Sunday, August 26, 2012

နိုင်ငံခြားမှာ အသက် ၄၀ ထိ နေတုန်းကတောင် မြန်မာနိုင်ငံထဲက အကြောင်း အကုန်သိပါတယ်ဆိုတဲ့ ဒေါ်စု က တနိုင်ငံထဲ၊ တပါတီထဲမှာနေပြီး မြောင်းမြ NLD ကိစ္စ မသိ ဟုဆို

Posted by drmyochit Sunday, August 26, 2012, under | No comments


နိုင်ငံခြားမှာ အသက် ၄၀ ထိ နေတုန်းကတောင် မြန်မာနိုင်ငံထဲက အကြောင်း အကုန်သိပါ တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု တစ်နိုင်ငံထဲ၊ တစ်ပါတီ ထဲမှာနေပြီး ဧရာဝတီ တိုင်းဒေသကြီး ရှိ ပုသိမ်ခရိုင်မှ (၇)မြို့နယ်အပါအ၀င်၊ ဟင်္သာတ၊ ဓနုဖြူ၊ မြောင်းမြမြို့နယ် များမှ NLD မြို့နယ်ဥက္ကဌများ နှင့်ပါတီဝင်များ အချင်းချင်း သဘောထားကွဲ စားခွက်လုကာ ချနေကြတာကို ဒေါ်အောင်ဆန်းစုကြည် မသိသေး ဘူးဆိုတဲ့ ထူးဆန်းတဲ့ သတင်း တစ်ခုကို ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ၊NLD ဥက္ကဌ ဦးတင်ဦး ကထုတ်ဖော်ပြောကြား လိုက်သည်။
အဆိုပါကိစ္စနှင့် စပ်လျှဉ်း၍ သြဂုတ်လ ၂၅ ရက်နေ့တွင် ပုသိမ်ခရိုင်မှ (၇)မြို့နယ်အပါအ၀င်၊ ဟင်္သာတ၊ ဓနုဖြူ၊ မြောင်းမြမြို့နယ် များမှ NLD မြို့နယ်ဥက္ကဌများ နှင့်ပါတီဝင်များ သည်ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပါတီဝင်များ တွေ့ဆုံကြပြီး မြို့နယ်အလိုက် ပါတီတွင်းဖြစ်စဉ်များ ကို တင်ပြ ဆွေးနွေးကြသည်။
“ဒီလိုမှညှိနှိုင်း မဆွေးနွေးရင် ပါတီဝင် လူငယ်တွေ လမ်းပေါ်ထွက် လာလိမ့်မယ်။ ပါတီတွင်းမှာ တပည့်မွေး ဆရာမွေး ကိစ္စတွေဖြစ်နေတယ်။ ဒါကို ဥက္ကဌသိအောင် ၊ပြည်သူတွေသိ အောင်လုပ်သွားမှာပါ။ အဓိကတော့ ဒီမိုကရေစီနည်းလမ်း မကျပဲ ဗဟိုဦးစီးစနစ် ချုပ်ကိုင်မှုရှိနေတယ်”ဟု ဦးတင်ဦးကဆိုသည်။ ပါတီ၏မြို့နယ် ကော်မရှင်ရွေးချယ် မှုနှင့်ပက်သက်၍ နိုင်ငံရေးအတွေ့ ရှိသောပါတီဝင် များထက်ကြားဖြတ် ရွေးကောက် ပွဲကာလ အတွင်းဝင်ရောက် လာသည့် ပါတီဝင်များအား ရွေးချယ်ခဲ့ခြင်းမှာလက်ရှိ အခြေအနေ တွင် ပါတီဝင် အချင်းချင်း တင်းမာမှုများ ရှိနေကြောင်းလည်း ၁၉၉၀ ခုနှစ်တွင် သာပေါင်းမြို့နယ် NLD လွှတ်တော် ကိုယ်စားလှယ်ဦးသန်းဝင်း ကသုံးသပ်ပြောကြားသည်။
ယင်းကပင်“လူရွေးချယ်မှုမှာ ပုဂ္ဂိုလ်ရေး တွေပါတယ်၊၈၈ တုန်းကလုပ်နေတဲ့ လူတွေထက်လော လော ဆယ် ၂၀၁၂ မှာ ၀င်လာတဲ့သူတွေ ကို ရွေးချယ်တယ်၊ ဒီကိစ္စကို ဒီမှာရှိတဲ့ ပါတီဝင် တော်တော်များများ ကမကျေ နပ်ကြ ဘူး”ဟုဆိုသည်။
ယင်းမကျေနပ် ချက်များနှင့်ပက်သက်၍ သြဂုတ်လ ၁၂ရက်နေ့တွင် မြောင်းမြမြို့၌ NLD ပါတီဝင် ၃၀၀ ခန့်က“ဗဟိုဦးစီးစနစ် အလိုမရှိ”ဟူသော ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ တိုင်း ကော်မရှင် အားဦးတည်ကာ ဆန္ဒထုတ်ဖော် မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းဆန္ဒထုတ်ဖော် မှုတွင်မြောင်းမြ မြို့နယ် ရပ် ကျေး NLD အဖွဲ့ခေါင်းဆောင်ဖြစ်သော ဦးမြင့်ကျော်နှင့် ဦးစစ်အောင်မှ ဦးဆောင်ခဲ့ကြောင်းသိရ သည်။
 တစ်နိုင်ငံလုံးက သိရှိပြီး NLD ကို စိတ်ပျက်လျှက် ရှိနေချိန်မှာတောင် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မသိသေးဘူးဆိုတာ နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တုံးလွန်း၊ အလွန်းသူ အဖြစ် လူအများက သုံးသပ်ကြသလို၊ ပြဿနာကို ဖြေရှင်းနိုင်တဲ့ အရည်အချင်း မရှိတာကြောင့် သိသိကြီးနဲ့ မသိချင်ဟန် ဆောင်နေတာ ဖြစ်နိုင်ကြောင်း ဝေဖန်ကြသူတွေလည်း ရှိပါတယ်။ NLD ပါတီ အတွင်း ရင်ကြားမစေ့နိုင်တဲ့ ကိစ္စများနဲ့ ပတ်သက်လို့ NLD ပါတီအကြောင်း အများဆုံး သတင်းရေးသား ထုတ်လွှင့်ကြတဲ့ ပြည်တွင်း ပြည်ပ စာမျက်နှာများ နဲ့ အသံလွှင့်ဌာန များက တော့ ထုတ်လွှင့်ရေးသားခဲ့ခြင်း မရှိခဲ့ပါဘူး။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်