Sunday, July 01, 2012

အာဇာနည်နေ

Posted by drmyochit Sunday, July 01, 2012, under | No comments

အာဇာနည်နေ့မှာ ကျဆုံးလေပြီးသော အမျိုးသား ခေါင်းဆောင်ကြီးများကို အခုလို အလေးပြုဖို့ စိတ်ကူးထားပါတယ်
(က) အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ ဇူလိုင် ၁၉ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲသံနဲ့တူတဲ့ ဖုန်းမြည်သံ နှိုးစက် ပေးထားမယ်။
(ခ) ခေတ်အဆက်ဆက် ကျော်ကြားခဲ့တဲ့ အမျိုးသားတေးသီချင်းတွေ အကျယ်ကြီး ဖွင့်ထားမယ်
(ဂ) ဗိုလ်ချုပ်အောင်ဆန်းပုံကို အကြီးကြီး ပုံနှိပ်ထုတ်ပြီး ဧည့်ခန်းမှာ ချိတ်ထားမယ်
(ဃ) မနက်စောစောထပြီး ဥပုသ်စောင့်မယ် ဘုရားကို ပန်းရေချမ်း ဆီမီးကပ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေကို အမျှအတန်း ပေးဝေမယ်
(င) မိတ်ဆွေ သူငယ်ချင်းတွေကို ဖုန်း အင်တာနက် တို့ကတစ်ဆင့် အာဇာနည် ခေါင်းဆောင်ကြီးတွေကို အလေးပြုဖို့ သတိပေးမယ်
(စ) ဗိုလ်ချုပ်ပြောခဲ့တဲ့ မိန့်ခွန်းတွေကို အလွမ်းပြေ ဗဟုသုတ နဲ့ အတုယူနိုင်ဖို့ နားထောင်မယ်
ဒါက အခု စိတ်ကူးမိသလောက်ပါ သူငယ်ချင်းများလည်း ကိုယ့်အိမ်မှာကိုယ် အလေးပြုချင် ပြုနိုင်ကြဖို့ပါ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်