင့် တူရကီရဲမှ ၎င်းဗလီဆရာနှစ်ယောက်ကို ဖမ်းဆီးလိုက်သည်။

ယာကူတီယေရွာလေးမှ အသက် ၂၁ နှစ်အရွယ် HB က သူမအား အစ်ကိုဖြစ်သူ MB မှ ပြီးခဲ့သည့် သောကြာနေ့က မုဒိမ်းကျင့်ခဲ့ကြောင်း၊ ထို့ပြင် သူမ၏ အစ်ကိုတစ်ဦးဖြစ်သူ AB မှလည်း ၎င်းနှင့်အတူ နေထိုင်စဉ်အတွင်း အကွက်ကျကျစီစဉ်ကာ သူမကို မုဒိမ်းကျင့်ခဲ့ကြောင်း ရဲအား တိုင်ကြားခဲ့သည်။ လွန်ခဲ့သော ခုနစ်နှစ်က အမေဖြစ်သူ နှင့် ပြီးခဲ့သည့်နှစ်က အဖေဖြစ်သူ ဆုံးပါးသွားခဲ့၍ အစ်ကိုများနှင့် ကျန်ရစ်ခဲ့သော မိန်းမပျိုက ထိုသို့ညိစွန်းခဲ့မှုများကြောင့် သူမသည် သူမ၏ အစ်ကိုနှစ်ဦးအနက်မှ တစ်ဦးဦးနှင့် ကိုယ်ဝန်ရရှိခဲ့ကြောင်း၊ သို့သော် သူမ၏ အစ်ကိုနှစ်ဦးမှာ ဗလီဆရာများ ဖြစ်ကြပြီး ရပ်ရွာဘာသာရေးကိစ္စများတွင် ဦးဆောင်ဦးရွက်ပြုသူများ ဖြစ်သဖြင့် ၎င်းတို့၏ စကားကို မပယ်ရှားဝံ့ပဲ ကိုယ်ဝန်အား ဖျက်ချခဲ့ရကြောင်းတို့ကိုလည်း အခိုင်အမာ ပြောကြားခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံရပြီးသည့်နောက် အစ်ကိုတစ်ဦးဖြစ်သူ AB က ၎င်းအမှုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ထိုသို့ကျူးလွန်ရခြင်းမှာ ၎င်းရပ်တည်နေသော အနေအထား၏ ဖိအားကို မတွန်းလှန်နိုင် ၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အခြားအစ်ကိုတစ်ဦးဖြစ်သူ MB မှ ၎င်းမှ ယင်းပြစ်မှုကျူးလွန်ခဲ့သည့်အတွက် နှမဖြစ်သူကို ငွေကြေးတစ်စုံတစ်ရာ ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဗလီဆရာ နှစ်ယောက်ကို လက်ရှိအချိန်၌ ထိန်းသိမ်းထားသည်။

Friday, February 28, 2014

ချင်းမျိုးနွယ်စုကနေ ပယ်ဖျက်ပေးရန် နာဂလူမျိုးများ တောင်းဆို

Posted by drmyochit Friday, February 28, 2014, under | No comments


နာဂလူမျိုးဟာ သီးခြားလူမျိုးဖြစ်တဲ့အတွက် အစိုးရအနေနဲ့ သီးခြားမျိုးနွယ် အဖြစ်သတ်မှတ် ထုတ်ပြန်ပေး ဖို့နဲ့ ၂၀၁၄ သန်းခေါင်စာရင်းမှာ နာဂလူမျိုးကို ချင်မျိုးနွယ်စုထဲ ထည့်သွင်း ထားတာကနေ ပယ်ဖျက်ပေးဖို့ နာဂ လူမျိုးတွေ က တောင်းဆိုလိုက်ပါတယ်။

“ကျနော်တို့ သမိုင်းအစဉ်အဆက်အရ နာဂ လူမျိုးဟာ သူ့ရဲ့ ထူးခြားတဲ့ ၀ိသေသလက္ခဏာတွေနဲ့ ရှိလာ ခဲ့တဲ့ လူမျိုးဖြစ်တဲ့ အားလျော်စွာ ကျနော်တို့က သန်းခေါင်စာရင်းကောက်ခံမှုမှာ အစိုးရက အသုံးပြုမယ့် ကုတ်စနစ်ကို ပြန်ကြည့်တဲ့အခါမှာ သူက ချင်းမျိုးနွယ်စုအောက်မှာ ထည့်သွင်း ကောက်ခံသွားမှာ ကျနော် မြင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ နာဂ လူမျိုးဟာ သီးခြားမျိုးနွယ်စု ဖြစ်တဲ့ အားလျော်စွာ သီးခြား မျိုးနွယ်စု အနေနဲ့ အစိုးရက ထုတ်ပြန်ပေးဖို့ရယ်။ နောက်တချက်က ကုတ်စနစ်ကို အခြေခံပြီး ကောက်ခံမယ့် သန်းခေါင်စာရင်းထဲမှာ နာဂကို စာရင်းထဲမှာ ထည့်သွင်းကောက်ခံမယ့် အရာကို ပယ်ဖျက်ပေးဖို့ တောင်းဆိုနေခြင်း ဖြစ်တယ်။”

နာဂလူမျိုးဟာ သီခြားလူမျိုးတမျိုးဖြစ်ပြီး မျိုးနွယ်စုကြီး ၇ မျိုးနဲ့ မျိုးနွယ်စုငယ် ၁၀၀ ကျော်ရှိတယ်လို့ လည်း သူက ပြောပါတယ်။

ဒီမျိုးနွယ်စုတွေကို လာမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုမှာ ထည့်သွင်းထားခြင်းမရှိဘဲ နာဂမျိုးနွယ်စုထဲက တန်ကွန်နဲ့ သူ့ရဲ့ အောက်မှာရှိတဲ့ မရိင်နဲ့ အနန်တဲ့ မျိုးနွယ်စုတွေကို ချင်းလူမျိုးအောက်မှာ သီးခြားကုတ် နံပါတ်နဲ့ ဖော်ပြခံထားရတယ်လို့ ဦးနော်အောင်ဆန်းက ပြောပါတယ်။

“နာဂမှာ မျိုးနွယ်စုအငယ် ၁၀၀ ကျော်ရှိပါတယ်။ သို့သော်လည်းပဲ အဓိက အုပ်စုကြီးအနေနဲ့ ၇ မျိုးရှိပါတယ်။ အခု ဒီ ၇ မျိုးက လက်ရှိ ကောက်ခံမယ့် စာရင်းထဲမှာ မပါဝင်ပါဘူး။ အဲဒီမှာ နာဂ မျိုးနွယ်စုကြီးဖြစ်တဲ့ တန်ကွန် လို့ခေါ်တဲ့ မျိုးနွယ်စုကိုတော့ ထည့်သွားထားတာ တွေ့ရတယ်။ တန်ကွန်ရဲ့ အောက်မှာ ရှိတဲ့ မလင်နဲ့ အနန် ဆိုတဲ့ မျိုးနွယ်စုတွေကို နာဂ ရဲ့ မျိုးနွယ်စုက ခွဲထွက်ပြီးတော့ သီးသန့် ကုဒ်နံပတ်တွေ ပြန်ဖော်ပြထားတယ်။ ဒီလို ဖော်ပြတဲ့အခါမှာ အပိုင်း ၂ ပိုင်း ရှိတယ်။ နံပတ် ၁ က နာဂ ကို ချင်းထဲမှာ ထည့်ထားတဲ့အပြင် နာဂ အောက်ထဲမှာ ရှိတဲ့ မျိုးနွယ်စုတွေကိုပါ ထပ်ပြီးတော့ ချင်းမျိုးနွယ်စုထဲမှာ ပြန်ပြီး ထည့်သွင်းဖော်ပြခြင်းကို ခံထားရပါတယ်။ ဘယ်လိုမျိုးတောင်းဆိုချင်လဲဆိုတော့ သန်းခေါင်စာရင်းကောက်ယူပြီးတဲ့ နောက်ပိုင်းမှာ ကုဒ်စနစ်ကို အခြေမခံပဲနဲ့ နာဂဟာ သီးခြားလူမျိုးဖြစ်တယ်ဆိုတာ နိုင်ငံတော်က အသိအမှတ်ပြုပြီးတော့ သီးခြားမျိုးနွယ်အနေနဲ့ ဖော်ပြပေးဖို့ ဖြစ်ပါတယ်။”

နာဂလူမျိုးဟာ ချင်းမျိုးနွယ်စုမဟုတ်ဘူးလို့ ပြောဆိုတဲ့အပေါ် ချင်းလူမျိုးရဲ့သဘောထားကို မေးမြန်းရာမှာတော့ ချင်းအမျိုးသား အထောက်အကူပြု ကော်မတီရဲ့ ညှိနှိုင်းရေးမှူး ဆလိုင်း အိုက်ဇက်ခင်က အခုလို ဖြေပါတယ်။

“ပထ၀ီအနေအထားရသော်လည်းကောင်း၊ ကျနော်တို့ရဲ့ ကိုးကွယ် ယုံကြည်မှုအရသော် လည်းကောင်း၊ နောက်ပြီးတော့ ကျနော်တို့ရဲ့ နေပုံထိုင်ပုံ ယဉ်ကျေးမှု နောက်ခံ အရသော် လည်းကောင်း တော်တော်လေးနီးစပ်တဲ့အခါကျတော့ တချို့က ချင်းနဲ့ နာဂ အတူတူပဲလို့ ထင်ကြတာတွေ ရှိတယ်။ အရင်တုန်းက တောက်လျှောက် ချင်းနဲ့ နာဂ ပေါင်းထားတဲ့ အတွက်ကြောင့်မို့လို့ ချင်းနဲ့ နာဂ က တူတယ်လို့ ထင်မြင်ယူဆတဲ့ အနေအထား ရှိပါလိမ့်မယ်။ သို့သော် ကျနော်တို့ ယနေ့ ခေါင်းဆောင်ပိုင်းအနေနဲ့ကတော့ နာဂသည် နာဂပဲ ချင်းက ချင်းပဲလို့ အဲဒီလို လက်ခံထားပါတယ်။ အဲဒီလို လက်ခံထားတဲ့အတွက်ကြောင့်မို့လို့လည်း နိုင်ငံတော် သမ္မတကြီးဆီကို သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး တင်ပြတဲ့စာထဲမှာလည်း နာဂဟာ ချင်းမျိုးနွယ်စု မဟုတ်ဘူးဆိုတာကို ဖော်ပြထားပြီးသား ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ အစိုးရက အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုး သတ်မှတ်ချက်ကို ပြင်ဆင်ပေးဖို့ တိုင်းရင်းသားအဖွဲ့တွေရဲ့ တောင်းဆိုချက်ကို ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူအပြီးမှာ ညှိနှိုင်းဆောင်ရွက်ဖို့ အစိုးရ ဗဟိုသန်းခေါင်စာရင်းကော်မတီနဲ့ တိုင်းရင်း သားတွေအကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆွေးနွေး သဘောတူညီမှု ရခဲ့ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဒီကနေ့ထုတ်ပြန်တဲ့ ဗဟိုသန်းခေါင်စာရင်း ကော်မတီရဲ့ကြေညာ ချက်မှာတော့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး သတ်မှတ်ချက်ဟာ အမှန်လို့ တရားသေ ဆုပ်ကိုင် ထားခြင်း မဟုတ်ဘဲ သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းစဉ် အပြီးမှာ တိုင်းရင်းသားတွေရဲ့ အကြံပြုချက်တွေကိုယူပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

DVB Burmese

နွေရာသီအတွက် အရောင်လွင်တာလေးတွေ ရွေးဝတ်မယ်လို့ ပြောလိုက်တဲ့ ဆုမြတ်နိုးဦး

Posted by drmyochit Friday, February 28, 2014, under | No comments

   
မတ်လကိုရောက်တော့မယ်ဆိုရင်ပဲ နွေရဲ့အပူကို မသိမသာ ခံစားလာကြရပြီလေ။ အပူဒဏ်ကို ကြံ့ကြံ့ခံပြီး မီးထိုးမှန်ထိုးတွေကြား ကိုယ်ချစ်တဲ့အနုပညာကို ပုံဖော်ကြရတဲ့ အနုပညာရှင်တွေထဲက ခုနောက်ပိုင်းအနုပညာခြေလှမ်းစိပ်လာတဲ့ ဆုမြတ်နိုးဦးကို ဒီနှစ်နွေရာသီမှာ သူမဘယ်မှာရှိမယ်၊ သူမရဲ့ဖက်ရှင်နဲ့ အသားအရေထိန်းသိမ်းမှုပုံစံအကြောင်းတွေ မေးကြည့်လိုက်တဲ့အခါ ‘ဒီနှစ်နွေရာသီမှာတော့ မြတ်နိုး လာမဲ့၁၀ရက်နေ့မှာ အင်းလေးကို တစ်ရက်သွားရိုက်ရမယ်။ သွားလည်တဲ့အခန်းပေါ့။ အဲဒီအခန်းရိုက်ပြီးလို့အလုပ်မရှိဘူးဆိုရင် ဟိုမှာနဲနဲလည်ပတ်ပြီးမှ ပြန်လာဖြစ်မှာပါ။ နွေရာသီဖက်ရှင်ကတော့ အရင်တိုင်းပါပဲ။ တီရှပ်နဲ့ဂျင်းဘောင်းဘီပေါ့။ မြတ်နိုးက သိပ်အရောင်မရွေးဘူး။ အစိမ်းရောင်တို့အဖြူရောင်တို့အနက်ရောင်တို့ပေါ့။ ဒါပေမယ့် အနက်ကကျတော့ နွေရာသီမှာဝတ်လို့သိပ်မသင့်တော်ဘူးပေါ့။ အရောင်လွင်တဲ့ဟာလေးတွေတော့ ရွေးဝတ်ဖြစ်မယ်ထင်ပါတယ်။ အပြင်သွားရင်တော့ မပါမဖြစ်ပါတဲ့ပစ္စည်းဆိုရင် ဖုန်း၊ ဦးထုပ်၊ထီးတို့ဆောင်ဖြစ်ပါတယ်။ အလှအပအတွက်က သီးသန့်ကြီး မလုပ်ဖြစ်ဘူး။  spa တွေဘာတွေလည်း သိပ်မသွားဖြစ်ဘူး။ ကျန်တာကတော့လိုးရှင်းပုံမှန်လိမ်းတာလောက်ပါပဲ’လို့ သူမက ပြောပြခဲ့ပါတယ်။

From: Trend Myanmar

အာရပ်မင်းသားတစ်ပါးက ညနေစာအတူစားဖို့  ပေါင်တစ်သန်းပေး ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တဲ့ နာမည်ကြီး ဂျာမန်စူပါမော်ဒယ် ကလောက်ဒီယာရှစ်ဖာ

Posted by drmyochit Friday, February 28, 2014, under | No comments

 
စူပါမော်ဒယ် ကလောက်ဒီယာရှစ်ဖာ ဟာ ညနေစာအတူစားဖို့ အာရပ်မင်းသားတစ်ပါးက ပေါင်တစ်သန်းနဲ့  ဌားရမ်းခဲ့မှုကို သူမ ငြင်းဆန်ခဲ့တဲ့အကြောင်း ဖွင့်ဟလိုက်ပါတယ်။

ဂျာမန်လူမျိုး အလှဘုရင်မ က သူမဟာ အခုလို မော်ဒယ်လောကရဲ့ ဘုရင်မတစ်ဆူဖြစ်ပြီး ကမ္ဘာပေါ်မှာ ဓာတ်ပုံအရိုက်ခံရဆုံး မိန်းမသားတစ်ဦးဖြစ်နေရတဲ့အတွက် သူမကို မရေမတွက်နိုင်တဲ့ ထူးထူးဆန်းဆန်း ကမ်းလှမ်းမှုတွေ ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

“ ကျွန်မ ထူးထူးဆန်းဆန်းကမ်းလှမ်းမှုတွေ အများကြီးကြုံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီ့အာရပ်မင်းသား ကိစ္စကတော့ အထူးဆန်းဆုံးပါပဲ။ ကျွန်မနဲ့ ညနေစာအတူစားဖို့ အတွက် ပေါင်တစ်သန်းနဲ့ ဌားရမ်းနိုင်မလား လို့  သူမေးတယ်လေ။ ကျွန်မကတော့ ငြင်းလိုက်တယ်။ ဒါနဲ့ ပဲ တခြား စူပါမော်ဒယ်တွေ အဲ့အခွင့်အရေးကို အမိဖမ်းသွားခဲ့တယ်” လို့ သူမက ပြန်ပြောကြားခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကလောက်ဒီယာ တစ်ယောက်တည်း အခုလို အဖြစ်မျိုး ကြုံခဲ့ရတာမဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ်တုန်းကလည်း ပေါ့စ်စတား မိုင်လင်းကလတ်စ် ကို ဟောလီးဝုဒ် ထိပ်တန်းတစ်ဦးက နေ့ လည်စာအတူစားဖို့ အခုလို ကမ်းလှမ်းခံရဖူးပြီး မင်းသမီး Stephanie Beacham ကလည်း ၂၀၁၀ ခုနှစ် Big Brother တီဗွီအစီအစဉ်မှာ လူစိမ်းတစ်ယောက်က လိင်ဆက်ဆံဖို့ ပေါင် လေးသောင်းနဲ့ ကမ်းလှမ်းခံခဲ့ရဖူးကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

Ref: Mirror
Trend Myanmar

ရေထဲကျသော ဖုန်းကို ပြန်ကယ်ဖို့

Posted by drmyochit Friday, February 28, 2014, under | No comments


ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲ ကျသွားရင် ဘာလုပ်ရမလဲ ဆိုတာ သိထားဖို့လိုအပ်ပါတယ်။

အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။ ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့ သူတွေတောင် ကြံဖူးပါတယ်။

ပါဝင်မဖွင့်ရ

အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲ စိုစို ပါဝါ လုံးဝ မဖွင့်မိဖို့ အရေးကြီးပါတယ်။

ဖြုတ်နိုင်သမျှဖြုတ်

ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။

ရေငွေ့မြန်မြန်ပြန်

ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။ နေရဲ့  အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့် ရေငွေ့ အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါ တယ်။

ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာ အလိုက်၊ ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက် အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။

အထက်ပါ ပြီးလို့ ဖုန်းရဲ့  ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ်ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာ ပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။

ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touch အလုပ်မလုပ်တော့တာမျိုးတို့ ဖြစ်တတ် လို့ ဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့  ရေစိုဖုန်းများ မြန်မြန်အသက်ပြန်ရှင်နိုင်ပါတယ်။ သို့တည်းမဟုတ် အပြင်မှာ သွားရင်း လာရင်း ဖြစ်တယ် ဆိုရင်လည်း အိမ်မှာ ရှိတဲ့ facility များလို အနီးစပ်ဆုံး နည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ကိုယ်ဖြစ်တဲ့ နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင် အဆင်ပြေပါသေးတယ်။

သို့ပေမယ့် ဖုန်းများ ရေထဲ မကျအောင်၊ ရေမစိုအောင် ထားဖို့ကတော့ စာဖတ်သူတို့ တာဝန်သာ ဖြစ်ပါတယ်။

အောင်ခမ်း (www.smart.com.mm)

Ref;Smart Pro Journal

ဇနီးဖြစ်သူကို သတ်ရန်ကြံစည်မှုဖြင့် ရော့ခ်အဆိုတော် လမ်ဘီဆစ် ထောင်ကိုးနှစ်ကျ

Posted by drmyochit Friday, February 28, 2014, under | No comments


လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂၆

နာမည်ကျော် ရော့ခ်တေးဂီတအဖွဲ့ As I Lay Dying ရဲ့အဆိုတော် တင်မ်လမ်ဘီဆစ်ဟာ ကြေးစား လူသတ်သမား ငှားရမ်းပြီး ဇနီးဖြစ်သူကို သတ်ရန်ကြံစည်မှုနဲ့ ထောင်ဒဏ်ကိုးနှစ် ချမှတ်ခံလိုက်ရတယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

လမ်ဘီဆစ်ဟာ အစောပိုင်းတုန်းက အစိုးရရှေ့နေရဲ့ စွဲဆိုချက်တွေကို ငြင်းဆန် ခဲ့သေးပေမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ တရားရုံးမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ကာ ပြစ်ဒဏ် လျှော့ပေါ့ပေးဖို့ အသနားခံခဲ့ပြီးတဲ့ နောက်မှာတော့ တရားရုံးကသူ့ကို ထောင်ဒဏ်ကိုးနှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

လမ်ဘီဆစ်ဟာ ကြေးစား လူသတ်သမားဟန် အသွင်ယူထားတဲ့ ရဲဝန်ထမ်းတစ်ဦးကို သူ့မိန်းမကို သတ်ပေးဖို့အတွက် သွားရောက် ငှားရမ်းမိတဲ့အတွက် ပြီးခဲ့တဲ့ နှစ်မေလထဲမှ စတင်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ် ရှိပြီဖြစ်တဲ့ လမ်ဘီဆစ်ဟာ လူသတ်မှု ကျူးလွန်ရန် ဆွဲဆောင် စည်းရုံးမှု၊ ရာဇဝတ်မှု ကျူးလွန်ရန် ကြံစည်မှုတို့နဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ပြစ်ဒဏ်ကို လာမယ့် မေလ ၂ ရက်နေ့မှာ စတင်ကျခံရမှာ ဖြစ်ပါတယ်။

လမ်ဘီဆစ် အဖမ်းမခံရမီက သူ့ရဲ့ဇနီးဖြစ်သူက လမ်ဘီဆစ်ဟာ အိမ်ထောင်ဖက် အပေါ်မှာထက် ခန္ဓာကိုယ် ကြွက်သားတွေ လှပဖို့ လေ့ကျင့်တဲ့နေရာမှာ ပိုပြီးစိတ်ဝင်စားနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထားခဲ့ဖူးပါတယ်။

လန်ဘီဆစ် အဖမ်းခံခဲ့ရတဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ As I Lay Dying အဖွဲ့ဟာလည်း ကျင်းပဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းခဲ့ရတဲ့အပြင် အခြားအနုပညာ လှုပ်ရှားမှုတွေကိုလည်း ရပ်ဆိုင်းထားခဲ့ရပါတယ်။

The Voice Weekly

ပိုချစ်တင်းနှောရင် ဉာဏ်ရွှင်ထက်မြက်ရခြင်း အကြောင်းရင်း

Posted by drmyochit Friday, February 28, 2014, under | No comments

နောက်တစ်ခါဆို သင့်ရဲ့ ကြင်ဖက်က ချစ်တင်းနှောဖို့ စိတ်မပါဘူးလို့ ပြောလာခဲ့ရင် “ဒါမင်းထင်သလိုမ ဟုတ်ဘူး၊ ဉာဏ်ပိုရွှင်စေတာ။” ဆိုပြီး ဒီအကြောင်းလေး ကို ရှင်းပြနိုင် တာပေါ့။

ပရိယာယ်များတယ်လို့ ထင်ရပေမဲ့၊ ချစ်တင်းနှော တာဟာ ပိုပြီး ဉာဏ်ရွှင် ထက်မြက် လာစေတယ်လို့ စိတ်ပညာရှင်တွေက ဆိုထားပါတယ်။

အရင့်အရင် သုတေသနရပ်တွေအရလည်း ချစ်တင်းနှောရင် စိတ်ဖိစီးမှုလျော့ရုံသာမက ကယ်လိုရီတွေကိုပါ လောင်ကျွမ်းစေတယ်ဆိုတာကို သိနှင့်ပြီးဖြစ်ကြပါတယ်။

ခုနောက်ဆုံးလုပ်ခဲ့တဲ့ သုတေသနရပ်မှာ ကြွက်တွေနဲ့ စမ်းသပ်ခဲ့ပါတယ်။ ရေရှည်မှတ်ဉာဏ် ဖွဲ့စည်းမှုဆိုင်ရာ ဦးနှောက်နေရာဖြစ်တဲ့ hippocampus ထဲက ဦးနှောက်ဆဲလ်တွေဖြစ်ထွန်းလာမှုဟာ ချစ်တင်းနှောတဲ့အခါ ပွားများလာပါတယ်။

ချစ်တင်းနှောမှုကို ရပ်ဆိုင်းထားပေးတဲ့ ကြွက်တွေမှာတော့ ဉာဏ်ရည်ကျဆင်းလာတာကို တွေ့ရတယ်လို့ မေရီလန်းဒ် တက္ကသိုလ်က စိတ်ပညာရှင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ချစ်တင်းနှောတဲ့ လှုပ်ရှားမှု တက်လာခဲ့ရင် ဦးနှောက်ဆဲလ်တွေဆီ အောက်စီဂျင်လွှမ်းသွားစေတာကိုလည်း သူတို့က သတိပြုမိပါတယ်။ ဦးနှောက်ဆဲလ် (Neurons) တွေဟာ အာရုံကြောအဖွဲ့အစည်း ဖြစ်လာဖို့အတွက် အခြေခံ တည်ဆောက်ရေးအတုံးလေးတွေပါ။

တောင်ကိုရီးယား၊ Konkuk တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်ကလည်း အခုသုတေသနရှာဖွေတွေ့ရှိချက်တွေကို ထောက်ပံ့ပေးထားပါတယ်။ ကိုရီးယား လေ့လာမှုအရ ချစ်တင်းနှောတာဟာ ဉာဏ်ရည်ပိုင်း လုပ်ဆောင်ချက်တွေကို တိုးမြင့်စေတယ်လို့ သိရပါတယ်။

Ref:dailymail.co.uk
Trend Myanmar

သူတို့၏ လတ်တလော အနုပညာ လှုပ်ရှားမှုများ

Posted by drmyochit Friday, February 28, 2014, under | No comments


ဝတ်မှုံရွှေရည်

သမီးကတော့ အခု လတ်တလောမှာ ဒါရိုက်တာ ကိုပေါက်၊ မင်းသား ဇေရဲထက်နဲ့ ''အသက်သွင်း လိပ်ပြာ လေး၏ ရာဇဝင်''ဆိုတဲ့ကားလေး ရိုက်နေပါတယ်။ ကာရိုက်တာကတော့ ပထမပိုင်းမှာ အရမ်းခေတ်ဆန် တဲ့ ကောင်မလေး ပုံနဲ့ နောက်ပိုင်းမှာ ရိုးရိုးလေး ဖြစ်သွားတာပေါ့။ အဲလိုမျိုးလေးပါပဲ။ သမီးရဲ့ ပရိသတ်ကြီး အ တွက် အရာအားလုံးကို အကောင်းဆုံး ကြိုးစားသွားမှာပါ။

ရတနာမိုင်

မိုင်လေး အခုတလော နယ်မှာသီချင်းတွေ သွားဆိုဖြစ်တယ်။ အခုတော့ သင်္ကြန်အခွေလေး လုပ်နေတယ် ။ မတ်လမှာ CD ထွက်ဖို့ ပြင်ဆင်နေပါတယ်။ နာမည်ကိုတော့ Hello Music လို့ပေးထားတယ်။ ယုန်လေး၊ ကျော် ထွဋ်ဆွေ၊ ဆိုတေး၊ ကောင်းဆက်၊ ရတနာမိုင်၊ စန္ဒီမြင့်လွင်၊ မိစန္ဒီ၊ နန်းသူဇာနဲ့ ဆူဇီ တို့ ပါဝင် သီဆို ထားပါတယ်။ လက်တလော အနုပညာ လှုပ်ရှားမှုကတော့ အဲဒီအခွေလေးနဲ့ နယ်ရှိုးတွေ ဆိုဖြစ်နေပါ တယ်။

သက်သခင်

ညီမကတော့ အခုလတ်တလော ဓာတ်ပုံတွေ ရိုက်ဖြစ်နေပါတယ်။ ကားရိုက်တာကတော့ နည်းနည်းကျဲတယ် လေ။ အိမ်က အဖေကလည်း သဘောမတူလို့ပါ။ ဒါပေမဲ့ ညီမရဲ့ ပရိသတ်ကြီးအတွက် အကောင်းဆုံး ကြိုး စား သွားမှာ ပါ။

မြ၀တီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်