Sunday, August 26, 2012

မဇ္ဈိမ ဝက်ဆိုဒ်များ Cyber Attack ပြုလုပ်ခြင်းခံနေရ (အထူးသတင်း)

Posted by drmyochit Sunday, August 26, 2012, under | No comments



 
အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ရေးသား တင်ပြထားသည့် မဇ္ဈိမ သတင်းဌာန၏ အင်တာနက် စာမျက်နှာများ သောကြာ နေ့မှစ၍ DDoS တိုက်ခိုက်မှုခံနေရသည်။ “မဇ္ဈိမဝက်ဘ်ဆိုက်သည် DDoS တိုက်ခိုက်မှု ခံနေရပါသည်။ ဘာကြောင့် တိုက်ခိုက်သည်ကိုတော့ အယ်ဒီတာ အဖွဲ့အနေဖြင့် တိတိကျကျ အတည်မပြု နိုင်သေးပါ။” ဟု ထုတ်ပြန်ချက်အတွင်း ပါရှိသည်။ ယင်းအပြင် “မဇ္ဈိမအနေဖြင့် မကြာသေးမီသော ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ် အတွင်းဖြစ်ပွား ခဲ့သည့် ပဋိပက္ခသတင်း ဖော်ပြမှုနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုအချို့ ခံခဲ့ရပါသည်။” ဟုလည်းကြေညာ ချက်အတွင်း ဖေါ်ပြထားသည်။
သောကြာနေ့ ညနေပိုင်းမှ စတင်ခဲ့သော DDoS တိုက်ခိုက်မှုကြောင့် မဇ္ဈိမ၏ အင်တာနက် စာမျက်နှာများ ဖွင့်၍ မရတချက် ရတချက် ဖြစ်နေခဲ့ပြီး စနေနေ့တွင် မြန်မာနိုင်ငံတွင်းအပါအ၀င် အချို့နေရာများတွင် လုံးဝ ဖွင့်မရ တော့သည်ကို တွေ့ရှိရသည်။ DDoS ဟူခေါ်သည့် Distributed Denial of Services attack သည် ဆာဗာပေါင်း များစွာမှ မဇ္ဈိမဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုမှု များပြားစွာ ဖြစ်လေဟန် တချိန်တည်း ပို့လွှတ်၍ တိုက်ခိုက်သည့် နည်းလမ်းဖြစ်သည်။ မဇ္ဈိမ အင်တာနက် စာမျက်နှာသို့ DDoS ပို့လွှတ်ကာ အများဆုံး လာရောက်တိုက်ခိုက်သည့်နိုင်ငံမှာ မလေးရှားနိုင်ငံဖြစ်ပြီး အမေရိကန် နိုင်ငံမှာ ဒုတိယဖြစ်သည်။ အင်္ဂလန်၊ ကနေဒါနိုင်ငံတို့မှလည်း DDoS ပို့လွှတ်ကာ တိုက်ခိုက် လျက်ရှိနေသည်။ အိန္ဒိယနိုင်ငံတွင်း တနေရာနှင့် မြန်မာနိုင်ငံ အတွင်းမှလည်း ပို့လွှတ်တိုက်ခိုက် လျက်ရှိသည်ကို တွေ့ရသည်။ မဇ္ဈိမ အင်တာနက် စာမျက်နှာများသည် ၂ဝဝ၇ စက်တင်ဘာ သံဃာတော်များ ဦးဆောင်သော လူထုဆန္ဒပြချိန်တွင်းနှင့် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းတိုက် ခတ်မှုအပြီးနှင့် ၂၀၁၀ ရွေးကောက်ပွဲ နီးကာလများတွင် လည်းယခုကဲ့သို့ DDoS တိုက်ခိုက်မှု မျိုးကြုံခဲ့ရသေးသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်